/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, January 29, 2014

.

ဒေါ်အောင်ဆန်းစုကြည်အား ဘီဂျင်းသို့ တရားဝင်ဖိတ်ကြားတော့မည်ဟု တရုတ်သံအမတ်ကြီး ပြောကြား



(South China Morning Post မှ 26 Jan 2014 ရက်စွဲပါ “Suu Kyi will be invited to Beijing , says China’s ambassador to Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား တရုတ်ပြည် ဘီဂျင်းသို့ တရားဝင် ခရီးစဉ် ဖိတ်ကြားရန်အတွက် အချိန်ကိစ္စတစ်ခုသာ ညှိနှိုင်းရန်ကျန်တော့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ရန်ဟိုလန် က ပြောကြားသည်။


ဒေါ်အောင်ဆန်းစုကြည် ကလည်း “သူမအနေဖြင့် မြန်မာနိုင်ငံအပေါ် နိုင်ငံရေး၊ စီးပွားရေး သြဇာ လွှမ်းမိုး ထားဆဲ တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်လိုကြောင်း၊ သို့သော် ဖိတ်ကြားမှုသည် တရုတ်အစိုးရထံမှ လာသင့် ကြောင်း” ပြောဆိုထားသည်။

တရုတ်နိုင်ငံမှ အစိုးရတစ်ပိုင်း အဖွဲ့အစည်းများ၏ ယခင်ဖိတ်ကြားမှုများကို ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆန်ခဲ့သည်။ တရုတ်သံအမတ်ကြီး ရန်ဟိုလန် က “ဘီဂျင်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သော အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီ အားလုံးနှင့် ဆက်လက်ထိတွေ့ ဆက်ဆံသွားမည် ဖြစ်ကြောင်း၊ အစီအစဉ်များ အတည်မပြုရသေးသော်လည်း နှစ်ဖက် စလုံးအဆင်ပြေသည့် အချိန်တွင် ဒေါ်အောင်ဆန်းစုကြည် အား တရားဝင်ဖိတ်ကြားမှု ထွက်ပေါ်လာမည် ဖြစ်ကြောင်း ” ရှင်းလင်းပြောဆိုသည်။

“ကျွန်တော်ဒီမှာ တာဝန်ထမ်းဆောင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အကြိမ်ပေါင်းများစွာ တွေ့ဆုံ ခဲ့ပါ တယ်။ သူမရဲ့ နိုင်ငံတကာ ကျော်ကြားမှုအဆင့်အတန်းနဲ့ မြန်မာတွေအကြား ရေပန်းစားမှု အခြေအနေ တွေကြောင့် တရုတ်နိုင်ငံရဲ့ ဖိတ်ကြားမှုဟာ အချိန်ကိစ္စတစ်ခုပဲ ကျန်ပါတော့တယ်” ဟု ရန်ဟိုလန်က ဆက်လက် ပြောကြားသည်။

၂၀၁၁ နှစ်ကုန်ပိုင်းတွင် တရုတ်သတင်းမီဒီယာနှင့် အင်တာဗျူးပြုလုပ်ပြီးနောက် တရုတ်နိုင်ငံသို့ သူမ သွားရောက် လည်ပတ်မည်ဟူသော မှန်းဆချက်များ စတင်ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

မနှစ်က ဇန်နဝါရီလ တောင်ကိုရီးယားခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံသို့ မကြာမှီ အတော အတွင်း သွားရောက်လည်ပတ်ရန် မျှော်လင့်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အတိုက်အခံပါတီနှင့် တရုတ်နိုင်ငံတို့အကြားမှ ဆက်ဆံရေးသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများ မတိုင်မှီ ပိုမိုရင်းနှီးမှုရှိအောင် နှစ်ဖက်စလုံးက လိုလားကြပုံ ရခြင်း ကြောင့် မနှစ်က သိသိသာသာ တိုးတက်လာခဲ့သည်။

NLD ပါတီဖက်မှလည်း မနှစ်ကတရုတ်နိုင်ငံသို့ ကိုယ်စားလှယ်အဖွဲ့ လေးဖွဲ့ စေလွှတ်ခဲ့သည့်အပြင် မကြာ သေးမှီ ဒီဇင်ဘာလအတွင်းက ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည် စိတ်ချရသူ တစ်ဦးဖြစ်သည့် ပါတီအတွင်းရေးမှူး ဦးဥာဏ်ဝင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ လာရောက်ခဲ့ သည်။

တရုတ်သံအမတ်ကြီး ရန်ဟိုလန် က “အခြေအနေအသစ်၊ ဖြစ်ရပ်အသစ်မှာ နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်ရေး၊ ဆက်လက်မြှင့်တင်သွားဖို့ နည်းလမ်းတွေနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ အမြင်တွေကို ကျွန်တော်တို့ ကလည်း နားထောင်ဖို့ စိတ်ဝင်စားနေပါတယ်” ဟု ပြောကြားသည်။

မြန်မာအာဏာပိုင်များ၏ ဒီမိုကရေစီ အမှန်တကယ်လိုလားမှုကို ပီပီပြင်ပြင် စမ်းသပ်မည်ဟု ယူဆရသော ၂၀၁၅ ရွေးကောက်ပွဲများတွင် အာဏာရပြည်ခိုင်ဖြိုးပါတီနှင့် ယှဉ်ပြိုင်သည့်အခါ ပြတ်ပြတ်သားသား အနိုင်ရ လိမ့်မည်ဟု NLD ပါတီက မျှော်လင့်လျက်ရှိသည်။

သမ္မတဦးသိန်းစိန်ကလည်း ဒေါ်အောင်ဆန်းစုကြည် ကို ရည်ညွှန်းသည့်အနေဖြင့် မည်သည့်နိုင်ငံသားမဆို နိုင်ငံခေါင်းဆောင်ဖြစ်လာနိုင်ရန်အတွက် အခြေခံဥပဒေပြင်ဆင်ခြင်းကို ထောက်ခံကြောင်း ထုတ်ဖော် ပြောဆို ထားသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။