ဘင်္ဂါလီတွေဟာ မြန်မာတိုင်းရင်းသား တစ်မျိုး မဟုတ် သလို အရင်ကလည်း မြန်မာတိုင်းရင်သား
တစ်မျိုး မဟုတ်တာကို ဥပဒေအရ ဘယ်သူမှ မငြင်းနိုင် ပါဘူး။
ဒါပေမဲ့ ဟိုးနှစ်ပေါင်းများစွာကတည်းက ၎င်းတို့ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း အထူးသဖြင့်
မောင်တော နဲ့ ဘူးသီးတောင်မှာ တရားမ၀င် အခြေချလာခဲ့ကြ ပါတယ်။
အဲဒီလို ရခိုင်ပြည်နယ်အတွင်းကို သူတို့တွေ ခိုးဝင် နေထိုင်နေတာကို တားဆီးဖို့အတွက် မြန်မာ
အစိုးရက အမိန့်ချလိုက်တဲ့အခါမှာ မွတ်စလင်တော်တော်များများဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို
ထွက်ပြေး သွားခဲ့ကြ ပါတယ်။
အဲဒီအချိန်တုန်းကဆိုရင် မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကြားမှာ ဆွေးနွေးမှုတွေ မရေမတွက်
နိုင်လောက်အောင် အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြပါတယ်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ အစီအစဉ် တစ်ခုအရ မြန်မာအစိုးရ
ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ သူတချို့ကို မြန်မာနိုင်ငံမှာ ပြန်လည်နေရာချ
ထားပေးခဲ့ ပါတယ်။
သူတို့တွေ နှစ်ပေါင်းများစွာက ခိုးဝင်နေထိုင်ခဲ့တဲ့နေရာတွေမှာ သူတို့ကို နေရာပြန်ချထား ပေးခဲ့ပါ
တယ်။
လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနက မွတ်စလင်တွေအဆင်ပြေစေဖို့အတွက်
သူတို့ကို ယာယီနေထိုင် ခွင့်ထုတ်ပေးခဲ့ပါတယ်။
ယာယီနေထိုင်ခွင့်ကို UNHCR နဲ့ တခြား အင်န်ဂျီအိုတွေက စီစဉ်ပေးခဲ့ပြီး အဲဒီမွတ်စလင်တွေဟာ
အခုအချိန်အထိ ဒီမှာနေထိုင်ခွင့်ရှိဆဲပါ။
ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ ၁၉၄၈ ခုနှစ် နိုင်ငံသားဖြစ်မှု အက်ဥပဒေကို အစားထိုးကျင့်သုံးထားတဲ့
၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ နေထိုင်ခွင့်လက်မှတ်မရှိတဲ့သူ ဘယ်သူမဆို မြန်မာနိုင်ငံသား
မဟုတ်ပါဘူး။
ဒီဥပဒေရဲ့ ပုဒ်မ ၃ အရ မြန်မာနိုင်ငံအတွင်းမှာ ၁၈၂၃ ခုနှစ် မတိုင်ခင်ကတည်းက အခြေချနေထိုင်ခဲ့
တဲ့ လူမျိုးစု တွေသာလျှင် အလိုအလျောက် မြန်မာနိုင်ငံသားဖြစ်ခွင့်ရှိပါတယ်။
ပြီးတော့ မြန်မာနိုင်ငံသား မိဘနှစ်ပါးက ဖွားမြင်တဲ့ မည်သူ့ကို မဆို နိုင်ငံသားအဖြစ် သတ်မှတ်တယ်
လို့လည်း ပုဒ်မ ၅ မှာ ဖော်ပြထားပါတယ်။
ဒီဥပဒေမှာ အကျုံးဝင်တဲ့ကာလအတွင်းမှာ ပါဝင်တဲ့ နိုင်ငံသားတွေဟာလည်း နိုင်ငံသားတွေ ဖြစ်ပါ
တယ်။
ဒီဥပဒေရဲ့ နောက်ဆက်တွဲကဏ္ဍ အပိုင်း ၇ မှာလည်း နိုင်ငံသား၊ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသား ပြုခွင့်
ရသူ အဖြစ် လျှောက်ထားနိုင်ပုံတွေကိုလည်း ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။
အဲဒီဥပဒေအရ လူတစ်ဦး နိုင်ငံသားဖြစ်မှု၊ ဧည့်နိုင်ငံသားဖြစ်မှု ဒါမှမဟုတ် နိုင်ငံသားပြုခွင့်ရသူဖြစ်မှု
နဲ့ စပ်လျဉ်းပြီး ဆုံးဖြတ်ချက် ချမှတ်ပေးဖို့အတွက် ဥပဒေအရ ဗဟိုအဖွဲ့တစ်ဖွဲ့ကို လုပ်ပိုင်ခွင့်အာဏာ
ပေးထားပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်မတိုင်ခင် ကလေးတွေနဲ့အတူ ခြေချနေထိုင်ခဲ့
သူတွေ ဒါမှမဟုတ် မြန်မာနိုင်ငံရောက်မှ မွေးဖွားသူတွေဟာ ခိုင်မာပြီး ပြည့်စုံလုံလောက်တဲ့
သက်သေ အထောက်အထားတွေပြပြီး နိုင်ငံသားပြုခွင့် လျှောက်ထားနိုင်ပါတယ်။
ဘင်္ဂါလီကိစ္စကတော့ ၁၉၄၈ ဥပဒေအရ ရော ၁၉၈၂ ဥပဒေအရပါ မကိုက်ညီတာကို အထင်အရှား
တွေ့ရ ပါတယ်။
ဒါက သူတို့တွေ မြန်မာနိုင်ငံသားဖြစ်လာခွင့် မရှိတဲ့ အဓိကအချက်ပဲ ဖြစ်ပါတယ်။
၂၀၀၁ ခုနှစ်မှာ ရှေ့နေချုပ်ရုံးကနေ အငြိမ်းစားယူပြီးတဲ့နောက်မှာ ကျွန်တော်ဟာ ရခိုင်ပြည်နယ်
မြောက်ပိုင်း မှာ ပြန်လည်လက်ခံရေးလုပ်ငန်းတွေကို စီမံခန့်ခွဲ ကြီးကြပ်ပေးရတဲ့ UNHCR၊ လူဝင်မှု
ကြီးကြပ်ရေး နဲ့ အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနစီမံကိန်းရဲ့ စီမံချက်မန်နေဂျာ အဖြစ် တာဝန်
ထမ်းဆောင် ခဲ့ပါတယ်။
ဒါကြောင့် အဲဒီမွတ်စလင်တွေ ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်အတော်လေး သိထားခဲ့တာပါ။
သူတို့တွေဟာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက တရားဝင် အထောက်အထား တစ်ခုမှ
မရှိဘဲ ရခိုင် ပြည်နယ် မြောက်ပိုင်းမှာ ၀င်ရောက် နေထိုင်ခဲ့ကြတာပါ။
ဒါကြောင့် အစိုးရက သူတို့ကို နိုင်ငံသားအဖြစ်သတ်မှတ်ဖို့ မစဉ်းစားတာဟာ ဥပဒေအရ
ရာနှုန်းပြည့် မှန်ပါ တယ်။
(ဦးညီညီသည် နိုင်ငံတကာ ဥပဒေအကြံပေး တစ်ဦးဖြစ်ပြီး ရှေ့နေချုပ်ရုံး၏ ညွှန်ကြားရေးမှူးဟောင်း
တစ်ဦး လည်း ဖြစ်သည်။)
သီရိမင်းထွန်း ဘာသာပြန်သည်။
Myanmar Times
I was surprise to find out that many kular living in Rakhine state cant speak Burmese nor rakhinese.
ReplyDeletefuck allah
ReplyDelete