/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, December 23, 2014

.

လယ်ယာမြေပြဿနာဖြေရှင်းဖို့ ပဲခူးတိုင်းအစိုးရကို သူရဦးရွှေမန်း ညွှန်ကြား



ပဲခူးတိုင်း တိုင်းဒေသကြီးအစိုးရအနေနဲ့ ဒေသတွင်း လယ်ယာမြေပြဿနာတွေကို ဖြေရှင်းဆောင်ရွက်ပေး ဖို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း က ညွှန်ကြားလိုက်ပါတယ်။

သူရဦးရွှေမန်းဟာ ပဲခူးမြို့ ရွှေမော်ဓောဘုရား အနောက် ဘက်ကကွင်းမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေ၊ လယ်သမားတွေနဲ့ တွေ့ဆုံ ခဲ့ရာမှာ အသိမ်းခံထားရတဲ့ လယ်ယာ မြေပြဿနာတွေ ဖြေရှင်းဖို့ နဲ့ တောင်သူတွေ ထံ ပြန်ပေးမယ့်လယ်ယာမြေတွေကို ဥပဒေနဲ့အညီ လွှဲပြောင်းပေးဖို့ ညွှန်ကြားခဲ့တယ်လို့ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးနဲ့ မွေးမြူရေးဝန်ကြီး ဦးတင်စိုးက ပြော ပါတယ်။

" အကြောင်းကြောင်းကြောင့် တချိန်တုန်း က မြေယာသိမ်းခဲ့တဲ့ဖြစ်စဉ်တွေနဲ့ ပတ်သက် ပြီးတော့ ပြန်ပေး ကြတာပေါ့၊ ပြန်ပေးတဲ့အခါမှာ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းနဲ့ အညီပြန်ပေးနိုင်ဖို့ အတွက် ဆောင်ရွက်ပေးနိုင် ဖို့၊ ပါတီဥက္ကဌကြီးအနေနဲ့လဲ အဓိကအားဖြင့် ၇၀ ရာခိုင်နှုန်းသောတောင်သူ လယ်သမား များရဲ့အကျိုးကို ပါတီဝင်ထုတွေကနေပြီးတော့ စွမ်းဆောင်ပေးဖို့ဒါကို လမ်းညွှန်မိန့်ကြား သွားပါတယ် "

ပဲခူးတိုင်းဒေသကြီးအတွင်း သိမ်းယူခံထားရတဲ့လယ်ယာမြေဧက ၃ သောင်းနီးပါးရှိပြီး အဲ့ဒီထဲက ဧက တစ်သောင်းကျော် ကို လယ်သမားတွေထံ ပြန်လည်ပေး အပ်ခဲ့ ပြီးဖြစ်တယ်လို့ ၀န်ကြီး ဦးတင်စိုး ကပြောပါ တယ်။

တွေ့ဆုံပွဲကို ပဲခူးတိုင်းဒေသကြီး မြို့နယ် ၂၈ ခုက လယ်သမား ၇၀၀၀ ကျော် တက်ရောက်ခဲ့ကြပြီး လယ် သမားတွေက လယ်ယာမြေပြဿနာတွေအပြင် လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေရရှိရေးနဲ့ လျှပ်စစ်မီးရရှိရေး တို့ကို တင်ပြခဲ့ကြ တယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။