/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, March 3, 2014

.

“မင်း က ဘာမီဒီယာလဲ”ဟုဆိုကာ ရာအိမ်မှူးက သတင်းထောက်ကို လက်သီးဖြင့်ထိုး



ဒဂုံ ဆိပ်ကမ်း မြို့နယ်၊ ရပ်ကွက် တစ်ခု ရှိ တိုက်ခန်း တစ်ခန်း တွင် မီးလန့် မှု ဖြစ်ပွား သော ကြောင့် သတင်း သွားယူ သော ပြည်တွင်း မီဒီယာ တစ်ခု မှ သတင်း ထောက် တစ်ဦး ကို အဆိုပါ ရပ်ကွက် မှ ရာအိမ် မှူး တစ်ဦး က လက် သီးဖြင့် ထိုးမှု အား ဖေဖော် ၀ါရီလ (၂၈)ရက် နေ့ က အမှုဖွင့် ထား ကြောင်း ဒဂုံဆိပ် ကမ်း မြို့ မ ရဲစခန်း မှ တာဝန်ရှိ သူ တစ်ဦး က The Messenger သတင်းစာ သို့ ပြောသည်။


မီးလန့် မှုဖြစ်ပွား ရာ တိုက်ခန်း အတွင်းရှိ လျှပ်စစ်မီးဖို ကွိုင် အပူလွန် ကဲရာမှ ညှော်နံ နှင့် မီးခိုးငွေ့များ ထွက် ရှိလာသောကြောင့် ပတ် ၀န်းကျင် ပြည်သူများနှင့် ရပ်ကွက်အုပ်ချုပ် ရေး အဖွဲ့များက တိုက်ခန်း အတွင်း ၀င် ရောက် ကြည့်ရှုခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိုသို့ဝင်ရောက်ကြည့်ရှုစဉ် အဆိုပါ သတင်း ထောက် က သတင်းဓာတ်ပုံရိုက်ကူးသည်ကို မကျေနပ်သဖြင့် ရပ်ကွက်နေအိမ်မှူးတစ်ဦး နှင့် သတင်း ထောက် တို့ စကား များ ခဲ့ကြောင်း၊ ထိုသို့စကားများစဉ် ရာအိမ်မှူးဖြစ်သူက “မင်း က ဘာမီဒီယာ လဲ”ဟု ပြောဆို ၍ လက်သီးဖြင့် ထိုးခဲ့သောကြောင့် သတင်းထောက်ဖြစ်သူမှာ ဦးခေါင်းနောက်ဝဲဘက် နာကျင် ဒဏ်ရာရရှိပြီး၊ သင်္ဃန်းကျွန်း စံပြ ဆေးရုံတွင် ပြင်ပလူနာ အဖြစ် ကုသခဲ့ရသောကြောင့် ရာအိမ်မှူး ဖြစ်သူ ကို အရေး ယူပေးရန် သတင်း ထောက် ဖြစ် သူ က တရားလိုပြုလုပ်တိုင်တန်းခဲ့ကြောင်း ရဲမှတ် တမ်းတွင် ဖော်ပြထားသည်။

အမှုတော့ ဖွင့်ထားပါတယ်။ အာမခံ ပေးလို့ရတဲ့ အမှုဆိုတော့ သူတို့ တရားရုံးမှာပဲ ဆက်ရင်ဆိုင်ရမှာပါ ဟု ဒဂုံဆိပ်ကမ်းမြို့မရဲ စခန်းမှ တာဝန်ရှိသူရှိသူတစ်ဦးက ပြောသည်။ ယင်းဖြစ်စဉ် အား ဒဂုံဆိပ်ကမ်းမြို့မ ရဲစ ခန်း တွင် (ပ) ၆၉/၁၄ ပြစ်မှု ပုဒ်မ ၂၉၄/ ၃၂၃ ဖြင့် ဖေဖော်ဝါရီလ (၂၈) ရက် ည (၁၁) နာရီ ခွဲ အချိန်တွင် အမှု ဖွင့် ပြီး အမှုစစ်ဒုရဲအုပ် ကျော်ကျော်ဝင်းက စစ်ဆေးဆောင်ရွက်နေ ကြောင်းပထမ သတင်း ပေးချက် အရ သိရ သည်။ 

The Messenger

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။