/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, December 30, 2013

.

ပြည်သူ့လူထုရဲ့သဘောထား ဆန္ဒကို အခြေခံဖို့ လိုဟု ဗဟိုအတိုင်ပင်ခံဦးအောင်သောင်းပြောကြား



“ ပြည်သူလူထုရဲ့ သဘောထား ဆန္ဒကိုအခြေခံပြီး ပြည်ခိုင်ဖြိုး ပါတီက အခြေခံဥပဒေ ပြင်ဆင်ရေးမှာ ဒီအစည်းဝေးကနေ သုံးသပ်ညှိနိုင်းဆုံးဖြတ်ပြီး ပြည်ထောင်စုလွှတ်တော် ပူးပေါင်း ကော်မတီကို တင်သွင်းမှာဖြစ်ပါတယ်.။သုံးသပ်ဆုံးဖြတ်တဲ့အခါ ပြည်သူ့ဆန္ဒကို အခြေခံပြီးဆုံးဖြတ်သွားကြမှာပါ။ဒါကို တစ်ခြား ပါတီအဖွဲ့အစည်းတွေရဲ့ တင်ပြချက်တွေလိုပဲ လွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီကို တင်ပြသွားမှာပါ။

ကော်မတီ ကနေလေ့လာသုံးသပ်ပြီး ပြည်ထောင်စုလွှတ်တော်ကို တင်ပြသွားမှာ ဖြစ်ပါတယ်”ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဗဟို အတိုင်ပင်ခံ ဦးအောင်သောင်း ပြောကြားခဲံပါတယ်။ အခြေခံဥပေး ပြင်ဆင်ရန်အတွက် လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန်အတွက် လွှတ်တော်တွင် ဆွေးနွေး ဆုံးဖြတ်ရန် အခက်ခဲအနေဖြင့် လွှတ်တော်ကိုယ်စားလှယ် ၇၅%ကျော် ထောက်ခံမှသာလျှင် ပြင်ဆင်နိုင်မှာ ဖြစ်ပြီး လက်ရှိတွင် ပြည်ထောင်စု လွှတ်တော်အတွင်း ကိုယ်စားလှယ်နေရာ ၆၀ ခန့်မှာ လစ်လပ် နေသောကြောင့် ယင်းအတွက် စဉ်းစားရန် လိုအ်ပကြောင်း ၊ထိုမှတစ်ဆင့် တက်လျင် မဲဆန္ဒရှင် ထက်ဝက်ကျော်မှ ပြင်ဆင်ရန်အတွက် ထောက်ခံရန်လိုအပ်ကြောင်း ရှင်းပြသည်။

ခေတ်သစ်မြန်မာ

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။