/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, February 20, 2013

.

၂၀၁၃-၂၀၁၄ တွင် နိုင်ငံတော်သမ္မတ၏ အကောင်းဆုံးမြို့နှင့် ကျေးရွာ ဆုများ ပေးအပ်မည်


၂၀၁၃-၂၀၁၄ တွင် နိုင်ငံတော်သမ္မတ၏ အကောင်းဆုံးမြို့နှင့် ကျေးရွာဆုများကို ပေးအပ်သွား မည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးလှထွန်းက ပြောသည်။ ဖေဖော်ဝါရီ ၁၇ ရက်က ချင်းပြည်နယ်မြို့ေ တာ် ဟားခါးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရအဖွဲ့သည် ချင်းပြည်နယ် အစိုးရ အဖွဲ့နှင့် တွေ့ဆုံသည့် အခမ်းအနားတစ်ရပ်တွင် ဦးလှထွန်းက ပြောခြင်းဖြစ်သည်။

“ဒီလို သမ္မတရဲ့ အကောင်းဆုံးမြို့နဲ့ ကျေးရွာဆုတွေ ပေးခြင်းအားဖြင့် တိုင်းဒေသကြီးအလိုက် အကောင်း ဆုံးမြို့တွေ ပေါ်ထွက် လာမယ်” ဟု ယင်းက ဆက်လက်ပြောသည်။

ယင်းသို့ ပေးအပ်မှုသည် ပြည်နယ်နှင့် တိုင်းဒေသကြီး များအလိုက် ကောင်းမွန်သည့် အုပ်ချုပ်မှု ပိုမိုဖြစ်ပေါ်လာစေရေးနှင့် ဒေသဖွံ့ဖြိုး တိုး တက်ေ စရေး အတွက် ရည်ရွယ် ပေးအပ်ခြင်း ဖြစ်သည်။ “သမ္မတကြီး မိန့်ကြားတာ ရှိပါတယ်။ စိုက်ပျိုးမွေးမြူရေး တိုးတက်စေဖို့ အကောင်းဆုံး စိုက်ပျိုးမှုဆုနဲ့ အကောင်းဆုံး မွေးမြူရေးဆုကို လာမယ့် ဧပြီ ၁ ရက်မှာ ပေးပါ မယ်။ ဒီအတွက် ပြည်နယ်နဲ့ တိုင်းတွေမှာ စာရင်းဇယားယူပြီး ဆုချီးမြှင့်သွားပါမယ်” ဟု ဦးလှထွန်းက ဆက်ပြော သည်။

KOICA ၏ မြန်မာနိုင်ငံ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသူ ဒေါ်ကေသီခိုင်က “ခေါင်းေ ဆာင် တစ်ယောက် အနေနဲ့ ဒါကိုလုပ်တဲ့အတွက် အရမ်းထောက်ခံပါတယ်။ ရွာသားတွေအနေနဲ့ ဒီလို ကိစ္စတွေမှာ တက်တက်ကြွကြွ ပါဝင်သင့်တယ်လို့ မြင်ပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် ကျေးရွာတွေ ဖွံ့ဖြိုး တိုးတက် လာနိုင်ပါတယ်” ဟု ပြောပြခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ထုတ် ရန်ကုန် တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။