/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, December 30, 2013

.

NLDပါတီဟာ ဗဟို ဦးစီးစနှစ်တွေ လွှမ်မိုးပြီး အကြောက်လွန်ကဲနေသော ပါတီဖြစ်နေဟု ဦးဝင်းတင်ပြောဆို



၂၀၁၃ ခုနှစ် ဒီဇင်ဘာလ (၂၇) ရက်နေ နံက်ပိုင်းတွင် ဦးဝင်းတင်( NLD သဘာပတိ) နေထိုင်ရာ ရန်ကင်းမြို့နယ် -ရှိ ဦးဝင်းတင် .ယာယီနေထိုင်ရာအိမ်တွင် NlD ပါတီဌါနချုပ်တွင် ဒေါ်စုကြည်နှင့် CEC များအကြားဆက်ဆံရေးနှင့် ပါတ်သတ်ပြီး ဦးဝင်းတင်က အောက်ပါအတိုင်းပြောကြားခဲ့ပါသည်။


NLDပါတီဌါနချုပ်မှာ ဒေါ်စုကြည်နှင့် သူပါတီက CEC တွေနှင့် အကြား ဆက်ဆံရေးဟာ CEC တွေဟာ ဒေါ်စု အပေါ် အကြောက် လွန်ကဲနေကြတယ်။

အစည်းဝေးပွဲတိုင်းမှာ CEC တွေဟာ ဒေါ်စု အရိပ်အကဲ အပြော အဆိုပေါ် မူတည်ပြီး CEC အဖွဲ့ ၀င်များက လိုက်လျောညီထွေ အောင် ပြောဆိုနေကြရပြီး CEC တစ်ယောက်အနေဖြင့် ပါတီမူဝါဒ အပေါ်ဝေဖန်သုံးသပ်ခြင်း ပြောဆိုမိပါက ကျန် CEC များက အစည်းဝေးပြင်ပ ရောက်တဲ့အခါ ပြောဆိုသော CEC အား ကျန် CEC အဖွဲ့ ၀င်များက ပြစ်တင်ရှံ့ချတာတွေ လုပ်ကြကြောင်း၊ သို့ပါသော ကြောင့် CEC အစည်း ဝေးတိုင်းတွင် CEC များက ဒေါ်စု အပြောအဆိုပေါ် လိုက်လျောညီထွေစွာ ပြောဆိုနေရ သဖြင့် NLD ပါတီ သည် ရှေ့ အနာဂတ် အတွက်ရင်လေး မိကြောင်း၊ဒေါ်စု အနေ ဖြင့် အတိုက်အခံဟု ပြောနေ သော်လည်း လုပ်ဆောင်မှု့တွေ အားနည်းနေကြောင်း၊ သာဓက အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ရေးနှင့် ပါတ်သတ်ပြီး မိမိ(ဦးဝင်းတင်) အနေဖြင့် လွှတ်တော် ပြင်ပ တွင် ပြည်သူ့ ဆန္ဒခံယူဆောင်ရွက်ပြီး လွှတ်တော်တွင်းသို့ ပေးပို့ရန်ဆွေးနွေးဖူးကြောင်း၊ပြည်သူ့ဆန္ဒကို လွှတ်တော်ပြင်ပ ကောက်ခံပြီး လွှတ်တော်တွင်း တင်သွင်းဆွေးနွေး တာဟာ ပြည်သူ့ဆန္ဒ အစစ်မှန်ဖြစ်ကြောင်းဆွေးနွေးတာကို လက်မခံ ပဲ ထိုလုပ်နည်း လုပ်ဟန်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သာပြင်ဆင်ခြင်းဖြစ်တယ် ဟုဆိုကာ ငြင်းဆို ခဲ့ကြောင်း၊ ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းသော အဖွဲ့မှာ အခြေခံဥပဒေ သုံးသပ်ရေးအဖွဲ့သာ ဖြစ်ကြောင်း ပြင်ဆင်ရေး အဖွဲ့ မဟုတ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် NLD ပါတီဥက္ကဌ ဟောင်း ဦးအောင်ရွှေက ပြင်ဆင်ရေး(၂၁) ချက် ကိုရေးဆွဲ ထားပြီးဖြစ်ကြောင်း ယင်း(၂၁) ချက်ကို လည်း ဒေါ်စုကြည်မှ ပယ်ချခဲံကြောင်း ထို့ကြောင့် ဒေါ်စု၏ အားနည်းသော ခေါင်းဆောင်မှု့သည် ပါတီ အတွက်အနာ ဂတ် အလားလာ မကောင်းမှု့ကို ဖြစ်ပေါ်စေကြောင်းပြောဆိုခဲ့ပါသည်။

ဒဲ့ဒိုး

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။