/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, December 30, 2013

.

မိုးကောင်းမြို့နယ်တွင် ဒေသခံရွာသားများ မိုင်းများကြောင့် သွာလာရေး အခက်အခဲကြုံ


Photo: မိုးကောင်းမြို့နယ်တွင် ဒေသခံရွာသားများ မိုင်းများကြောင့် သွာလာရေး အခက်အခဲကြုံ
Monday, December 30, 2013

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာ၏ အရှေ့တောင်ဘက် ကပ်ကျော်တောင်ခြေ၊ မှန်ဘိန်းကွင်း၊ ဘန်ကောက်ကွင်းရှိ ဒေသခံတောင်သူ များသည် ဒီဇင်ဘာတတိယပတ်မှစ၍ ကပ်ကျော်တောင်ဖြတ်လမ်းအနီး တစ်ဝိုက် တွင် KIA အဖွဲ့၏ မိုင်းထောင်မှုကြောင့် သွားလာရေး အခက် အခဲကြုံနေရကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။

``အခါတိုင်းဆိုရင် ကပ်ကျော်တောင်ဖြတ်လမ်းကနေ လယ်တောဆီကို သွားကြတာပါ။ အခုမိုင်းတွေထောင်ထားလို့ ရွာရဲ့ အရှေ့ဘက် ကပ်ကျော် တောင်ခြေလမ်းအတိုင်း သွားနေရပါတယ်´´ ဟု ဆားမှော်ရွာသား နော်မိုင်က ပြောပြသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ တပ်မဟာ(၂)၊ ရင်း(၁၁)မှ တပ်ဖွဲ့ဝင်များသည် ကပ်ကျော်တောင်ဖြတ်လမ်းနှင့် အနီးပတ်ဝန်းကျင်၌ နေ့စဉ်ညနေ ၆ နာရီတွင် မိုင်း(၅)လုံးထက်မနည်း ထောင်ထားပြီး နောက်တစ်နေ့နံနက် ၇ နာရီတွင် ပြန်လည်ဖြုတ်လေ့ရှိကြောင်း မျက်မြင်ရွာသားတစ်ဦးက ဆိုသည်။

``လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ဆွတ်လျှံတိုက်နယ်ရုံးက အမိန့်ထုတ် ထားတယ်ဆိုပြီး ရွာလူကြီးက ရွာသူ၊ရွာသားတွေကို ခေါ်ပြောပါတယ်။ အဲဒီလမ်းကို မသုံးဖို့နဲ့ တစ်ခုခုဖြစ်ရင် ကိုယ်ဖြစ်ကိုယ်ခံရမယ်လို့ ပြောထားတယ်´´ ဟု ဆားမှော်ရွာမှ ဒေါ်ဘောက်နန်က ပြောသည်။

အဆိုပါ ကပ်ကျော်တောင်ဖြတ်လမ်းတွင် ယခင်တိုက်ပွဲများဖြစ်ပွားချိန်မှ စတင်၍ မိုင်းများထောင်ထားသဖြင့် ဒေသခံများက ငြိမ်းချမ်းလာသော ကာလတွင် မိုင်းများ ပြန်ဖော်ပေးရန် KIA အား တောင်းဆိုထားကြောင်း၊ ထောင်ထားသောမိုင်းများ မဖော်ပေးသည့်အပြင် ယခုကဲ့သို့ မိုင်းများ လာထောင်နေသဖြင့် ဒေသခံရွာသားများ သွားလာရေး အခက်အခဲ ကြုံနေရ ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် သွားလာ၍ မိုင်းများ ပေါက်ကွဲပါက တာဝန်ယူမည်မဟုတ်ကြောင်းနှင့် မိုင်းတန်ဖိုး အား ပြန်လျော်ရမည်ဟု KIA အဖွဲ့က အမိန့်ထုတ်ထားကြောင်း သိရှိရပါသည်။

အယ်လ်နော်ဆိုင်း
Kachin Daily News

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ဆားမှော် ကျေးရွာ၏ အရှေ့တောင်ဘက် ကပ်ကျော် တောင်ခြေ၊ မှန်ဘိန်းကွင်း၊ ဘန်ကောက်ကွင်းရှိ ဒေသခံတောင်သူများသည် ဒီဇင်ဘာ တတိယ ပတ်မှစ၍ ကပ်ကျော်တောင်ဖြတ် လမ်းအနီး တစ်ဝိုက် တွင် KIA အဖွဲ့၏ မိုင်းထောင်မှုကြောင့် သွားလာရေး အခက် အခဲကြုံနေ ရကြောင်း ယင်း ဒေသခံများထံမှ သိရှိရသည်။


``အခါတိုင်းဆိုရင် ကပ်ကျော်တောင်ဖြတ်လမ်းကနေ လယ်တောဆီကို သွားကြတာပါ။ အခု မိုင်းတွေထောင် ထား လို့ ရွာရဲ့ အရှေ့ဘက် ကပ်ကျော် တောင်ခြေလမ်းအတိုင်း သွားနေရပါတယ်´´ ဟု ဆားမှော် ရွာသား နော်မိုင်က ပြောပြသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ တပ်မဟာ(၂)၊ ရင်း(၁၁)မှ တပ်ဖွဲ့ဝင်များသည် ကပ်ကျော်ေ တာင်ဖြ တ် လမ်းနှင့် အနီးပတ်ဝန်းကျင်၌ နေ့စဉ်ညနေ ၆ နာရီတွင် မိုင်း(၅)လုံးထက် မနည်း ထောင် ထားပြီး နောက်တစ်နေ့နံနက် ၇ နာရီတွင် ပြန်လည်ဖြုတ်လေ့ရှိကြောင်း မျက်မြင်ရွာသားတစ်ဦးကဆို သည်။

``လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ဆွတ်လျှံတိုက်နယ်ရုံးက အမိန့်ထုတ် ထားတယ်ဆိုပြီး ရွာလူကြီးက ရွာသူ၊ရွာသားတွေကို ခေါ်ပြောပါတယ်။ အဲဒီလမ်းကို မသုံးဖို့နဲ့ တစ်ခုခုဖြစ်ရင် ကိုယ်ဖြစ်ကိုယ်ခံရမယ် လို့ ပြောထားတယ်´´ ဟု ဆားမှော်ရွာမှ ဒေါ်ဘောက်နန်က ပြောသည်။

အဆိုပါ ကပ်ကျော်တောင်ဖြတ်လမ်းတွင် ယခင်တိုက်ပွဲများဖြစ်ပွားချိန်မှ စတင်၍ မိုင်းများထောင်ထား သဖြင့် ဒေသခံ များက ငြိမ်းချမ်းလာသော ကာလတွင် မိုင်းများ ပြန်ဖော်ပေးရန် KIA အား တောင်းဆို ထားကြောင်း၊ ထောင်ထားသောမိုင်းများ မဖော်ပေးသည့်အပြင် ယခုကဲ့သို့ မိုင်းများ လာထောင်နေ သဖြင့် ဒေသခံရွာသားများ သွားလာရေး အခက်အခဲ ကြုံနေရ ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် သွားလာ၍ မိုင်းများ ပေါက်ကွဲပါက တာဝန်ယူမည်မဟုတ်ကြောင်းနှင့် မိုင်းတန်ဖိုး အား ပြန်လျော်ရမည်ဟု KIA အဖွဲ့က အမိန့်ထုတ်ထားကြောင်း သိရှိရပါသည်။

အယ်လ်နော်ဆိုင်း
Kachin Daily News

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။