/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, December 5, 2013

.

ဧရာဝဏ်နှင့် ရတနာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကြောင့် ရွှေ့ပြောင်းပေးရမည့်သူများ ဆီးဂိမ်းစ်ကာလ ဒီဇင်ဘာ ၇ ရက်တွင် မဟာဗန္ဓုလ ပန်းခြံနံဘေး၌ ငါးကြိမ်မြောက် ဆန္ဒပြမည်



ဧရာဝဏ်နှင့် ရတနာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်း ကြောင့် ရွှေ့ပြောင်းပေးရမည့်သူများ ဒီဇင်ဘာ ၇ ရက်၌ မဟာဗန္ဓုလ ပန်းခြံနံဘေးတွင် လူအင်အား တစ်ရာခန့်ဖြင့် ငါးကြိမ်မြောက် ဆန္ဒပြမည် ဖြစ် ကြောင်း သိရ သည်။


ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ၆၇ ရပ်ကွက်တွင် တည်ရှိသော အဆိုပါ စီမံကိန်းကြောင့် လက်ရှိ ပြောင်း ရွှေ့ရမည့် သူများမှာ အိမ်ထောင်စု ၆၀ ကျော်ရှိကြောင်း ယင်းရပ်ကွက်တွင် နေထိုင်သော ဦးတော်မီ၏ ပြောကြားချက်အရ သိရသည်။

ဆက်လက်၍ ၎င်းက "ဆန္ဒဖော်ထုတ်ဖို့ စာတင်ထားတာ ဒီနေ့မနက် (ဒီဇင်ဘာ ၄ ရက်) ၇ နာရီလောက်မှာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ သတင်းကြီးကြပ်ရေးအဖွဲ့က ဖုန်းဆက်ပြီး ခွင့်ပြုချက်ရပြီလို့ ဖုန်း ဆက်ပါတယ်။ ကျွန်တော်တို့ လူအင်အား ၁၀၀ နဲ့ ဒီဇင်ဘာ ၇ ရက်မှာ မဟာဗန္ဓုလ ပန်းခြံနံဘေးမှာ ပြု လုပ်သွားပါမယ်" ဟု ပြောကြားသည်။

၎င်းတို့ ဆန္ဒပြမည့် ဒီဇင်ဘာ ၇ ရက်သည် မြန်မာနိုင်ငံတွင် တတိယအကြိမ် ပြုလုပ်မည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း၏ ပထမဆုံး ယှဉ်ပြိုင်ကစားမည့် ရက်လည်း ဖြစ် သည်။ 

၆၇ ရပ်ကွက် မြေပေါ်တွင် တည်ဆောက်နေသော ဧရာဝဏ်နှင့် ရတနာတန်ဖိုးနည်းအိမ်ရာတွင် အရစ်ကျ စနစ်ဖြင့် တိုက်ခန်းများ ပြန်လည်ရောင်းချပေးမည်ဟု ဒဂုံမြို့သစ် (ဆိပ်ကမ်း) အိုးအိမ်ဦးစီးဌာနမှ ယခင် ညွှန်ကြားရေးမှူး၏ ကတိအတိုင်း ပြုလုပ်ပေးရန် ဆန္ဒပြခြင်းဖြစ်ကြောင်း ၆၇ ရပ်ကွက်တွင် လက်ရှိနေထိုင် သူ များက ပြောကြားသည်။

အဆိုပါ ဆန္ဒပြမှုကို နံနက် ၉ နာရီမှ မွန်းလွဲ ၁၂ နာရီထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယခင်မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး လက်ထက်တွင် ဆန္ဒပြမှုလေးကြိမ် ပြုလုပ် ခဲ့ပြီး၊ ယခုဆန္ဒပြမှုမှာ ညွှန်ကြားရေးမှူးအသစ် လက်ထက်တွင် ပထမဆုံးအကြိမ် ဆန္ဒပြခြင်းဖြစ်ကြောင်း ဦးတော်မီက ပြောကြားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်က ၆၇ ရပ်ကွက်ပြည်သူများသည် မဟာဗန္ဓုလ ပန်းခြံနံဘေးတွင် နောက်ဆုံးအကြိမ် ဆန္ဒပြခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းရန် ကြိုးစားခဲ့သော်လည်း အဆင် မပြေခဲ့ကြောင်း သိရသည်။

 အောက်တိုဘာ ၂၆ ရက်က လေးကြိမ်မြောက် ဆန္ဒပြနေကြသော 
၆၇ ရပ်ကွက် နေထိုင်သူများကို တွေ့ရစဉ် 
(ဓာတ်ပုံ-ကြည်နိုင်)

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။