/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, December 23, 2014

.

သံဃာတော်အချို့ ဓမ္မကထိကဂုဏ်ကိုးပါးနှင့် မညီညွတ်ဟုဆိုပြီး တရားပွဲပိတ်ခံရ

ရန်ကုန်- ရန်ကုန်တိုင်းအတွင်း ကျင်းပလျက်ရှိသည့် တရားပွဲအ ချို့တွင် သံဃာတော်အချို့အား ဓမ္မကထိက ဂုဏ်အင်္ဂါကိုးပါးနှင့် မညီညွတ်သည့်အတွက်ဟုဆိုကာတရား ဟောကြားမည့်ဆရာတော်များကို လဲလှယ်ခိုင်း ထားကြောင်း သတင်းရရှိသည်။

ကမာရွတ်မြို့နယ်၊ (၈)ရပ် ကွက်တွင် ဒီဇင်ဘာ ၁၉ရက်က ကျင်းပခဲ့သော တရားပွဲတွင် ဓမ္မကထိက ဂုဏ်အင်္ဂါကိုးပါးနှင့်မညီ ညွတ်ဟုဆိုကာ အရှင်ခေမိန္ဒ(စစ် ကိုင်း ခင်မကန်)နှင့် အရှင်ပညာ သီဟ (ရွှေည၀ါ)ဆရာတော်နှစ်ပါး တို့ကို တရားဟောခွင့်မပြုဘဲ ဆရာတော်လဲလှယ်ခိုင်းခဲ့သည်။ အဆိုပါ ဆရာတော်စ်ပါး တရား ဟောခွင့်ကို ခရိုင်သာသနာရေးဦးစီးဌာနမှ ခွင့်မပြုခြင်းဖြစ်ကြောင်း ကမာရွတ် မြို့နယ် သာသနာရေး မှူးဦးမိုးသူကပြောသည်။

အလားတူ ကမာရွတ်မြို့ နယ်(၇)ရပ်ကွက်တွင် ဒီဇင်ဘာ ၂၉ရက်၌ စတင်ပြုလုပ်မည့် တရားပွဲတွင်လည်း အရှင်ခေမိန္ဒ (စစ်ကိုင်းခင်မကန်)ဟောကြား မည့် အစီအစဉ်ကိုလည်း လဲလှယ် ခိုင်းထားသည်။ ‘‘မြို့နယ် ကနေတစ်ဆင့် ခရိုင်ကိုတင်ပေးရတယ်။ တရားဝင်စာထုတ်ပြီးပြောတာတော့ မဟုတ်ပါဘူး။ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှာပဲ တရားပွဲ ကျင်းပတဲ့သူတွေနဲ့ ရပ်ကွက်အုပ် ချုပ်ရေးမှူးလည်း ပါပါတယ်။ ကျွန်တော်လည်း နယ်ကပြောင်း လာတာမကြာသေးတော့ ဒီမြို့ နယ်ကိုရောက်မှ ဒါမျိုးတွေကြား ဖူးတာပါ။ ကျွန်တော်လုပ်လာတဲ့ မြို့နယ်တွေမှာတော့မကြုံဖူးပါ ဘူး’’ဟု ဦးမိုးသူကဆိုသည်။

‘‘မြန်မာနိုင်ငံမှာရှိတဲ့ တိုင်း ရင်းသား ၁၃၅ မျိုးထဲမှာ တိုင်းရင်း သားတစ်မျိုးနဲ့ တစ်မျိုးပဲဖြစ်ဖြစ်၊ တိုင်းရင်းသား အချင်းချင်းဖြစ်ဖြစ် ကိုယ်မြတ်နိုးတဲ့ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်တဲ့ ဘာသာ သာသနာကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိတယ်လို့ ပုဒ်မ ၃၅၄ မှာပြဋ္ဌာန်းထားတယ်။ ဆရာတော် ကတော့ ဥပဒေက ထုတ်ထားတဲ့ အချက်တွေ မညီတာ ဘာမှမလုပ် ထားဘူး’’ဟု ရွှေည၀ါဆရာတော် က မိန့်ကြားသည်။

‘‘ဆရာတော်ကတော့ ဘာမှ မပြောလိုပါဘူး။ ဘယ်သူ့ကိုမှ လည်း အပြစ်မတင်ချင်ပါဘူး။ ကိုယ့်မှာပါတဲ့ ၀ဋ်ကြွေးရှိလို့ ပြန် ပေးဆပ်ရတယ်လို့ မှတ်ပါတယ်။ ဆရာတော်ဟောပြောခဲ့တဲ့ တရား တွေဟာ နိုင်ငံရေး တရား လား၊ နိဗ္ဗာန်ရောက်ကြောင်း တရား လားဆိုတာ တရားနာပရိတ်သတ် တွေ သိပါတယ်’’ဟု အရှင် ခေမိန္ဒ က မိန့်ကြားသည်။

ယခုနှစ်အတွင်း တရားပွဲများ တွင် မည်သည့်ဆရာတော်ကိုမျှ တ ရားဟောခွင့်ပိတ်ပင်ထားခြင်းမရှိ သလို ယခင်ဟောပြောခွင့်ပိတ် ထားသည့် ဆရာတော်များလည်း ဟောပြောခွင့်ရပြီဟု ရန်ကုန်တိုင်း ဒေသကြီး သာသနာရေးဦးစီးဌာန တိုင်း သာသနာရေးမှူးရုံးက တာဝန်ရှိသူတစ်ဦးကဆိုသည်။

‘‘ကျွန်တော်တို့ကတော့ ဘယ်ဆရာတော်မှ တရားပွဲပိတ် တာတွေမလုပ်ထားပါဘူး။ သက် ဆိုင်ရာခရိုင် မြို့နယ်တွေမှာတော့ နယ်လှည့်ဓမ္မကထိကဂုဏ်အင်္ဂါ ကိုးချက်မညီဘူး ဆိုရင်တော့ ဆရာတော်တွေပြောင်း ခိုင်းတာ၊ လဲခိုင်းတာတွေတော့ရှိမယ်။ သူတို့ကလည်း ဆရာတော်တွေတစ် ခုခုဟောလိုက်တဲ့ အခါမှာ ပြဿနာ ဖြစ်လာမှာစိုးရိမ်လို့ လုပ်တာ နေမှာပါ’’ဟု ၎င်းကဆိုသည်။

တရားပွဲကျင်းပသောသူများ အနေဖြင့်လည်း သက်ဆိုင်ရာဌာန အသီးသီးသို့ ကြိုတင်စာပို့အ ကြောင်းကြား ရပြီး ပွဲဖြစ်မြောက်ရေးအတွက်လည်း ခုနစ်ရက်သားသမီးအလှူနှင့် ကျင်းပရသည့်အတွက် မိမိတို့ကြေညာ ထားသည့်ဆရာတော်များနှင့်သာ ဆက်လက်ကျင်းပသွားမည်ဟု ကမာရွတ်မြို့နယ်(၈)ရပ်ကွက်မှ တရားပွဲ ဖြစ် မြောက်ရေးတာဝန်ခံဦးဝင်းမြင့်က ပြောသည်။

‘‘ဆရာတော်တွေ လဲလှယ် ပေးရတာဟုတ်ပါတယ်။ ဦးတို့ဆို အရှင်ခေမိန္ဒကိုတရားပွဲမလုပ်ဖြစ် ဘူးလို့ လိမ်ပြောလိုက်ရတယ်။ ဆရာတော်ကိုသွားပြီး ဘာနဲ့မညီ လို့ တရားပွဲမလုပ်ရဘူးတော့ မ ပြောရဲဘူး။ ဆရာတော်ကတော့ ရပါတယ်လို့ပြောပါတယ်။ ပထမ ဆုံးနေ့ပွဲဖြစ်လို့ ဆရာတော် ပြောင်းရတာတော့ စိတ်မကောင်းဘူး’’ဟု အမှတ်(၈)ရပ်ကွက်မှ ဦးအေးသန်းက စစ်ကိုင်းခင်မကန်ဆရာတော်ကိုလဲလှယ်ခိုင်း၍ လဲလှယ်ပေးခဲ့ရကြောင်းပြောသည်။

တရားဟော ပုဂ္ဂိုလ်များအနက် နယ်လှည့်ဓမ္မကထိက ဂုဏ်အင်္ဂါကိုးချက်နှင့်မညီသည့် ဆရာတော်စာရင်းကို တိတိကျကျထုတ်သင့်ကြောင်းအဆိုပါ အင်္ဂါရပ်နှင့်မညီသည့် ဆရာတော်များမှာလည်း မည်မျှရှိသည်ကို သက်ဆိုင်ရာဌာနသို့ ပေးထားပါက ဆရာတော်ပင့်ရာတွင်လွယ်ကူမည်ဟု တရားပွဲစီစဉ်သူများက ဆိုသည်။

နယ်လှည့်ဓမ္မကထိကဂုဏ် အင်္ဂါကိုးချက်တွင် နိုင်ငံရေး၊ စီး ပွားရေး၊ လူမှုရေးများမဟောပြော ရန်နှင့် ဓမ္မာစရိယတန်းအောင်မြင် သော နယ်လှည့်ဓမ္မကထိကဖြစ် သည့် ရဟန်းပုဂ္ဂိုလ်၊ သီလရှင် ပုဂ္ဂိုလ်သုံးမျိုးဖြစ် ရမည်စသော အချက်များပါဝင်သည်။

‘‘ဒီစာတွေကိုတော့ တရား ဟောကြားတဲ့ဆရာတော်တွေဆီ ကိုတော့ပို့ပေးတယ်။ အဓိကပြော ချင်တာ ကတော့ (၁၀)၀ါပြည့်ရ မယ်။ ဓမ္မာစရိယအောင်ရမယ်။ နိုင်ငံရေးတွေ၊ လောကီရေးရာ တွေထည့် မဟောရဘူး။ သီလ၀ံသပုဂ္ဂိုလ်ဖြစ်ရမယ်။ သင်္ဂါယနာ တော်လာအဋ္ဌကထာတွေ၊ သုတ္တန်တွေနဲ့ ဆန့်ကျက် ဘက် မပြုရဘူးပေါ့။ ဒါတွေကိုဦးတည်ပြီး ပြောထားတယ်လို့မြင်တယ်။ ဒီလို အင်္ဂါရပ်တွေသတ်မှတ်ပြီး ဟော မယ်ဆိုရင်တောင် ကောင်းပြီးအ နှစ်သာရရှိရှိ ဟောကြားနိုင်တဲ့ ဓမ္မကထိကတွေ ပိုထွက်လာဖို့ မရှိပါဘူး’’ဟု ခြောက်ထပ်ကြီး ကျောင်းတိုက်အတွင်း သီတင်းသုံးသောဆရာတော်တစ်ပါးကမိန့်သည်။

‘‘ကျွန်တော်တို့က ဆွမ်းအောင်ပွဲဓမ္မပူဇာသဘင်လုပ်လာတာ ရှစ်နှစ်ရောက်လာပြီ။ ကျောင်းတိုက် ၁၁ တိုက်က ဆရာတော်တွေကို ၀ါတွင်းဆွမ်းကပ်အလှူအောင်ပွဲအတွက် တရားပွဲ လုပ်တာပါ။ ဒီထဲမှာ ရွှေည၀ါ ဆရာတော်ကတော့ ၀ါတွင်းကာလတိုင်းဆွမ်းခံကြွတယ်။ ဆရာတော်ကို ရေစက်ချတရားပေးစေချင်လို့ ရပ်ကွက်က လှူဒါန်းသူတွေက ဆန္ဒရှိလို့လုပ်တာပါ’’ဟု ဦးဝင်းမြင့်ကဆိုသည်။

‘‘ဆရာတော်အနေနဲ့တော့ သာသနာတော်ပြန့်ပွားရေးအ တွက် လုပ်နေချိန်မှာ ဘယ်ဟာ မှားတယ်၊ မှန်တယ် ဆိုတာတော့ မပြောတတ်ဘူး။ ဒါပေမဲ့ဆရာ တော်တို့လည်းအချို့ကိစ္စတွေမှာ အလျှော့ပေး လုပ်ရတာတွေတော့ ရှိပါတယ်။ ဒီလိုမျိုးတွေသတ်မှတ် ထားတော့ ဆရာတော်တို့ဘုန်း ကြီးတွေမှာလည်း အမြင်မတူသူ တွေများပါတယ်’’ဟု ၁၁ဘွဲ့ရ ဓမ္မပါလဆရာတော်က မိန့်ကြားသည်။

မြန်မာနိုင်ငံအတွင်း တရား ဟောကြားနေသော ဆရာတော် များထဲတွင် ဓမ္မာစရိယအောင်မြင် ပြီးသော ဆရာတော်များထက် မအောင်သေးသည့်ဆရာတော် များကပိုများပြီး ဓမ္မာစရိယအောင် သော်လည်း တရား မဟောသည့် ဆရာတော်များလည်းရှိသည်။

7Day DAILY

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။