/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Sunday, December 28, 2014

.

KIA အဖွဲ့မှ စပါးချွေလှေ့စက်အသုံးပြုသူများအား ဆက်ကြေးငွေ ဆက် လက်ကောက်ခံလျက်ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကထန်ယန်ကျေးရွာသို့ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့မှ ရောက်ရှိ လာပြီး ကျေးရွာများမှ စပါးဆက်ကြေးငွေ များကောက်ခံထား ကြောင်း ယင်းဒေသခံ ရွာသားများထံမှ သိရသည်။“ဆက်ကြေးကတော့ မကြာခဏ လာကောက်လေ့ရှိတယ်၊ အခုက စပါးပေါ်ချိန် ဆိုတော့ စပါးချွေလှေ့စက် အသုံးပြုသူတွေထံမှ ကောက်ခံ ခိုင်းတယ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးကပြောသည်။အဆိုပါအဖွဲ့အနေဖြင့် ကျေးရွာများမှ စပါးချွေလှေ့ စက်အသုံးပြုသူ တစ်ဦးလျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် ကောက်ခံ ကြောင်း ရွာသားတစ်ဦးထံမှ သိရှိရပါသည်။

“ဆက်ကြေးကောက်တော့လည်း ပေးရတယ်၊ စပါးလည်း ပေးရတယ်၊ အခု စပါးထွက်ဖို့အတွက် အသုံးပြုတဲ့ ချွေလှေ့စက်ကိုလည်း လာရောက်ကောက် တယ်ဆိုတော့ ဒေသခံရွာသားတွေမှာ အဆင်မပြေဘူး”ဟု ဒေသခံ ရွာသားတစ်ဦးကပြောသည်။ယခုလို ကျေးရွာတွေမှာ စပါးပေါ်ချိန် ချွေလှေ့စက်အသုံးပြုသူတွေ ကိုဆက်ကြေးေ ကာက်တယ်ဆိုတော့ KIA အဖွဲ့အနေဖြင့် ဒေသခံတိုင်းရင်းသားများ၏ စားဝတ်ေ နရေကြပ်တည်းအောင် လုပ်ဆောင်နေကြောင်းနှင့် ငြိမ်းချမ်းရေးအ တွက် ဒေသခံတိုင်းရင်းသားများအား အထူးမျှော်လင့်လျက်ရှိကြောင်းဖားကန့်မြို့ေ ဒသခံ ကျောက်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

စိုင်းခွန်စစ်

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။