/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, December 30, 2013

.

တပ်မတော် မသန်စွမ်း အားကစားသမား များသို့ အောင်နိုင်သူ သမဝါယမ အသင်း လီမိတက်မှ အလှူေ ငွပေးအပ် လှူဒါန်း


540761_236694549833672_622400040_n

(၇)ကြိမ်မြောက် အာဆီယံမသန် စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တပ်မတော်မသန်စွမ်း အားကစား သမားများသို့ အောင်နိုင်သူသမဝါယမအသင်းလီမိတက်မှ အလှူ ငွေကျပ်သိန်း ၁၀၀ ပေးအပ်လှူဒါန်း ပွဲကို နေပြည်တော် ဇမ္ဗူသီရိဟိုတယ်အစည်းအဝေးခန်းမ(၂)၌ ဒီဇင်ဘာ ၂၈ ရက် နံနက် ၉ နာရီက ကျင်းပခဲ့ သည်။


အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ (၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ် နေလင်း၊ အလှူရှင် အောင်နိုင်သူသမဝါယမအသင်းဥက္ကဋ္ဌဗိုလ်မှူးကြီးသန်းတင်(ငြိမ်း)နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ် နေလင်းက အမှာ စကားပြောကြားပြီး အလှူရှင်ဗိုလ်မှူးကြီးသန်းတင်(ငြိမ်း)က အလှူငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားကာ အလှူငွေကျပ်သိန်း ၁၀၀ ကို မြန်မာနိုင်ငံ မသန်စွမ်းသူများအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ် နေလင်း ထံသို့ ပေးအပ်လှူဒါန်းခဲ့ပြီးမသန်စွမ်းသူများအားကစား ပြိုင်ပွဲ ကျင်းပရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ကျေးဇူးတင် စကား ပြန်လည် ပြောကြားခဲ့သည်။

(၇)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို နေပြည်တော်တွင် ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁၄ ရက်မှ ၂၀ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌အားကစား နည်း ၁၂ နည်းဖြင့် ကျင်းပမည်ဖြစ်ပြီး အရှေ့တောင်အာရှ ၁၁ နိုင်ငံမှ အားကစားသမား ၁၁၂၁ ပါဝင် ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာ မသန်စွမ်း အားကစားအသင်းအနေဖြင့် အုပ်ချုပ်သူ/နည်းပြအားကစားသမား ၂၆၈ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ အဆိုပါအားကစားအဖွဲ့တွင် တပ်မတော် မသန်စွမ်းအားကစားသမား ၉၆ ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။