/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, June 11, 2014

.

ကလေးငယ်များကို သဘာဝ ဘေးအန္တရာယ်မှ ကာကွယ်ပေးမည့် ကျည်ကာခြုံထည်



ကျောင်းများတွင် ဖြစ်ပွားသည့် ရမ်းကား ပစ်ခတ်မှု များနှင့် သဘာဝ ဘေးအန္တရာယ် အခြေအနေများမှ ကလေးငယ်များကို ကာကွယ်ပေးနိုင်မည့် ထုတ်ကုန် တစ်မျိုးကို အိုကလားဟိုးမားပြည်နယ်ရှိ လုံခြုံရေး ထုတ်ကုန် ကုမ္ပဏီတစ်ခုဖြစ်သော ProTecht က ဖန်တီး ထုတ်လုပ်ခဲ့သည်။


Bodyguard Blanket ဟုခေါ်သည့် ခြုံထည်ကို ကျောင်းများတွင် သေနတ်ဖြင့် ရမ်းကားပစ်ခတ်မှုများ ဖြစ်ပွားသည့် အလွန်အန္တရာယ်ရှိသော အခြေအနေ မျိုးတွင် ယာယီအကာအကွယ်ပေးနိုင်ရန် ရည်ရွယ် ထုတ်လုပ် ထားခြင်း ဖြစ်သည်။ ထို့အပြင် Bodyguard ခြုံထည်သည် လေဆင်နှာမောင်းကဲ့သို့သော သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပွားသည့်အခါ အပျက် အစီးများ ပြုတ်ကျသည့် ဘေးမှ ကလေးငယ်များကို ကာကွယ်ပေးနိုင်မည် ဖြစ်သည်။

နည်းပညာပိုင်းအရ အဆိုပါ ခြုံထည်သည် ကျည်ဆန်ထိုးဖောက် ဝင်ရောက်ခြင်းကို ကာကွယ်ပေး နိုင်ကြောင်း ဆိုသည်။ ၎င်းခြုံထည်ကို စစ်တပ်နှင့် အစိုးရအရာရှိများ အသုံးပြုသည့် ကျည်ကာအကျီင်္အတိုင်း ပြုလုပ်ထားပြီး အသုံးမလိုသည့်အခါ ခေါက်ထားနိုင်မည်ဟု သိရသည်။

ကျည်ကာနိုင်သောကြောင့် Bodyguard ခြုံထည်၏ ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၁,၀၀၀ နီးပါးရှိသော် လည်း ကျောင်းများနှင့် အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းများ အတွက် သက်သာသော ဈေးနှုန်းဖြင့် ရောင်းချနိုင်ရန် မျှော်လင့်ထားကြောင်း ProTecht က ပြောကြားခဲ့သည်။

Ref: CNET

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။