/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, September 25, 2013

.

ပင်စင်ထုတ်ယူရန် ကျန်ရှိသူ အငြိမ်းစားဦးရေ နှစ်သိန်းနီးပါးကို လာရောက်ထုတ်ယူရန် ထုတ်ပြန်



လက်ရှိပင်စင်လစာ ခံစားလျက်ရှိသော အငြိမ်းစား များအနက် ပင်စင်ထုတ်ယူရန် ကျန်ရှိသူ အငြိမ်းစား ဦးရေမှာ နှစ်သိန်းနီးပါးရှိနေသောကြောင့် သက်ဆိုင် ရာ မြန်မာ့စီးပွားရေး ဘဏ်များသို့ လာရောက် ထုတ်ယူရန် ပင်စင်ဦးစီးဌာနမှ ထုတ်ပြန်ထား ကြောင်း သိရသည်။


၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၃ ရက်အထိ မြန်မာ့ စီးပွားရေးဘဏ်သို့ ငွေပေးမိန့် ထုတ်ပြန်ပေးပြီး ပင် စင်စား ဦးရေမှာ ၅၁၀၈၆၀ ဦးဖြစ်ကြောင်း၊ လစာငွေ ထုတ်ပေးပြီး ဦးရေမှာ ၃၁၉၂၁၂ ဦးဖြစ်ရာ လစာထုတ်ယူရန် အတွက် ၁၉၁၆၄၈ ဦး ကျန်ရှိနေ သေး ကြောင်း ပင်စင်ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

အလားတူ တိုးမြှင့်ပင်စင် လစာသစ်အား မြန်မာ့စီးပွားရေး ဘဏ်များတွင် ပိတ်ရက်မှအပ နေ့စဉ်ထုတ်ပေး လျက် ရှိပါသဖြင့် ဆက်သွယ်ထုတ်ယူ ကြရန်လည်း ထုတ်ပြန်ထားကြောင်း သိရသည်။

ပင်စင်လစာသစ် ခံစားခွင့် မရသေးသော ကာကွယ်ရေး ပင်စင်စားများ အနေဖြင့် သက်ဆိုင်ရာ ကာကွယ် ရေး ငွေစာရင်းရုံးခွဲများသို့ ဆက်သွယ်ဆောင်ရွက်ရန်နှင့် မြို့ပြပင်စင်စားများ အနေဖြင့်လည်း နီးစပ်ရာ ပင် စင်ဦးစီးဌာနရုံးချုပ်၊ တိုင်းဒေသကြီးရုံးနှင့် ပြည်နယ်ရုံးများသို့ ဆက်သွယ်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ပင်စင်ဦးစီးဌာနမှ သိရသည်။

ပင်စင်လစာသစ် ခံစားခွင့် မရသေးသည့် ပင်စင်စားများ အနေဖြင့် နေပြည်တော်ရှိ ပင်စင်ဦးစီး ဌာနရုံးချုပ်၊ ရန်ကုန်၊ ပုသိမ်၊ စစ်တွေ၊ မော်လမြိုင်၊ ဘားအံ၊ ထားဝယ်၊ ပဲခူး၊ ပြည်၊ မန္တလေး၊ မကွေး၊ မုံရွာ၊ မြစ်ကြီးနား၊ တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံနှင့် လွိုင်ကော်မြို့များရှိ ပင်စင်ဦးစီး ဌာနများသို့ ဆက်သွယ်ထုတ်ယူနိုင် ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ပင်စင်စား ၀န်ထမ်းဦးရေ ခုနစ်သိန်းကျော်ရှိကြောင်း၊ ငါးသိန်းကျော်မှာ အရပ်ဘက် ပင်စင်စား ၀န်ထမ်းများဖြစ်ပြီး ကျန်ရှိသည့်သူများမှာ ကာကွယ်ရေး ၀န်ကြီးဌာနမှ ပင်စင်စားများဖြစ် ကြောင်း သိရသည်။

 ပင်စင်လစာ လာရောက်ထုတ်ယူ နေသူများကို တွေ့ရစဉ် 

Eleven Media Group

1 comment:

  1. အဆင်ပြေလို့ လာမယူတာဘဲဖြစ်နှိင်တယ်
    ဒီခေတ်ကြီးထဲမှာ လာမယူနှိင်လို့လာမယူ
    တာတောမဖြစ်နှိင်ပါ
    ကြီးပွားချမ်းသာနေသောအငြိမ်းစားကြီးများ

    ထီပေါက်တဲ့ သူတွေကို ဒီလိုကျော်ငြာပေး
    ရင်လည်း သိပ်ကောင်းမှာဘဲ ။ ။ ။

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။