/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, December 30, 2013

.

ကိုရီးယားလူမျိုးသုံးဦး၏ အကူအညီကြောင့် မြန်မာကလေးငယ်၏မွေးရာပါ အစာဟောင်းအိမ်မပါသည့် ရောဂါကိုကုသနိုင်ခဲ့



ဆရာဝန်နှစ်ဦးအပါအ၀င် ကျောင်းနေဖက် ကိုရီးယား လူမျိုးသုံးဦး၏အကူအညီကြောင့် မြန်မာ ကလေးငယ်တစ်ဦး၏ အစာဟောင်းအိမ်မပါသည့် မွေးရာပါချို့ယွင်းမှု ရောဂါအား ကုသနိုင်ခဲ့ကြောင်း ကိုရီးယား နိုင်ငံသတင်းစာ Korea Joongang Daily ၏ ဖော်ပြချက်အရ သိရသည်။


မြန်မာနိုင်ငံမှ ၁၀ နှစ်အရွယ်ရှိ မောင်သက်ပိုင်သည် မွေးရာပါ အစာဟောင်းအိမ်မပါလာသည့် ချို့ယွင်းမှုရောဂါခံစားနေရသူတစ်ဦးဖြစ်ပြီး ယခုအရွယ်ထိ အိမ်သာသွားသည့်အခါတိုင်း နာကျင်စွာခံစားခဲ့ရသည်။ မွေးရာပါ အစာဟောင်းအိမ်မပါလာသောကြောင့် မောင်သက်ပိုင်အနေဖြင့် မွေးကင်းစအရွယ်မှစတင်ကာ အစာဟောင်းအိတ်ကို ၀မ်းဗိုက်အပြင်တွင် ထုတ်ထားရသည့် ခွဲစိတ်ကုသမှုဖြင့် ကုသခံခဲ့ရသူ ဖြစ်သည်။ အဆိုပါခွဲစိတ်ကုသမှုကို မြန်မာနိုင်ငံရှိ ခရစ်ယာန်သာသနာပြုဆေးရုံတစ်ခုမှ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။

မိဘနှစ်ဦးသည်လည်း ၎င်းမွးဖွားပြီး မကြာမီ ထိုင်းနိုင်ငံသို့ အလုပ်သွားလုပ်နေကြရသည်။ မောင်သက်ပိုင် က ဦးလေးနှင့် အတူတူနေထိုင်ခဲ့ရပြီး ဦးလေးဖြစ်သူကလည်း ၎င်းအား ကျောင်းမထားပေးနိုင်ခဲ့ပေ။ မြန်မာနိုင်ငံတွင် သာသနာပြုလုပ်ငန်း ဆောင်ရွက်နေသည့် အသက် ၅၂ နှစ်အရွယ် ကိုရီးယားလူမျိုး Jang Cheol-ho က မောင်သက်ပိုင်၏ ဘ၀အကြောင်းကို စတင်သိရှိခဲ့ခြင်းဖြစ်သည်။ ဂျန်သည် Grace and Love ခရစ်ယာန်ဘုရားကျောင်းမှ သာသနာပြုဘုန်းတော်ကြီးတစ်ပါးဖြစ်သလို ဆရာဝန်တစ်ဦးလည်း ဖြစ်သည့်အတွက် မောင်သက်ပိုင်အကြောင်းကြားသိသည့် အခါ ယခုလက်ရှိ ကိုရီးယားနိုင်ငံ ဆမ်ဆောင်း ဆေးရုံတွင် လုပ်ကိုင်နေသည့် ၎င်း၏ ဆေးကျောင်းနေဖက်သူငယ်ချင်းတစ်ဦးဖြစ်သူ Dr. Seo Jeong-meen အား သတိရမိခဲ့ပြီး ခွဲစိတ်မှုပြုလုပ်ပေးရန် အကူအညီတောင်းခံခဲ့သည်။

Dr. Seo Jeong-meen ကလည်း လက်ခံခဲ့သည့်အတွက် ၎င်းတို့သူငယ်ချင်းနှစ်ဦး အနေဖြင့် မောင်သက်ပိုင်အား ကိုရီးယားနိုင်ငံသို့ ခေါ်ဆောင်နိုင်ရေးအတွက် ငွေကြေးအကူအညီပေးနိုင်မည့်သူ ရှာဖွေခဲ့ကြသည်။နောက်ဆုံးတွင် ၎င်းတို့၏ ကျောင်းနေဖက်တစ်ဦးဖြစ်သည့် ပရိဘောဂဆိုင်ဖွင့်ထားသူ We Sung-ryuluf က ကုန်ကျစရိတ်များကို ကျခံပေးရန် သဘောတူခဲ့သည်။

“ ခွဲစိတ်ကုသမှုက ကောင်းမွန်စွာပြီးစီးပါတယ်။ မောင်သက်ပိုင်ကို ကျွန်တော့် သူငယ်ချင်းနှစ်ဦးနဲ့အတူ ခရစ္စမတ်လက်ဆောင်ပေးနိုင်ခဲ့လို့ ၀မ်းသာတယ် ” ဟု ဒေါက်တာဆိုက ဆိုသည်။ မောင်သက်ပိုင် သည် မြန်မာနိုင်ငံသို့ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်တွင် ပြန်လာမည် ဖြစ်သည်။

Eleven Media Group

1 comment:

  1. သတင်းထူး သတင်းသစ်များစွာတို့ကို ဖတ်ရှုခွင့်ရတဲ့အတွက် > myanmarnewslocal.blogspot..တည်ထောင်သုများကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ..

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။