/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, July 2, 2014

.

မြောက်ဦးနယ် ကုလားပုန်း ညောင်ပင်လယ်ရွာ တွင် လေဆင်နှာမောင်း တိုက်ခတ်၍ အိမ် ၄၀နီးပါးပျက်စီး



ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကုလားပုန်း ညောင်ပင်လယ် ကျေးရွာတွင် ယနေ့ နံနက်က လေဆင်နှာမောင်းတိုက်ခတ်သွားသဖြင့် အိမ် ၄၀ ခန့် ပြိုပျက်သွားကြောင်း သတင်း ရရှိသည်။


“ အိမ် ၂ ဆောင်က လုံးဝပြိုပျက်သွားပါတယ်။ အိမ် ၃၀ကျော်ရဲ့ အိမ်ခေါင်မိုးတွေ ပွင့်ထွက်သွားပြီး အချို့အိမ်တွေရဲ့ ဘေးထရံတွေ လန်ကျသွား ပါတယ်။ ဗွီဒီယိုရုံ တစ်ခု၊ ဆန်စက် နှစ်လုံး အဆောင်နဲ့ စပါးကျီ ၃ ခုလည်း ပျက်စီးသွား ပါတယ်” ဟု ကုလားပုန်း ညောင်ပင်လယ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းလှက ပြောသည်။

ယနေ့ နံနက် ၁၀ နာရီ ၁၀မိနစ်က လေဆင်နှာမောင်း လျှပ်တပြက် ၀င်ရောက်တိုက်ခတ်သွားစဉ် ထိုသို့ ပြိုပျက်သွားကြောင်း သူက ဆိုသည်။

“ ထိခိုက် ဒဏ်ရာရတဲ့သူ မရှိပါဘူး။ အိမ်တွေပျက်စီးတာလောက်ပါဘဲ။ အခုတော့ လူတွေက သူတို့ အိမ်တွေမှာ နေထိုင်နေကြပါတယ်။ လောလောဆယ်တော့ အကူအညီ ဘယ်ကမှ မရရှိသေးဘူး” ဟု ဆိုသည်။

ကိုယ်တိုင်သွားရောက် လှည့်လည် ကြည့်ရှု့ သူ တစ်ဦးကလည်း အိမ်ခြေ စုစုပေါင်း (၄၀) နီးပါးခန့် ပျက်စီးသွာကြောင်း၊ ကျောင်းခေါင်မိုးလည်း အနည်းငယ် ပျက်စီးသွားကြောင်း၊ ရွာသားများက စုပေါင်းပြီး ပျက်စီးသွာသည့် အိမ်များကို ပြန်ပြင်နေကြကြောင်း ပြောသည်။

ကုလားပုန်း ညောင်ပလယ်ရွာတွင် အိမ်ခြေစုစုပေါင်း ၃၀၀ ကျော်ရှိကြောင်း သိရသည်။

(နိရဉ္စရာ- ၁ ဇူလိုင် ၂၀၁၄)

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။