/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Sunday, December 28, 2014

.

ရန်ကုန်အပါအဝင် ဒေသအချို့၌ အချိန်အခါမဟုတ် မိုးရွာမည်


Photo: ရန်ကုန်အပါအဝင် ဒေသအချို့၌ အချိန်အခါမဟုတ် မိုးရွာမည်
Friday, December 26, 2014

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း လေဖိအားနည်း ရပ်ဝန်းတစ်ခု အားကောင်းလာပြီး မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်သဖြင့် ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမည် ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အပါအဝင်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ပြီး မြစ်ဝကျွန်းပေါ်-မုတ္တမကွေ့နှင့် မွန်-တနင်္သာရီ ကမ်းရိုးတန်း ဒေသများတွင် အရှေ့လေပြင်းများ တိုက်ခတ်ပြီး လှိုင်းကြီးနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

“မုန်တိုင်းငယ်တစ်ခု ဖြစ်လာဖို့ အလားအလာ များပေမယ့် မုန်တိုင်းကြီးလို ထူးခြားတဲ့ အခြေအနေမျိုးတော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ကမ်းရိုးတန်း ဒေသတွေကို အရှေ့မြောက်လေပြင်းတွေ တစ်ခါတစ်ရံတိုက်ပြီး လှိုင်းကြီးနိုင်တာကိုတော့ သတိပြုရမယ်” ဟု ဦးကျော်လွင်ဦးက ဆိုသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းမှာ အားကောင်းလာပြီး မုန်တိုင်းငယ်တစ်ခု ဖြစ်လာနိုင်ခြင်းကြောင့် ရခိုင်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်ဒေသ၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် ၁ ပေမှ ၃ ပေအထိ ရှိနိုင်ပြီး ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအမြင့် ၄ ပေမှ ၅ ပေခန့် ရှိနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းပြောဆိုထားသည်။

ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် စတင်ဖြစ်ပေါ်လျက် ရှိသည့် လေဖိ အားနည်း ဆဲလ် INVEST 95 B ကြောင့် ယနေ့မှစ၍ ဒီဇင်ဘာလ ၂၇ ရက်နေ့ အတွင်း မြန်မာပင်လယ်ပြင်တွင် အနောက်တောင်ဘက်မှ လှိုင်း (အမြင့်ဆုံး ၁၇ ပေ အထိ) ရှိနိုင်သည်ကို တွေ့ရှိရသဖြင့် ကြိုတင်သတိပြုရန် လိုအပ်ကြောင်း ရာသီဥတု၊ မိုးလေဝသနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လေ့လာတင်ပြနေ သည့် MMWeather Page အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

The Voice Weekly

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း လေဖိ အားနည်း ရပ်ဝန်းတစ်ခု အားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သဖြင့် ရန်ကုန် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။


ရန်ကုန်တိုင်းဒေသကြီး အပါအဝင်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တို့တွင် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အတွင်း အချိန်အခါမဟုတ် မိုးရွာ သွန်းနိုင်ပြီး မြစ်ဝကျွန်းပေါ်-မုတ္တမကွေ့နှင့် မွန်-တနင်္သာရီ ကမ်းရိုးတန်း ဒေသများတွင် အရှေ့လေပြင်းများ တိုက်ခတ်ပြီး လှိုင်းကြီးနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

“မုန်တိုင်းငယ်တစ်ခု ဖြစ်လာဖို့ အလားအလာ များပေမယ့် မုန်တိုင်းကြီးလို ထူးခြားတဲ့ အခြေအနေမျိုးတော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ကမ်းရိုးတန်း ဒေသတွေကို အရှေ့မြောက်လေပြင်းတွေ တစ်ခါတစ်ရံတိုက်ပြီး လှိုင်းကြီး နိုင်တာကိုတော့ သတိပြုရမယ်” ဟု ဦးကျော်လွင်ဦးက ဆိုသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းမှာ အားကောင်းလာပြီး မုန်တိုင်းငယ်တစ်ခု ဖြစ်လာနိုင်ခြင်းကြောင့် ရခိုင် ကမ်းရိုး တန်း၊ မြစ်ဝကျွန်းပေါ်ဒေသ၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်း အမြင့် ၁ ပေမှ ၃ ပေအထိ ရှိနိုင်ပြီး ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအမြင့် ၄ ပေမှ ၅ ပေခန့် ရှိနိုင် ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းပြောဆိုထားသည်။

ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် စတင်ဖြစ်ပေါ်လျက် ရှိသည့် လေဖိ အားနည်း ဆဲလ် INVEST 95 B ကြောင့် ယနေ့မှစ၍ ဒီဇင်ဘာလ ၂၇ ရက်နေ့ အတွင်း မြန်မာပင်လယ်ပြင်တွင် အနောက်တောင်ဘက်မှ လှိုင်း (အမြင့်ဆုံး ၁၇ ပေ အထိ) ရှိနိုင်သည်ကို တွေ့ရှိရသဖြင့် ကြိုတင်သတိပြုရန် လိုအပ်ကြောင်း ရာသီဥတု၊ မိုးလေဝသနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လေ့လာတင်ပြနေ သည့် MMWeather Page အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

The Voice Weekly

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။