/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, March 3, 2014

.

မိသားစု ၄ ဦးတောင်ယာမှပြန်လာစဉ် SSA (၀မ်ဟိုင်း) အဖွဲ့မှထောင်ထားသောမိုင်းနင်းမိ၍ အဖေနဲ့သား သေဆုံး



ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲ မြို့နယ် ၊ လွယ်အံတင်း ကျေးရွာအုပ်စု ၊ ပန်လော့ ကျေးရွာ တွင် နေထိုင်သော ဦးမောင်ဝင်း သည် ဇနီးဖြစ်သူ ဒေါ်မယ်ခမ်းဆွေ ၊ သားဖြစ်သူ မောင်ဆာ ၊ သမီးဖြစ်သူ မအေးမွန် တို့နှင့်အတူ ဖေဖော်ဝါရီ ၂၈ ရက် မွန်းလွဲပိုင်း တွင် ပန်လော့ ကျေးရွာ ၏ အနောက်ဘက် ၄ မိုင်ခန့် အကွာရှိ ၄င်းတို့၏ တောင်ယာမှ ပြန်လာရာ ကျေးရွာ အနီးသို့ ရောက် ရှိစဉ် SSA (၀မ်ဟိုင်း) အဖွဲ့မှ ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား ဦးမောင်ဝင်း က နင်းမိ ပေါက်ကွဲ ခဲ့ခြင်းကြောင့် ဦးမောင်ဝင်း ၅၄ နှစ် နှင့် သား မောင်ဆာ ၆ နှစ်တို့မှာ ရရှိ ဒဏ်ရာများဖြင့် နေရာတွင် ပွဲချင်းပြီး သေဆုံး ခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်မယ်ခမ်းဆွေ မှာ ယာဘက် ဒူးခေါင်း ပေါက်ပြဲ ဒဏ်ရာ နှင့် သမီး ဖြစ်သူ မအေးမွန် မှာ ယာဘက် လက်ခုံ မိုင်းစ ဖောက်ဝင် ဒဏ်ရာများ အသီးသီး ရရှိခဲ့သည်။

သေဆုံးသူ ၂ ဦးအား ကျေးရွာ ဓလေ့ထုံးစံ နှင့်အညီ သဂြိုဟ်ခဲ့ပြီး ဒဏ်ရာ ရရှိသူများအား ကျောက်မဲခရိုင် ဆေးရုံကြီး သို့ ပို့ဆောင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း နှင့် SSA (၀မ်ဟိုင်း) အဖွဲ့ ၏ လုပ်ရပ်များ အပေါ် ဒေသခံ ပြည်သူများက စိုးရိမ် ပူပန်လျက် ရှိကြောင်း သိရှိရသည်။


By Myawady Daily

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။