/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, May 15, 2012

.

မြန်အောင်မြို့ ကြံ့ခိုင်ရေးရုံးနှင့် ဟင်္သာတ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲသည့် တရားခံအား ဖမ်းမိ

မေလ(၁၃)ရက်နေ့ က တရားခံ သန်းကိုဦး မြန်အောင်မြို့ ကြံ့ခိုင်ရေး ရုံးသို့ ဝင်ရောက် ဆောင်ရွက်ခဲ့ပုံများကို သရုပ်ပြ လိုက်လံပြသနေပုံ (ဓါတ်ပုံ-Myanmar News Now)

မြန်အောင်မြို့နယ် ကြံ့ခိုင်ရေး ရုံး တွင် ၂၀-၁၁-၂၀၁၁ ရက်နေ့ ပေါက်ကွဲမှု ဖြစ်စဉ်တစ်ရပ်ဖြစ်ပွားခဲ့ရာ တရားခံအား မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ နှင့် ပြည်သူများပူးပေါင်းကာ လိုက်လံစုံစမ်းဖော်ထုတ်ခဲ့ရာ တရားခံ သန်းကိုဦး အသက် ၂၂နှစ် အား ဖမ်းမိခဲ့ပါသည်။

မြန်အောင်မြို့ ကြံ့ခိုင်ရေးရုံး ဗုံးခွဲ ခဲ့သူမှာ ဟသာင်္တခရိုင်အုပ်ချုပ်ရေးမှုး ရုံး ဗုံးခွဲခဲ့သူနှင့်အတူတူပင်ဖြစ်ကြောင်း တရားခံ ကိုယ်တိုင် ဖော်ထုတ်ပြောကြား ခဲ့ပါသည်။

ဟင်္သာတမြို့ ဗုံးဖောက်ခွဲမှုနဲ့ ပတ်သက်ပြီး မေလ(၁၃)ရက်နေ့ မှာ ဖမ်းဆီးခေါ်ဆောင် လာတဲ့ တရားခံကို ဖောက်ခွဲရေးပစ္စည်းများ၊ သိမ်းဆည်းထားရာ နေရာတွေကို လိုက်လံပြသခိုင်းတယ်လို့သိရပါတယ်။

အပေါ်ပုံမှာ တရားခံ သန်းကိုဦး မြန်အောင်မြို့ ကြံ့ခိုင်ရေး ရုံးသို့ ဝင်ရောက် ဆောင်ရွက်ခဲ့ပုံများကို သရုပ်ပြ လိုက်လံပြသနေပုံဖြစ်ပါသည်။

Myanmar News Now

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။