/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Sunday, December 28, 2014

.

ဘင်္ဂလားဒေ့ရှ်ရေတပ်မှ စစ်ရေယာဉ်က တိုးမြတ်အောင် ငါးဖမ်းစက်လှေအား ဖမ်းဆီးခေါ်ဆောင်



ဟိုင်လုံကုမ္ပဏီ မှ တိုးမြတ်အောင် (၉) နှင့် တိုးပွားအောင် (၈) အမည်ရှိ ငါးဖမ်း ဝါးလတ်လှေ နှစ်စင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပြင်သို့ ငါးမိုင်ခန့် ရောက်ရှိခဲ့ပြီး မောင်းနှင်နေစဉ် ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ဘင်္ဂလားဒေ့ရှ် ရေတပ် စစ်ရေယာဉ်မှ တိုးမြတ်အောင် (၉) ငါးဖမ်း ဝါးလတ်လှေအား ဖမ်းဆီး သွားခဲ့ကြောင်း၊ တိုးပွားအောင်(၈) ငါးဖမ်း ဝါးလတ်လှေမှာ မိမိနိုင်ငံ ရေပြင်အတွင်း ပြန်လည် ဝင်ရောက် ခဲ့ကြောင်း ဒေသန္တရ ငါးဖမ်းလှေများ မှ ဓညဝတီ ရေတပ်စခန်း ဌာနချုပ် သို့ သတင်းပေးပို့မှု အရ ဓညဝတီ ရေတပ်စခန်း ဌာနချုပ်မှ စစ်ရေယာဉ် တစ်စင်းကို ဖြစ်စဉ် ဖြစ်ပွားရာသို့ စေလွှတ်၍ ဘင်္ဂလားဒေ့ရှ် စစ်ရေယာဉ် နှင့်ဆက်သွယ်ပြီး တိုးမြတ်အောင် (၉) ငါးဖမ်း ဝါးလတ်လှေအား ပြန်လည် လွှတ်ပေးနိုင်ရေး ဆောင်ရွက် ခဲ့ရာ ဘင်္ဂလားဒေ့ရှ် စစ်ရေယာဉ်မှ နှစ်နိုင်ငံ ရေတပ်ချင်း ချစ်ကြည် ရင်းနှီးမှု အရ ည ၁၁ နာရီတွင် တိုးမြတ်အောင် (၉) ငါးဖမ်း ဝါးလတ်လှေအား ပြန်လည် စေလွှတ် ပေးခဲ့သည်။

အဆိုပါ ငါးဖမ်း ဝါးလတ်လှေ နှင့် လှေသား ၂၃ ဦးအား စစ်ရေယာဉ်မှ ဒီဇင်ဘာ ၂၆ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ဓညဝတီ ရေတပ်စခန်း ဌာနချုပ်၊ ဆိပ်ခံတံတား ၌ ကျောက်ဖြူခရိုင်၊ ငါးလုပ်ငန်း ဦးစီးဌာနမှ ဒု ခရိုင်ဦးစီးမှူး ဦးစံအောင်ကျော် ဦးစီးအဖွဲ့မှ တစ်ဆင့် ဟိုင်လုံ ကုမ္ပဏီ ကိုယ်စားလှယ် ဦးတင်အောင်ထွေး ထံသို့ စနစ်တကျ ပြန်လည် လွှဲပြောင်းအပ်နှံ ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်
http://myawady-myawady.blogspot.com/2014/12/blog-post_939.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။