/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, June 11, 2014

.

နှစ်ပေါင်း ၆၆ အတွင်း မြန်မာနိုင်ငံတွင် အရောင်းရဆုံး ဒေါ်စုရန်ပွဲ စာစောင်



၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန်မှစပြီး နှစ်ပေါင်း ၆၆ နှစ် အတွင်း မြန်မာနိုင်ငံတွင် အရောင်းရဆုံး စာစောင်မှာ ဒေါ်အောင် ဆန်းစုကြည် နှင့် ပြည်သူဦးဆန်းလွင် တို့ ရန်ပွဲ စာစောင် ဖြစ်ကြောင်း သတင်းရရှိပါတယ်။


အဆိုပါ စာစောင်အား ဇွန်လ ၁ ရက်နေ့ ညနေတွင် အစောင် ၃ သောင်း စတင်ပုံနှိပ် ဖြန့်ချီခဲ့ရာ တမဟုတ်ချင်း ကုန်သွားသဖြင့် ဆက်တိုက် ပြန်လည် ရိုက်နိုပ်ခဲ့ရပြီး ဇွန်လ ၅ ရက်နေ့ထိ မနားတမ်းထုတ်နေရကြောင်း သိရပါတယ်။ အရေအတွက် အတိအကျကို ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း လွတ်လပ် ရေး ရပြီးနောက်ပိုင်းတွင် အရောင်းရဆုံး စာစောင်ဖြစ်ကြောင်း စာစောင် ဦးဆောင်ထုတ်ဝေသူ ဝါရင့်သတင်းစာ ဆရာတစ်ဦးမှ ဆိုပါတယ်။ 

အဆိုပါ စာစောင်ကို တစ်စောင်လျှင် ငွေကျပ် ၁၀၀ နှင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး အခုလို ရောင်းကောင်းခြင်းမှာ ပြည်တွင်း ထုတ် ဂျာနယ်/သတင်းစာ များသာမက ပြည်ပအခြေစိုက် အသံလွှင့် ဌာနများကပါ အမှန်အတိုင်း အပြည့်အစုံမဖော်ပြပဲ ဒေါ်စုဖက်သို့ အကောင်းကို ဇောင်းပေးကာ လိမ်လည် ဖော်ပြမှုများကြောင့် ဟု ၎င်းက ဆိုသည်။

ဇွန်လ ၁ ရက်နေ့က တပ်ကုန်းမြို့တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် အသက် ၇၆ နှစ်အရွယ် ဦးဆန်းလွင် တို့ အပြန်အလှန် စကားများခဲ့ကြရာ ကားပေါ်တွင် ထိုင်နေသော ဒေါ်အောင်ဆန်းစုကြည်မှ ၎င်းထက် အသက်ကြီးသော ကားအောက်မှ အဖိုးအိုကို ကပ်သီးကပ်သပ် စကားများဖြင့် စကားလုပြောခဲ့သဖြင့် လူအများမှ ရှုံ့ချခဲ့ကြပါတယ်။ 

စာသားအပြည့်အစုံကို -

http://www.myanmarexpress.net/2014/06/blog-post_5579.html မှာ ဖတ်ရှုနိုင်ပါတယ်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။