/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, December 30, 2013

.

NLD အခြေခံဥပဒေ ပြင်ဆင်ချက်တွင် ဗဟိုအစိုးရ လုပ်ပိုင်ခွင့်များ လျှော့ချ ထားဟုဆို


996085_685478884805707_167419968_n

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ပြင်ဆင်ထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ချက် များတွင် ဗဟိုအစိုးရ၏ လုပ်ပိုင်ခွင့်နှင့် ချုပ်ကိုင်မှု များ လျှော့ချနိုင်မည့် ပုဒ်မများကို အများဆုံး ထည့်သွင်း ထားကြောင်း NLD ပါတီ ဗဟိုကော်မတီဝင် ဦးဝင်းမြင့် က ပြောကြားသည်။


NLD ပါတီ၏ အခြေခံဥပဒေ ပြင်ဆင်ချက် ၁၆၈ ချက်တွင် တိုင်းရင်းသား ဒေသများ၏ လုပ်ပိုင်ခွင့် ပိုမိုရရှိစေမည့် အချက်အများဆုံး ပါဝင်ကြောင်း ၎င်းက ဆိုသည်။

“ဖက်ဒရယ်စနစ်နဲ့ မကိုက်ညီတဲ့ အချက်တော်တော်များများ ကို ပြင်ဆင်ထားပါတယ်” ဟု ၎င်းကဆိုသည်။

NLD ပါတီသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အခန်း၁၄ ခန်းမှ ပြင်ဆင်ချက် ၁၆၈ ချက်ကို NLD ပါတီ ပထမအကြိမ် ဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေးတွင် အတည်ပြုထားပြီး ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ ပေးပို့မည် ဖြစ်ကြောင်း NLD ပါတီမှ သိရသည်။

အလားတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စရပ်များကို ဆွေးနွေးရန်အတွက် ဗဟိုကော်မတီ အစည်းအဝေးကို ဒီဇင်ဘာ ၂၄ ရက်မှ ၂၉ ရက်အထိ ပြုလုပ် လျက်ရှိပြီး အခြေခံဥပဒေ ပြင်ဆင်ချက်များကို အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ ပေးပို့ သွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီက ထုတ်ပြန် ကြေညာထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကြံပြုချက်များကို ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်း ပေးထားသော ကိုယ်စားလှယ် ၁၀၉ ဦးပါ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ ပေးပို့ရန် အဆိုပါ ပါတီက ထုတ်ပြန် ကြေညာ ထားသည်။

The Voice Weekly

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။