မေလ ၃ ရက်နေ့တွင် ပုစွန်တောင်ရှိ မြန်မာ့ ဆက်သွယ်ရေး သင်တန်းကျောင်း တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ အပြီးတွင် The Voice Weekly ၏ မေးမြန်း ရာတွင် မိုဘိုင်းလ် အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ယခုကဲ့သို့ ပြန်လည်ပြောကြားခဲ့ခြင်းဖြစ်သည်။
ဖုန်းဝယ်ယူရာတွင် ပိုမိုလျင်မြန်လာစေရန် ယင်းစနစ်ပြောင်းလဲကျင့်သုံးမည်ဖြစ်ပြီး လတ်တလောတွင် ယင်း စနစ်အသုံးပြုနိုင်ရန် နည်းပညာများစီစဉ်လျက်ရှိပြီး လာမည့် ခြောက်လအတွင်း စတင်အသုံးပြုမည်ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။
ကျပ်နှစ်သိန်းဖြင့် GSM ဖုန်းများကို ဧပြီ ၉ ရက်နေ့မှ စတင်ကာ ရောင်းချစဉ်က E-lite ဖုန်းဆိုင်းများတွင် ဝယ် ယူသူများ တိုးကြိတ်နေရပြီး ဝယ်ယူရာတွင် ဖုန်းစာချုပ် ဖြည့်ရသည်မှာ အချိန်အကြာဆုံး ဖြစ်သဖြင့် နောက်ပိုင်းတွင် ဖုန်းအရင် ရောင်းပေးပြီး တစ်ပတ်အကြာမှ ဖုန်းစာချုပ်ချုပ်သည့်စနစ်ကို ပြောင်းလဲ ကျင့်သုံး ခဲ့ရကြောင်း E-lite မှ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းခင်မောင်အေးက ပြောကြားခဲ့သည်။
မူရင်းသတင်းက ဒီမှာပါ။

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။