အဆိုပါ ကျောင်းခွဲ သစ်မှာ မြန်မာ နိုင်ငံတွင် ၂နှစ်တက်ရမည်ဖြစ်ပြီး ကျန် စာသင်နှစ် တစ်နှစ်ကို ထိုင်းနိုင်ငံရှိ BSM ကျောင်းတွင်ဖြစ်စေ၊ ယင်းနှင့် ချိတ်ဆက် ထားသော ဗြိတိန်၊ အမေရိကတို့မှ ကျောင်းခွဲများတွင်ဖြစ်စေ တက်ရောက် နိုင်ကြောင်း၊ စာသင်နှစ် ၂နှစ်ပြီးဆုံးပါ က BSM မှ အသိအမှတ်ပြုဒီပလိုမာ လက်မှတ်ရရှိမည် ဖြစ်ကြောင်း SR ပညာရေး သင်တန်းကျောင်းထံမှ သိရသည်။
သင်ကြားရေး ပိုင်းတွင် နိုင်ငံတကာမှ ဘွဲ့ရရှိ ထားသော မြန်မာနိုင်ငံမှ ပါမောက္ခများ အပြင် နိုင်ငံတကာမှ ဧည့်ပါမောက္ခ များကပါ လာရောက် သင်ကြား ပေးမည် ဖြစ်ပြီး အင်္ဂလိပ် ဘာသာ ဖြင့်သာ သင်ကြားပေးမည် ဖြစ်ကြောင်း ဒေါ်ရွှေရည်မွှန်းက ပြောကြားသည်။
Bangkok School of Management ကို ၁၉၉၇ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ စတင် ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာအနှံ့အပြားမှ တက္ကသိုလ်များစွာဖြင့် ချိတ်ဆက်ထား သော ကျောင်းတစ်ကျောင်းဖြစ်သည်။
အဆိုပါ ကျောင်းနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Smart Resources International Study Centre ၊ MWEA တာဝါ၊ ပထမထပ်၊ ဖုန်း- ၃၇၄၇၄၈၊ ၃၈၁၆၁၀ ကို ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်သည်။
မူရင်းသတင်းက ဒီမှာပါ၊

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။