/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Sunday, December 28, 2014

.

လိုင်ဇာဗိုလ်သင်တန်းကျောင်း တိုက်ခိုက်ခံရမှုသည် အပစ်ရပ်ရေး ခိုင်မာမှုမရှိခြင်းနှင့် ပူးတွဲစောင့်ကြည့်ရေးကော်မတီကို အသက်မသွင်းနိုင်၍ဟု ဝန်ကြီးဦးအောင်မင်းဆို


10897938_798876356852959_3655207841670809934_n

ကချင်ပြည်နယ် နှင့် ရှမ်းမြောက်ဒေသ ထိတွေ့ တိုက်ခိုက် မှုများအပါအဝင် လိုင်ဇာဗိုလ်သင်တန်း ကျောင်း တိုက်ခိုက်ခံရမှုတို့သည် အပစ်အ ခတ်ရပ်စဲရေး ခိုင်မာမှုမရှိခြင်းနှင့် ပူးတွဲစောင့် ကြည့်ရေးကော်မတီ ပီပီပြင်ပြင် အသက်မ သွင်းနိုင်၍ဖြစ်ကြောင်း ပြည်ထောင်စုဝန် ကြီး ဦးအောင်မင်းက ထောက်ပြပြောဆို လိုက်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော် ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC ) နှင့် တစ်နိုင်ငံ လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲ ရေး ညှိနှိုင်းရေး အဖွဲ့(NCCT)တို့၏ တစ် နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေးသ ဘောတူညီချက် မူကြမ်းဆိုင်ရာ လုပ်ငန်းညှိ နှိုင်း အစည်းအဝေး မိန့်ခွန်းတွင် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။


”လိုင်ဇာ ဗိုလ်သင်တန်းကျောင်း က ဖြစ်စဉ်အပါအဝင် ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသတွေက ထိတွေ့တိုက်ခိုက် မှုတွေကိုကြည့်ရင် အဲဒီဒေသတွေမှာ အပစ် အခတ်ရပ်စဲရေး ခိုင်မာအောင် မလုပ်နိုင် သေးလို့ဆိုတဲ့ အချက်ကို တွေ့ရမှာဖြစ်ပါ တယ်။ နှစ်ဖက်လိုက်နာရမယ့် စည်းကမ်း တွေကို သေသေချာချာ သတ်မှတ်ပြီး ချိုး ဖောက်မှုတွေဖြစ်လာရင် စောင့်ကြည့်ကြီး ကြပ် စိစစ်နိုင်တဲ့ ပူးတွဲစောင့်ကြည့်ရေးကော် မတီ ပီပီပြင်ပြင် အသက်သွင်းနိုင်ဖို့လိုပါ တယ်”ဟု ဦးအောင်မင်းက ပြောသည်။

NCCT အဖွဲ့ဝင် ဒေါက်တာဆ လိုင်းလျံမှုန်းဆာခေါင်းက ”တစ်ဖွဲ့ချင်းအ နေနဲ့ သဘောတူတဲ့အထဲမှာရော ကချင်နဲ့ KIO နဲ့ဆို အပစ်အခတ်ဖြေရှင်းရေး ကော် မတီတွေ ရှိတဲ့အခါမှာ ဖွဲ့ပြီးတော့ အလုပ် က သိပ်ပြီးတော့ မရှိသေးတဲ့သဘော ဖြစ်နေ တာပေါ့နော်။ နောက်ထပ် ပြဿနာမဖြစ် ဖို့အတွက်ကိုတော့ ကျွန်တော်တို့ ရှိပြီးသား ကော်မတီတွေ၊ ရှိပြီးသားအဖွဲ့တွေ အလုပ် လုပ်ဖို့၊ အသက်ဝင်ဖို့ အင်မတန်မှ အရေး ကြီးပါတယ်”ဟု ပြောသည်။

၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက် တွင် လိုင်ဇာဗိုလ်သင်တန်းကျောင်းကို တပ် မတော်ဘက်က ပစ်ခတ်မှုကြောင့် NCCT နှင် UPWC တို့အကြား တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးအတွက် တွေ့ဆုံမှုများ ရပ် တန့်သွားခဲ့ရသည်။

လိုင်ဇာပစ်ခတ်တိုက်ခိုက်မှုနောက် ပိုင်း ဒီဇင်ဘာ ၂၂ ရက်မှ ၂၃ ရက်အထိကျင်း ပသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ် စဲရေး သဘောတူညီချက် မူကြမ်းဆိုင်ရာ လုပ် ငန်းညှိနှိုင်းအစည်းအဝေးကို NCCT ဘက် မှ ခေါင်းဆောင်တချို့ မတက်ရောက်ဘဲ ဆွေး နွေးမှုအဆင့်ကို လျှော့ချခဲ့သည်။

တွေ့ဆုံပွဲတက်ရောက်သူ ဒုတိ ယအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးခွန်ဥက္ကာ က ”ကျွန်တော်တို့ရဲ့ ကိုယ်စားလှယ်အဖွဲ့ကို အဆင့်လျှော့လိုက်တယ်။ လျှော့တဲ့အပေါ် မှာ တိုင်းရင်းသား ကိုယ်စားလှယ်တွေလဲ မပါလာနိုင်တာ ဖြစ်တယ်။ နိုင်ငံရေးမှာအ ဆင့်လျှော့တာရှိသလိုပေါ့”ဟု မီဒီယာများ နှင့် တွေ့ဆုံရာတွင် ပြောသည်။

UPWC မှ နည်းပညာအထောက် အကူပြုအဖွဲ့မှ ဦးလှမောင်ရွှေက ”တိုင်းရင်း သားတွေဘက်က တောင်းဆိုတဲ့အတွက် ညှိ နှိုင်းပြီး ဆောင်ရွက်ပေးမယ်လို့ ပြောခဲ့တယ်။ တိုင်းရင်းသားတွေတောင်းဆိုတဲ့ PDSG ဆိုတာ Peace Donar Support Group ကိုပြောတာ။ အဲဒီထဲမှာ EU , UN , သြစတြေးလျ နဲ့ USAID တို့လို အစုံပါတယ်”ဟုပြောသည်။

ပြီးခဲ့သည့် ဆွေးနွေးပွဲအပြီး နှစ် ဖက် ပူးတွဲထုတ်ပြန်သည့် ထုတ်ပြန်ချက် တွင် လာမည့် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ လလယ် တွင် သတ္တမအကြိမ်မြောက် တွေ့ဆုံဆွေး နွေးပွဲ ကျင်းပသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့)တွင် ခိုင်မာ သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA လက်မှတ်ရေးထိုးနိုင်ရန် ရည်မှန်း ဆောင်ရွက်နေကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။