/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, December 5, 2013

.

ဟုမ္မလင်းတွင် ခရီးသည်တင် ရေယာဉ်နှစ်စင်းတိုက်မိ ခရီးသည်တချို့ ပျောက်ဆုံးနေဆဲ

ခရီးသည်တင် ရေယာဉ်နှစ်စင်းသည် ဟုမ္မလင်းမြို့နယ်၊ မှန်ကင်းဆိပ်ကမ်းအနီး ချင်းတွင်းမြစ်ကြောင်း အတွင်း မျက်နှာချင်းဆိုင် တိုက်မိခြင်းဖြစ်ပြီး ရေထဲသို့ နစ်မြုပ်သွားသည့်အတွက် ပျောက်ဆုံးနေသည့် ခရီးသည်များကို ရှာဖွေနေဆဲဖြစ်သည်။


တိုက်မိသည့် ရေယာဉ်နှစ်စင်းမှာ ပုတ်သိုးကျေးရွာမှ မောင်းခမ်း(တောင်/မြောက်)ကျေးရွာများသို့ မောင်း နင်းလာသည့် တရုတ်နီအမျိုးအစား မြင်းကောင်ရေ (၂၅)ကောင် အင်ဂျင် တပ်ဆင်ပါရှိသော အလျား(၁၈) ပေရှိ ရေယာဉ်နှင့် တရုတ်နီ အမျိုးအစား မြင်းကောင်ရေ(၂၅)ကောင် အင်ဂျင်စက် တပ်ဆင်ပါရှိသော အလျား (၂၄) တောင်ရှိ အပြာရောင် ရေယာဉ်နှစ်စင်းဖြစ်သည်။

တိုက်မိပြီးနောက် အလျား ၂၄ တောင်ရှိ ရေယာဉ်ပေါ်တွင် လိုက်ပါလာသည့်ခရီးသည် (၂၄)ဦးအနက် ဦးမိုးညွှန့် အသက်(၄၂)နှစ်၊ ဒေါ်သန်းမြင့် အသက်(၅၂)နှစ် ဆိုသူ ခရီးသည်နှစ်ဦးမှာ ပျောက်ဆုံးနေ ဆဲ ဖြစ်သည်။

“ဖြစ်တာက ည ၇ နာရီအချိန်ကြီးဆိုတော့ ဘာမှကောင်းကောင်းမမြင်ရတော့ဘူး၊ ပျောက်နေတဲ့ ခရီးသည် တွေလည်း အသက်ရှင်လျက်ပြန်တွေ့နိုင်ဖို့ မျှော်လင့်ချက်အပြည့်နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင် နေပါတယ်” ဟု မောင်းခမ်းနယ်မြေရဲကင်းမှူး ဦးဆောင်သည့် ကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ ရေယာဉ်စီးခရီးသည်များအား ကူညီကယ်ဆယ်ပေးလျက်ရှိသည့် ဒုရဲအုပ် စိုးဝင်းအောင်မှ ၎င်းကိစ္စ အား တရားလိုပြု လုပ်၍ ထမံသီနယ်မြေရဲစခန်းသို့ တိုင်တန်းခဲ့သည့်အတွက် ရဲစခန်းက ယာဉ်(ပ) ၂၁/ ၂၀၁၃ ပြစ်မှုပုဒ်မ ၂၈၂ အရ အမှုဖွင့် ထားကြောင်း သိရသည်။

ရေယာဉ်သုံးစွဲမှု တစ်နေ့တစ်ခြား များပြားလာသည့် ချင်းတွင်းမြစ်ကြောင်းတွင် မကြာခဏ ရေယာဉ်တိမ်း မှောက်မှု များနှင့် ယာဉ်တိုက်မှုများဆက်တိုက်ဆိုသလို ဖြစ်ပေါ်လျက်ရှိသည်။ မကြာသေးမီက စစ်ကိုင်း တိုင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှူးဦးစီးဌာန၊ တိုင်းညွှန်ကြားရေးမှူး ဦးအေးမင်းမှ ရေယာဉ်များ တွင် အသက်ကယ်အင်္ကျီများတပ်ဆင်ထားရန် အမိန့်ထုတ်ပြန်ထားသေးသည်။

ချင်းတွင်းမြစ်ကြောင်းအတွင်း ရေယာဉ်တိမ်းမှောက်နစ်မြုတ်မှုဖြစ်ပွားခဲ့ရသည့် ဖြစ်စဉ်သည် ယခုနှစ်အတွင်း ၁၄ ကြိမ်ခန့်ရှိခဲ့ပြီး ယခုလအတွင်း ကလေးဝ ဆိပ်ကမ်းတွင် အမြန်ရေယာဉ်၏ ရေယက်ပန်ကာခုတ်မိသဖြင့် ဈေးရောင်းလှေတစ်စီး တိမ်းမှောက်ကာ ဆယ်တန်းကျောင်းသူ ဈေးသည်တစ်ဦး သေဆုံးခဲ့သည့်ဖြစ်ရပ်များ လည်ရှိခဲ့သည်။

မဇ္ဈိမ

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။