/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, June 11, 2014

.

ရတ နာပုံ တယ်လီ ပို့ မှ GSM SIM Card များ အကန့် အသတ် မရှိ အလ ကားပေး တော့မည်


10447837_645965968825589_3694712507970532001_n

မြန်မာဆက်သွယ်ရေးလုပ်ငန်း လုပ်ပိုင်ခွင့်ရရှိသည့် ကုမ္ပဏီ ၃ ခုအနက် ရတနာပုံတယ်လီပို့  အများပိုင် ကုမ္ပဏီအနေဖြင့် လာမည့် သြဂတ်လတွင် GSM Simcard များအား အရေအတွက် အကန့်အသတ်မရှိ အခမဲ့ ဖြန်ဝေပေးသွား မည်ဖြစ်ကြောင်း ရတနာပုံ တယ်လီပို့  အများပိုင်ကုမ္ပဏီမှ ဇန်နဝါရီ ၂၉ ရက်နေ့ ကသိရသည်။


ယင်းကဲ့သို့  အခမဲ့ဖြန်ဝေသည့် အခါတွင်လည်း Simcard ထဲတွင် voice Mail အပါအဝင် SMS အစောင် ၅၀ နှင့် စမ်းသပ်ခေါ်ဆိုခ မိနစ် ၂၀၀ အား ထည့်သွင်းပေးသွားမည်ဖြစ်ပြီး အခြားသော ဝန်ဆောင်မှု များကိုလည်း ပေးသွားမည်ဖြစ်ကြောင်း ရတနာပုံတယ်လီပို့  အများပိုင်ကုမ္ပဏီ မှ Board of Director ဦးရှိန်းသူအောင်က ပြောသည်။ “အရေအတွက်ကတော့ အကန့်အသတ် မရှိပါဘူး Simcard တွေကိုအခမဲ့ ဖြန့်ဝေပေးမှာပါသြဂတ် မှာဖြစ်နိုင်ဖို့ များပါတယ် ဒီထက်နောက်ကျဖို့ တော့ မရှိပါဘူး” ဟု ဦးရှိန်းသူအောင် က ဆိုသည်။

အခမဲ့ဖြန့်ဝေပေးမည့် Simcrad များအတွက် လိုင်းအရေအတွက် ၁၀ သန်းအားချထားပေးပြီးဖြစ်ပြီး အဆိုပါ Simcard များ၏ နံပတ်အလုံးရေ အရေအတွက်သည် ၉ လုံးနှင့် ၁၀ ခန့်ရှိမည်ဖြစ်ကြောင်း ဦးရှိန်းသူအောင် က ဆက်လက်ပြောသည်။

“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ချထားပေးနိုင် မယ်လို့ မျှော်မှန်း ထားပါတယ်။ ကျွန်တော်တို့အနေနဲ့ ဝန်ဆောင်မှုတွေ အနေနဲ့ ကတော့ အားလုံးထက်သာအောင်ပေး မှာဖြစ်ပါတယ် ” ဟု ဦးရှိန်းသူအောင်က ထပ်လောင်း ပြောဆိုသည်။ 

ရတနာပုံတယ်လီပို့  အများပိုင်ကုမ္ပဏီ အနေဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအား ရင်းနှီးမြှုပ်နှံရန် အတွက် ၁.၅ ဘီလီယံအား သုံးဆွဲသွားမည်ဖြစ်ကိုလည်း သိရသည်။ 

ယခင်အစိုးရ လက်ထက်က ရတနာပုံတယ်လီပို့စ် ကုမ္ပဏီသည် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်းခဲ့ပြီး အဆိုပါကုမ္ပဏီသည် အစိုးရ၏ ရင်းနှီးမြှုပ်နှံမှု တစ်ဝက်ပါဝင်နေကြောင်း သိရသည်။

By Myawady

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။