/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, May 15, 2012

.

ဦးဝိစာရလမ်းရှိ အလယ်ကျွန်းများ ဖျက်ခဲ့ရခြင်းနှင့်ပတ်သက်၍ မြို့တော်ဝန်ရှင်းလင်း


ဦးဝိစာရလမ်းရှိ အလယ်ကျွန်းများ ဖျက်ခဲ့ရခြင်းနှင့်ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသတင်းစာရှင်းလင်ပွဲကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီခန်းမ (၄) တွင် မေ ၁၁ ရက်က ပြုလုပ်ခဲ့ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် ယင်းဌာနမှ အရာရှိကြီးများ တက်ရောက်ခဲ့သည်။ “ယာဉ်ကြောရှင်းလင်းဖို့အတွက် လမ်းတိုးချဲ့တဲ့အခါ ဦးဝိစာရလမ်း အလယ်ကျွန်းက ရေတမာပင် ၁၆ ပင် ပါသွားပါတယ်။

အပင်ကြီးဖြစ်တော့ အမြစ်တွေက ဘယ်လိုမှ ရွှေ့ပြောင်းစိုက်လဲ မရှင်နိုင်ပါဘူး။ အပင်လတ် ခရေပင် ၁၅ ပင်ကို ရွှေ့ပြောင်းစိုက်ပါတယ်။ အပင်ခုတ်တာ လိုအပ်ချက်ရှိလို့ လုပ်ရတာပါ။ ရန်ကုန်မြို့တော်စိမ်းလန်းဖို့ စည်ပင်မှာ အများကြီးတာဝန်ရှိပါတယ်။ သစ်ပင်ကို ချစ်တဲ့စိတ်၊ မြတ်နိုးတွယ်တာစိတ် ရှိပါတယ်။ သူများခုတ်ရင် ကာကွယ်ရတဲ့သူ ဖြစ်ပါတယ်။ မတတ်သာလို့ သစ်ပင်ကိုဖယ်ရခြင်း ဖြစ်ပါတယ်” ဟု မြို့တော်ဝန် ဦးလှမြင့်က ရှင်းလင်းပြောကြားသည်။

စည်ပင်သာယာရေးကော်မတီ အနေဖြင့် နှစ်စဉ်သစ်ပင်စိုက်ပျိုးခြင်းကို ဆောင်ရွက်ပြီး စိုက်ပြီးသစ်ပင် ရှင်သန်မှု ရှိမရှိကိုပါ စစ်ဆေးကာ ယခုနှစ်မိုးရာသီတွင်လည်း စိုက်ပျိုးရန် ပြင်ဆင်ထားကြောင်း၊ စိုက်ပြီုးသစ်ပင်များ၏ ရာခိုင်နှုန်း ၇၀ ခန့်မှာ ရှင်သန်မှုရှိသည်ဟု သိရသည်။ ယာဉ်ကြောပိတ်ဆို့မှု လျော့ကျစေရန်အတွက် ဦးဝိစာရလမ်းကို တိုးချဲ့ရခြင်းဖြစ်ပြီး လမ်းတိုးချဲ့ခြင်းမပြုမီ ဧပြီ ၂၀ ရက်မှ စတင်ကာ ရှစ်ရက်ကြာ ကွင်းဆင်း၍ ဒေတာကောက်ယူခဲ့ကြောင်း၊ ဘယ်ကွေ့ကားများမှာ မလိုအပ်ဘဲ ယာဉ်ကြောပိတ်ဆို့မှုများရှိနေ၍ ယင်းသို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်ကြောရှင်းလင်းရေးအတွက် လေးလမ်းသွားကားလမ်းများတွင် လေးလမ်းစလုံး အပြည့်အဝဖွင့်နိုင်ရန်အတွက် မီးပွိုင့်များ၌ ဘယ်ကွေ့ယာဉ်ကြောနှင့် ညာကွေ့ယာဉ်ကြောများကို လမ်းချဲ့ခြင်းနှင့် လမ်းခင်းခြင်းမျာကို ဆောင်ရွက်ရန်တင်ပြပြီး ပထမဆုံးအနေဖြင့် ဦးဝိစာရမီးပွိုင့်ကို ဆောင်ရွက်ခဲ့ကြောင်း အင်ဂျင်နီယာဌာန (လမ်း၊တံတား) မှ ဌာနမှူး ဦးတင်မောင်ကြည်က ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် မေလ ၁၅ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ၊

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။