/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, July 2, 2014

.

ဓာတ်ကြိုးပြတ်ကျ၍ လူသေဆုံးမှု နောက်တစ်ကြိမ်ဖြစ်

မြောက်ဥက္ကလာမြို့ နယ်၊ (ဌ)ရပ်ကွက်၊ ပတ္တမြားလမ်း ရှိ ဓာတ်တိုင်မှ ဗို့အား ၄၀၀ ရှိ ဓာတ်ကြိုးပြတ်ကျ သဖြင့် ဓာတ် တိုင်အနီး ကန်စွန်းစိုက်ခင်းတွင် လုပ်ကိုင်နေသူ တစ်ဦး ဓာတ်ကြိုး ပတ်မိကာ ဓာတ်လိုက် သေဆုံး သွားကြောင်း သတင်းရရှိသည်။


ဇွန်လ ၃၀ ရက် ညနေ ၄ နာရီက ပတ္တမြားလမ်းရှိ ဓာတ် တိုင်ကြွေသီးအခြေမှ ဓာတ်ကြိုး ပြတ်ကျခဲ့ရာ တိုင်နှင့် အနီး ကန် စွန်းခင်းစိုက်ပျိုးရေးအတွက် သဲ အိတ်များထည့်နေသူ သုံးဦးထဲမှ တစ်ဦး ဓာတ်လိုက် သေဆုံးသွား ခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် ဇွန်လ တတိယပတ် ၁၀ ရက်အတွင်း ဓာတ်ကြိုးပြတ်ကျပြီး ဓာတ်လိုက် သေဆုံးမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ သုံးဦးထိရှိခဲ့သည်။ ဓာတ်လိုက်ပြီး သေဆုံးသူသည် ၎င်းအစ်ကို၏ ကန်စွန်းခင်းတွင် လာရောက်လုပ်ကိုင်နေသူဖြစ်ပြီး ဇနီးနှင့် သမီးငယ်တစ်ဦးရှိသည် ဟု သိရသည်။

‘‘ဖြစ်တဲ့အချိန်မှာ ကျွန်တော် ကအိမ်မှာရှိမနေဘူး။ သဲအိတ် တွေကို သုံးယောက်ထည့်နေ တာ။ ဓာတ်ကြိုးပြတ်ကျပြီး ကျွန် တော်ညီရဲ့ ဘယ်ဘက်ပခုံးပေါ်ကို ပတ်မိသွားတာလို့ပြောတယ်။ သူ့ ကံရှိလို့ ဒီလိုဖြစ်သွားတယ်လို့ပဲ မှတ်ယူပါတယ်။ အမှုဖွင့်တာတွေ မလုပ်ပါဘူး။ နာရေးအတွက် မြို့ နယ်လျှပ်စစ်က အကုန်လုပ်ပေး မယ်လို့ ပြောပါတယ်’’ ဟု သေဆုံး သူ၏ အစ်ကိုကပြောသည်။

ပြတ်ကျသော ဓာတ်ကြိုး သည် ၂၀၀၆ ခုနှစ်ကတည်းက တပ်ဆင်ထားခြင်းဖြစ်ပြီး ဓာတ် ကြိုးအကြီးစားဖြစ်ကြောင်း မြောက်ဥက္ကလာမြို့နယ် လျှပ်စစ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြင့်ဇော်ကပြောသည်။

‘‘အဲဒီဓာတ်ကြိုးက ကြိုးအ ကြီးစား။ ပြတ်ကျစရာအကြောင်း မရှိဘူး။ အဲဒီနေရာမှာ ဖြစ်လေ့ ဖြစ်ထလည်းမရှိဘူး။ သူရဲ့နာရေး အတွက်တော့ ကျွန်တော်တို့မြို့ နယ်လျှပ်စစ်က တာဝန်ယူလုပ်နေ ပါတယ်။ နစ်နာကြေးပေးတာက တော့ ရုံးချုပ်က လုပ်တာပါ။ ဒီလို ဖြစ်နေတော့ မြို့နယ်အတွင်း မှာ လျှပ်စစ်နဲ့ ပတ်သက်ပြီး လက် ကမ်းစာရွက်တွေဝေသွားဖို့လုပ် နေပါတယ်’’ဟု ဦးဝင်းမြင့်ဇော်က ပြောသည်။

ပြတ်ကျသော ကြိုးကို အစားထိုးတပ်ဆင်ပေးခဲ့ပြီး ထိုနေ့ည ၇ နာရီတွင် လျှပ်စစ်မီးများပြန်ဖွင့်ပေးခဲ့ကြောင်း ပတ္တမြားလမ်းတွင် နေထိုင်သူများကပြောသည်။

‘‘နောက်လည်းထပ်ဖြစ်နေ ဦးမှာ။ ဒီရပ်ကွက်မှာ အခုလိုမျိုး ကြိုးမကောင်းတာတွေ အများ ကြီး။ ရှော့ခ်ဖြစ်လိုက်၊ မီးလောင် လိုက်ဖြစ်နေတာကို ဖုန်းဆက် လှမ်းခေါ်မှလာတယ်။ လာလည်းကြိုးပဲပြန်ဆက်သွားတာ’’ဟု ပတ္တ မြားလမ်းနေ အသက် (၄၀) အရွယ်အမျိုးသားတစ်ဦးကပြောသည်။

လျှပ်စစ်ကြိုးများပြတ်ကျမှု ကြောင့် သေဆုံးမှုများတွင် သက် ဆိုင်ရာမြို့နယ် လျှပ်စစ်ဌာနတွင် တာဝန်ရှိပြီး တာဝန်ရှိသူများပေါ့ ဆမှုကြောင့် သေဆုံးရခြင်းဖြစ်၍ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၄(က) ဖြင့် အရေးယူဆောင်ရွက်နိုင်ကြောင်း တရားရုံးချုပ်ရှေ့နေဦးခင်ဇော် (မရမ်းကုန်း)က ဓာတ်ကြိုးပြတ် ကျ၍ ပြည်သူအချို့သေဆုံးဒဏ် ရာရရှိခဲ့ခြင်းနှင့် ပတ်သက်၍ ပြောထားသည်။

ဓာတ်ကြိုးပြတ်ကျမှုကြောင့် အလားတူ သေဆုံးမှုမျိုး ဇွန် ၂၁ ရက်က ရန်ကုန်မြို့ လှည်းတန်း ဈေးအနီးတွင် ဖြစ်ပွားခဲ့သည်။ ထိုလမ်းရှိ ဓာတ်တိုင်တစ်တိုင်မှ ဓာတ်ကြိုးပြတ်ကျပြီး ဓာတ်တိုင် အနီးရှိ ဈေးသည်အမျိုးသမီးတစ် ဦးနှင့် ဈေးဝယ်လာသူ အမျိုးသား တစ်ဦးတို့သေဆုံးခဲ့သည်။ ထို့အ ပြင် ဈေးသည် နှစ်ဦးဒဏ်ရာရကာ တစ်ဦးမှာ လက်ရှိအချိန်ထိ အ ရေးပေါ်ကုသနေရသည်။

ဇွန်လ ၂၈ ရက်ကလည်း ကျောက်တံခါးမြို့၊ ကုန်းလယ်ရှိ ကျေးရွာတွင် လယ်ယာသုံးပစ္စည်း ၀ယ်သူတစ်ဦးဆိုင်မှ အထွက်တွင် ၎င်းအပေါ်သို့ ဓာတ်ကြိုးပြတ်ကျကာနေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။

7 Day Daily

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။