/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, December 5, 2013

.

"ဆု" ရဲ့နောက်ကွယ်



ကမ္ဘာပေါ်ရှိမည်သည့်နိုင်ငံမှာမဆို ပြည်သူလူထုက အားကျ စံထားရတဲ့ ခေါင်းဆောင်တွေရှိစမြဲပါ။ အလားတူ မြန်မာ နိုင်ငံမှာလည်း ပြည်သူလူထုကအားကျရတဲ့ ခေါင်းဆောင် တွေရှိကြပါတယ်။ အဲ့ဒီအထဲမှာမှ ပြည်သူကလေးစားပြီး အားကျကြတဲ့ လူထုခေါင်းဆောင်ကို ပြပါဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် ဆိုရင် မှားမယ် မထင်ပါဘူး။


ဘာဖြစ်လို့လဲဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ရရှိအောင် တိုက်ပွဲဝင်နေတဲ့ အစိုးရကိုအတိုက်အခံလုပ်နေတဲ့ ခေါင်းဆောင်တစ်ဆိုတာ မြန်မာနိုင်ငံကသာမက ကမ္ဘာ ကလည်းသိတဲ့ ပြည့်သူ့ခေါင်း ဆောင် တစ်ယောက်ဘဲ ဖြစ်ပါတယ်။ ဒါအပြင် ဒေါ်အောင်ဆန်း စုကြည်ဟာ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီးရဲ့ သမီး ဖြစ်တာကြောင့် လူသိများခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသမီးတစ်ဦးဖြစ်သော်လည်း မြန်မာနိုင်ငံ၏ဒီမိုကရေစီရေး လှုပ်ရှားမှုတွေ မှာရှေ့ဆုံမှခေါင်းဆောင်ပြီး ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာနိုင်ငံ၏အတိုက် အခံခေါင်းတစ်ယောက်ဖြစ်ပြီး သူ၏ထင်ပေါ်ကျော်ကြားမှု၊ လူအခွင့်အရေးလှုပ်ရှားမှု ၊ မြန်မာ့ဒီမိုကရေစီ အရေး ဦးဆောင်လှုပ်ရှားမှုများကြောင့် ကမ္ဘာ့နိုင်ငံများက ချီးမြှင့်တဲ့ဆုတံဆိပ်မြောက်များစွာကို ပိုင်ဆိုင်ခဲ့ရ ပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်းစုံက ဒေါ်အောင်ဆန်စုကြည်အား ချီးမြင့်တဲ့ဆုများမှာ နိုဗယ်ဆုအပါအ၀င်အခြား လူ့အခွင့် အရေးဆုမျိုးစုံနှင့် ဂုဏ်ထူးဆောင်ဘွဲ့များမှာ ယခုချိန်ထိ ဆုပေါင်း ၁၂၀ ကျော် ချီးမြင့်ခံထားရပြီး ဖြစ်ပါတယ်။ ၎င်းဆုတွေနှင့် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ခံရသည်မှာ ကာယကံရှင်အတွက် ၀မ်းမြှောက် စ ရာဖြစ်သလို နိုင်ငံအတွက်လည်းဂုဏ်ယူစရာ ဖြစ်ရပါတယ်။ ဒါပေမယ့်လည်း ဒီဆုများ၊ ဂုဏ်ထူးဆောင် ဘွဲ့ များချီးမြှင့်ခံရမှုက စဉ်းစားစရာပါဘဲ။ ဒေါ်အောင်ဆန်းဆုကြည့်အနေဖြင့် ၎င်းဆုတွေချီးမြင့်ခံရမှုမှာ သူမ၏ စွမ်းဆောင်ရည်များကြောင့် ချီးမြှင့်ခံရသလို၊ ဆုချီးမြှင့်တဲ့ နိုင်ငံတွေကလည်း သူမနဲ့မြန်မာနိုင်ငံ အပေါ် အခြားမျှော်လင့်ချက် တွေရှိနေလိမ်မယ်လို့ထင်မိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရရှိခဲ့တဲ့ဆုတွေထဲမှာ သူမရသင့်တဲ့ဆုရှိသလို မထိုက်တန်တဲ့ဆု တွေ လည်း ရှိနေပါလိမ့်မယ်။ ဥပမာအားဖြင့် ငြိမ်းချမ်းရေးနိုဗယ်ဆုရရှိစဉ်က သူမအနေဖြင့် ဒီဆုနှင့် ထိုက် တန် တဲ့လှုပ် ဆောင်မှုမျိုးမရှိခဲ့ဘူးလို့ ထင်မိပါတယ်။ ဒါတွေကိုကြည့်ချင်းအားဖြင့် အနောက်နိုင်ငံများ အနေဖြင့် သူမအား သွယ်ဝိုက်နည်းဖြင့်ထောက်ပံ့ပြီး အခြားမျှော်လင့်ချက်တွေရှိနေမှာ အသေအချာပါ။ ထို့အပြင် ဒေါ် အောင်ဆန်းစုကြည်၏ NLD ပါတီဟာ 2015 ရွေးကောက်ပွဲမှာ အလားအလာကောင်းနေတဲ့ ပါတီ တစ်ခု လည်းဖြစ်ပါတယ်။ NLD ဟာ 2015 မှာ ရွေးကောက်ပွဲနိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတဖြစ် လာလိမ့်မယ်လို့ အနောက်နိုင်ငံများအနေဖြင့် ကြိုတင်မျှော်လင့်ထားမှာတော့ သေချာပါတယ်။

ဒါကြောင့်လည်း အနောက်နိုင်ငံများကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်တိုင်း သူမ သမ္မတဖြစ်ရေ ဖွဲ့ စည်းပုံပြင်ဖို့ အစိုးရကိုဖိအားပေးရန် အကူအညီတောင်းခံခဲ့သလို၊ ၎င်းနိုင်ငံများကလည်း ကူညီရန်လက်ခံ ခဲ့ပြီး အစိုးရကိုဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရန် တနည်းနည်းနဲ့ဖိအားပေးခဲ့ကြပါတယ်။ဒါအပြင်ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် အနောက်နိုင်ငံများကို မြန်မာအစိုးရအဖွဲ့ဝင်များထက် သြဇာရှိတယ်ဆိုတာကိုလည်း တွေ ရပါလိမ့်မယ်။ ဒါတွေကိုကြည့်ချင်းအားဖြင့် ဘာကြောင်သြဇာရှိတာလည်း၊ ဘာလို့သူမအကူအညီ တောင်းေ ပးနေတာလည်း၊ သူမပြောတိုင်းလုပ်နေတာလည်း၊ အနောက်နိုင်ငံများကလည်း သူတို့လိုချင် တာတွေ တေ န့ပြန်လည်း ရရှိမယ်လို့ ယုံကြည်ပြီးလိုက်လျောနေတာလားဆိုတာတော့ စဉ်းစားစရာပါဘဲ။

သိုအတွက်တစ်ခြားနိုင်ငံကဆုတံဆိပ်တွေပေးနေတာဟာဒေါ်အောင်ဆန်းစုကြည်ကိုဂုဏ်ပြုနေရုံသက်သက် နဲ့မဟုတ်ဘဲ နောက်ကွယ်မှာတော့ မျှော်လင့်ချက်တွေကိုယ်စီရှိနေတယ်ဆိုတာတော့ သတိထားစရာပါ ဘဲ။ ငြိမ်းချမ်းရေးနိုဘယ်ဆုကြီးကြောင့် ဆိုဗီယက်ပြည်ထောင်စုကြီး အစိတ်စိတ်အမွှာ မွှာပြိုကွဲသွား တဲ့ သာဓကရှိ ခဲ့တာလည်း အားလုံးအသိဘဲဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ဆုရသည့်အခါများ တွင် မြန်မာနိုင်ငံသားများအနေဖြင့် ဂုဏ်ယူနေရုံနှင့်ကျေနပ်မနေ ဘဲ ရှေ့ကသာဓက များကိုသင်ခန်းစာ ယူပြီး ဆုတွေရဲ့ နောက်ကွယ်မှာ ဘာမျှော်လင့်ချက်တွေနဲ့ဘယ်လိုကြိုး ကိုင်ချယ်လှယ်မှုတွေ ရှိလာနိုင်မလဲ ဆိုတာ အားလုံး ၀ိုင်းဝန်းစဉ်းစားပီးတော့ သတိထားကြပါစို့။

From: အမေ့အိမ်

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။