/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, January 29, 2014

.

ကျွန်တော့် အထင်တော့ နိုင်ငံရေး ကထင်သလောက် မရိုးဘူး



ဒေါ်အောင်ဆန်းစုကြည် က သမ္မတ ဖြစ်ချင်တယ်လို့ ပြောတယ် ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ က ၅၉(စ) ကို ပြင်ရမယ် ။ ဒါဟာ သူ့ကို သမ္မတ ဖြစ်ခွင့် မရှိအောင် ပိတ်ပင်ထားတာ လို့ ဆိုလိုက်တယ် ။ အဲဒီတော့ sensitive point ဖြစ်လာတယ် ။ ဒီမိုကရေစီသမားတွေ က ၅၉ ပြင်ဆင် ဖို့ ထောက်ခံတယ် ၊ အမျိုးသားရေးသမားတွေက ၅၉ မပြင်စေချင်ဘူး ။ (ကျွန်တော့် အမြင်သက်သက် ပါ ) အဲဒီမှာ interest ၂ ခု ကွဲ သွားကြ တယ် ။ သာမာန် သူလို ငါလိုလူတွေလည်း ထောက်ခံသင့်တယ် ၊ မထောက်ခံသင့်ဘူး အုပ်စုထဲမှာ အင်အားတစ်ခု အနေနဲ့ ဝင်သွား ကြတယ် ။


အစက ဒေါ်အောင်ဆန်းစုကြည် ဟာ ၂၀၁၅ သမ္မတဖြစ်ချင်တယ် ပြောတယ် ။ ဖွဲ့စည်းပုံပြင်နိုင် ပါ့မလား ၊ မပြင်နိုင်ခဲ့ရင် ဘယ်လိုလုပ်မလဲဆိုတဲ့စိုးရိမ်စိတ် ဖြစ်မိသေးတယ် ။ နောက်တော့ သဘောပေါက်လာတယ် ။ ဒေါ်အောင်ဆန်းစုကြည် အောက်ဖဲ မှောက်ပီး ရှိုးခေါ်နေတာ ။ မြန်မာ နိုင်ငံရဲ့ ဥပဒေ အရ သူ မနိုင်နိုင်ဘူး ဆိုတာ သူမသိပဲတော့ နေမယ်မထင် ။ ဒါပေမဲ့ သူ့မှာ စန်းရှိတယ် ။ အဲဒီတော့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆိုတဲ့ ခေါင်းစဉ် နဲ့ ပြင်ဆင်ဖို့ ထောက်ခံသူရော ၊ မထောက်ခံ သူတွေ ရောရဲ့ interest ကို စ ယူလိုက်တယ် ။

၂၀၁၃ အစောပိုင်း ကာလတွေမှာ သမ္မတ နဲ့ ဒေါ်စု ဟာ လူထုစိတ်ဝင်စားမှု လယ်ဗယ်တူလောက် ရှိတယ် ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပက်သက်ပြီး အကွက်ရွှေ့ လိုက်တဲ့ နောက်ပိုင်း ဦးသိန်းစိန် လူထုရဲ့ အာရုံမှာ မှိန်သွားတယ် ။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးရေချိန်မြှင့် လိုက်တဲ့ အကွက်ပဲ ။ ဖွဲ့စည်းပုံ အတိုင်း၊ လှေကြီးထိုးရိုးရိုးတိုင်း ဒေါ်အောင်ဆန်းစုကြည် ဆက်သွား ။ တိုင်းရင်းသားပါတီတွေ က သူ့ဒေသ မှာအများနိုင်မှာ ။ ပြည်တွင်းမှာလည်း သမ္မတပေါ် လူထု စိတ်ဝင်စားမှု တစိတ်တစ်ပိုင်း ရှိတယ် ။ တခြား ပါတီတွေလည်းရှိသေးတယ် ။ အလွန်ဆုံး နိုင်လှ ၆၀ ဝန်းကျင်ပဲ ။ အဲဒီတော့ ဘာလုပ်မလဲ ။ ဖွဲ့စည်း ပုံ ပြင်ဆင်ရေး ကာဗာ နဲ့ လိုက်ဖဲ တွေ ခေါ်တယ် ။ ပေါ်တင်ကြီး ၂၀၁၅ အတွက် စည်းရုံးရေး ဆင်းတယ်ဆိုရင် အပြိုင်အဆိုင် ပါတီ တွေ လိုက်စည်းရုံး ကြမှာပေါ့ ။ အဲဒီတော့ ဖွဲ့စည်းပုံပြင်ဆင်ရေး ခေါင်းစဉ် ယူလိုက်တယ် ။ ဒါပေမဲ့ ၂၀၁၅ အောင်နိုင်ရေး က အဓိက ။ ဖွဲ့စည်းပုံအောက်က နေ ပြင်မရဘူး ဆိုတာ ဒေါ်စု က မသိပဲနေမလား ။ငတုံး မှ မဟုတ်တာ ။

ပြောင်းပြန် ပြန်စဉ်းစား ဖွဲ့စည်းပုံကို ဒေါ်အောင်ဆန်းစုကြည်က ပါဝါ အသာ နဲ့ အပေါ် က နေ ပြင် လိမ့်မယ် ။ အဲဒါ ဆိုရင် လွှတ်တော် ၃ ရပ်မှာ အင်အားစုရှိနေဖို့လိုတယ် ။ လွှတ်တော် ၃ ရပ်မှာ ကိုယ် က ဦးစီးပီး အခြေခံ ဥပဒေ ခုံရုံး အတွက်လူပေးဖို့ လိုတယ် ။ ၂၀၁၅ အကြိုမှာ sensitive point က ၅၉(စ)ဆိုရင် ... ၂၀၁၅ အလွန်ကာလမှာ sensitive point ဖြစ်လာနိုင်စရာရှိတာ သည် ၃၄၂ ပဲ ။ လွှတ်တော် တွင်းမှာ majority ဖြစ်ခဲ့ရင် ၃၄၂ ကို ကိုင်ပီး ဖွဲ့စည်းပုံကို အပေါ် က နေ ပြင်ပြ လိမ့်မယ် ။

၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်သေးမယ်မထင်ဘူး ။ ၂၀၂၀ ဆိုရင်တော့ ဖြစ်နိုင်ချေ က အတော်လေးနီးစပ် တယ်ထင်တယ် ။ တနည်းအားဖြင့် ဒီ အယူအဆ ဟာ ကြံခိုင်ရေး ရဲ့ PR စနစ် အဆိုနဲ့ မိတ်ဆက်ခြင်းရဲ့ အဖြေ ဖြစ်နိုင် သလို ၊ ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ကာချုပ်နဲ့ တွေ့ ချင်လဲ ဆိုတဲ့ အမေးရဲ့ အဖြေလည်းဖြစ်နိုင်တယ် ။

အခု ပြောတာတွေက ကျွန်တော့် အတွေးသက်သက်ပါ ။ ၂၀၁၅ အလွန်မှာ ပုဒ်မ ၃၄၂ က ပေါ်ပြူလာ ဖြစ်လာရင် ၊ ၂၀၁၅ နဲ့ ၂၀၂၀ ကြား ဒေါ်အောင်ဆန်းစုကြည် တပ်မတော် သားတွေ ကို ဦး ၅ ဝင်လာရင် ။ အခုအယူ အဆ မှန် ပါလိမ့်မယ် ။ ဒေါ်အောင်ဆန်းစုကြည် ခြေလှမ်း ဟာ .. သမ္မတ ပြီးမှ ပြင်ဆင်ရေး မဟုတ်ပါ ။အခြေခံဥပဒေ ပြင်ဆင်ရေးပီးမှ သမ္မတ လို့ ယူဆရပါတယ် ။

ရုပ် ဆိုး

From : https://www.facebook.com/photo.php?fbid=261241417376630&set=a.207766569390782.1073741828.207763009391138&type=1

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။