/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, July 2, 2014

.

တောင်ကြီးမြို့တွင် မြေသိမ်းခံတောင်သူ ၂၀၀ ကျော်ဆန္ဒပြ



သျှမ်းပြည် တောင်ပိုင်း မြေသိမ်းခံ တောင်သူ လယ် သမား များက တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်း တိုင်း စစ်ဌာနချုပ် (ရ.ပ.ခ)၊ သျှမ်းပြည်နယ် အစိုးရ ရုံးနှင့် သျှမ်းပြည်နယ်လွှတ်တော် ရုံးတို့တွင် အိတ်ဖွင့် ပေးစာ ပေးအပ်၍ ဆန္ဒထုတ်ဖော် သွား ကြောင်း သိရှိရသည်။


တောင်ကြီးမြို့နယ် ၊အေးသာယာ စက်မှုဇုန်၊ ညောင်ရွှေ ၊ စင့်ဟယ်၊ ရေပူရွာ၊ ကျောက်နီ၊ တောင်လေးလုံး မှလယ်ယာမြေအသိမ်းခံရ တောင်သူလယ်သမား ၂၀၀ ကျော်က “ အာဏာပိုင်များရိုးသားပါ၊ မလိုအပ်ပဲ သိမ်းဆည်းထား သောမြေများပြန်ပေး၊ တို့အိမ်များ ဖျက်ဆီးဖို့ မကြံနဲ့၊ မူလစက်မှုဇုန်ကို စီမံချက်အင်္ဂါရပ်နဲ့ အညီ ဆောင်ရွက်ပေး၊ တို့မြေတွေကိုမတရား မသိမ်းနဲ့၊ တို့လယ်ယာမြေများမတရားမရောင်းစားနဲ့” စသည့် စာတန်းပါဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဂျူလိုင်လ ၁ ရက် ယနေ့မနက်ပိုင်းက စီတန်း လှည့်လည်ဆန္ဒပြ ခဲ့ကြသည်။

“ကျမ ရဲ့ မြေကို ရ.ပ.ခ စစ်တပ်က သိမ်းတယ်။ ပြီးတော့မြေစာရင်းကသိမ်းတယ်။ ပြီးတော့ ကုမ္ပဏီတွေဆီပြန်ရောင်းစားတယ် ။ ကျမတို့ခြံမြေတွေကိုပြန်လိုချင်လို့ ကလေးတစ်ဖက်နဲ့ ဆန္ဒလာပြနေရတာပါ” ဟု ပြောင်းဖူး၊ ပဲစင်းငုံ တောင်သူလယ်သမ တစ်ဦးမှ ပြောသည်။

မြေသိမ်းခံရသောတောင်သူတချို့ ကလည်း အသိမ်းခံရ မိမိတို့လယ်မြေကို ပြန်လည်ငှားရမ်းပြီး စိုက်ပျိုးနေရကြောင်း၊ မြေသိမ်းယူသည့် သက်ဆိုင်ရာအဖွဲ့အစည်းများအား တစ်ဧက လျင် စပါး၊ပဲ၊ပြောင်း ခြံထွက်သီးနှံ ၁၄ တင်းပေးဆောင်ရကြောင်း လယ်သမားတဦးကလည်းပြောပြသည်။

မြေလျော်ကြေးပေးမည်ဆိုပါက ပြန်ရချင်ကြောင်းအဆိုပါ တောင်သူလယ်သမက သျှမ်းသံတော်ဆင့်အား ဤကဲ့သို့ပြောပါသည်။

“ ၁၉၉၀ ခုနှစ် နောက်ပိုင်းကစပြီး ခုချိန်အထိ မပြောရင် မပြောသလို အလကားပဲတင်းနဲ့ သိမ်းနေတာပဲ ။ လျော်ကြေးပေးမယ်ဆိုရင်တော့လိုချင်တာပေါ့ ၊ အခုအခြေအနေက လျော်ကြေးမပေးတဲ့ အပြင် ကျန်ရှိတဲ့ လယ်တွေကို တောင်လိုက်သိမ်းနေတယ်”

သို့သော် သမတကြီး၏ မိန့်ကြားချက်အရ တတိုင်းပြည်လုံးရှိ တပ်မတော်မှ သိမ်းပိုက်ထားသော လယ်ယာမြေများအား လယ်ပိုင်ရှင်များထံ ပြန်လည်ပေးအပ်မည်ဟု ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နှစ် အတွင်းက မိန့်ခွန်းတရပ်တွင်ပြောဆိုခဲ့ဖူးပါသည်။


သျှမ်းသံတော်ဆင့်/ ယိင်းတိုင်း

http://burmese.panglong.org/news/90-2008-08-03-06-47-55/4786-2014-07-01-16-17-44.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။