/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, September 25, 2013

.

HIV/AIDS ဝေဒနာ ရှင်များအတွက် ART စင်တာအသစ်များ တိုးချဲ့ကာ ၂၀၁၆ ခုနှစ်တွင် ဆေးဝါးလိုအပ်ချက်၏ ၈၅ ရာခိုင်နှုန်းအထိ ပေးရန်လျာထား



အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ဝေဒနာရှင်များ အတွက် အေအာတီ စင်တာသစ်များ တိုးချဲ့ ပေးမည်ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ဆေးဝါး လိုအပ် ချက်၏ ၈၅ ရာခိုင်နှုန်းအထိ ပေးရန်လျာထား ကြောင်း ကျန်းမာရေး ဦးစီး ဌာန၊ အမျိုးသားခုခံကျ/ ကာလသားရောဂါ တိုက်ဖျက်ရေး စီမံကိန်းမှ သိရ သည်။


လက်ရှိ အေအာတီဆေးဝါး လိုအပ်နေသည့် အိတ်ခ်ျ အိုင်ဗွီ အေအိုင်ဒီအက်စ် ဝေဒနာရှင်များအနက် ၆၀၀ ၀၀ ကျော် (၄၈ ဒသမ ၅ ရာခိုင်နှုန်း)ကို ဆေးပေး လျက်ရှိပြီး လာမည့် ၂၀၁၆ ခုနှစ်တွင်ဝေဒနာရှင်တစ်သိန်း ကျော် (၈၅ ရာခိုင်နှုန်း)အထိ တိုးမြှင့်ပေးသွားရန် လျာထားကြောင်းနှင့် မြန်မာနိုင်ငံတွင် ခန့်မှန်းတွက်ချက်မှု များအရ အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ဝေဒနာရှင်ပေါင်း ၁၂၀၀၀၀ ကျော်ခန့် ရှိသည်။

ထို့ပြင် ဝေဒနာရှင်များအတွက် အေအာတီ စင်တာသစ်များကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုးချဲ့သွား မည်ဖြစ်ပြီး လာမည့် ၂၀၁၅ အထိ အစိုးရ ဆေးရုံကြီး ၁၇ ခုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့ ဆေးခန်းခုနှစ်ခုတို့တွင် အေအာတီ စင်တာအသစ်များ တိုးချဲ့သွား မည် ဖြစ်သည်။

ယင်းအေအာတီ စင်တာများတွင် ခြောက်လမှ တစ်နှစ်အထိ အေအာတီဆေးဝါးဖြင့် ကုသမှု ခံယူပြီးသော လူနာများအား မြို့နယ်အဆင့် Decentralized ART sites များသို့ လွှဲပြောင်းပေးပြီး ဆက်လက်ကုသမှု ခံ ယူစေမည် ဖြစ်ကြောင်းနှင့် ယခုနှစ်အတွင်း Decentralized ART sites ၃၀ အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ၁၀၁ ခုအထိ တိုးချဲ့ရန် လျာထားကြောင်း သိရသည်။

အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာရှင်များအား အေအာတီ ဆေးဝါးဖြင့် ကုသပေးနေသည့် ရန်ကုန် တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာဒုံ အထူးကုဆေးရုံ အေအာတီစင်တာကို ၂၀၀၇ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် ပထမလေးလအထိ ရရှိထားသည့် စာရင်းများအရ ကလေးလူနာ ၄၁၁ ဦး အပါအ၀င် ဝေဒနာရှင် စုစုပေါင်း ၃၈၄၁ ဦးအား အေအာတီဆေးဝါးများ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

 အေအိုင်ဒီအက်စ် ဝေဒနာရှင်များအား ပြုစုစောင့်ရှောက်မှု ပေးနေသည့် နေရာတွင်
 ဆေးကုသမှု ခံယူနေသူများကို တွေ့ရစဉ် 
(ဓာတ်ပုံ-အောင်ရဲကို)

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။