/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, January 29, 2014

.

ရေပေါ် ဟိုတယ် သင်္ဘော ယခုနှစ် အတွင်း ဖွင့်လှစ် နိုင်ရန် စီစဉ်


1613782_700127680007494_709785900_n

ဧရာဝတီမြစ်ကြောင်း အတွင်း ခုတ်မောင်းပြေးဆွဲမည့် ကြယ်တစ်ပွင့် အဆင့်ရှိ ရေပေါ်ဟိုတယ် သင်္ဘောကို ယခုနှစ်အတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း အဆိုပါ ဟိုတယ် တည်ဆောက်နေသည့် ဂျီစီမြန်မာ ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးထွန်းထွန်းက ပြော ကြား သည်။


မန္တလေးမြို့တော် ချမ်းအေးသာစံ မြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကမ်းဘေး ထင်းဝင်း ဆိပ်တွင် တည် ဆောက်လျက် ရှိသည့် အဆိုပါ ဟိုတယ်သင်္ဘောကို ကျွန်းနှင့် သစ်မာနှစ်မျိုးသာ အသုံးပြု၍ ၂၀၁၃ ခုနှစ် မတ်လက စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ဟိုတယ်သင်္ဘော ပေါ်တွင် အခန်းပေါင်း ၃၉ ခန်းအပြင် မင်္ဂလာ ဧည့်ခံပွဲနှင့် မွေးနေ့ပွဲများ ပြုလုပ် နိုင်သည့် ခန်းမတစ်ခု ပါရှိမည်ဖြစ်ပြီး ယင်းဟိုတယ်ကို သုံးထပ်ရွေ့လျားဟိုတယ် အဖြစ် တည်ဆောက်မည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။

“ဖိုက်စတား ဟိုတယ်တွေ ကိုတော့ မယှဉ်နိုင်ဘူး ပေါ့လေ။ ဒါပေမဲ့ ဟိုတယ်တစ်ခုမှာ ရှိသင့်ရှိထိုက်တဲ့ ဝန်ဆောင်မှုတွေကို ပေးသွားမှာပါ။ ဟိုတယ်မှာ လာရောက် တည်းခိုတဲ့ ခရီးသည်တွေ အတွက် မန္တလေး -မင်းကွန်း-ရွှေကြက်ယက် တို့မှာ နေဝင်ဆည်းဆာကြည့် ခရီးစဉ်တွေကို အခမဲ့ ဝန်ဆောင်မှု ပေးသွားမယ်။ ဟိုတယ်မှာ မတည်းဘဲ နေဝင်ဆည်းဆာကြည့် ခရီးစဉ်ပဲ လိုက်ချင်တဲ့သူတွေ အတွက်တော့ အခကြေး ငွေ ယူမယ်” ဟု ၄င်းက ဆိုသည်။

အဆိုပါ ဟိုတယ်တွင် တည်းခိုမည့် ပြည်ပခရီးသည် များကို နိုင်ငံခြားငွေဖြင့်သာ ပေးဆောင်ရန် သတ်မှတ် ထားပြီး ပြည်ပခရီးသည် များကို အဓိက ဆွဲဆောင်နိုင်မည့် မြန်မာ့ရိုးရာပန်း ၁၀ မျိုး အနုပညာ လက်ရာ များ၊ ခေတ်လေးခေတ်ကို ပုံဖော် ထားသည့် ပန်းချီ၊ ပန်းပုများကို အသုံးပြု သွားမည်ဖြစ်ကြောင်း မြန်မာ့ ရုပ်သေး အနုပညာ၊ မြန်မာ့သိုင်းပညာနှင့် မြန်မာ့ရိုးရာ ခြင်းအလှခတ်ခြင်း တို့ကိုပါ ဖျော်ဖြေ တင်ဆက်ရန် စီစဉ်ထားကြောင်း ၄င်းထံမှ သိရသည်။

နိုင်ငံခြားသား ခရီးသည် တိုးလာသဖြင့် ရေလမ်းကြောင်းဖြင့် သွားလာမှု များပြားလာရာ မင်းကွန်း-မန္တလေး ပြေးဆွဲမည့် မော်တော်စင်းရေ တိုးလာကြောင်းလည်း ဧရာဝတီမြစ် မရမ်းခြံဆိပ်ကမ်း အခြေပြု စီးပွားရေး လုပ်ကိုင်နေသူများထံမှ သိရသည်။

ယခု တည်ဆောက်နေသည့် ရေပေါ် ရွေ့လျားဟိုတယ် သင်္ဘောမှာ ဧရာဝတီမြစ် အတွင်း ပထမဆုံးသော ရွေ့လျားဟိုတယ် သင်္ဘောဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။