/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, September 25, 2013

.

သေချာပြီလား ဒေါ်အောင်ဆန်းစုကြည်

NLD လို အရည်အချင်းရှိတဲ့ ပါတီရှိရင် ပြပါ ဆိုတဲ့  သတင်း ကို ဒီနေ့ ဖတ်လိုက် ရပါတယ်။ ဖတ်လိုက် ပြီးတာနဲ့ အတူ မေးခွန်းတွေလဲ ခေါင်းထဲမှာ တန်းစီ ၀င်လာတယ်။NLD အနေနဲ့အရည်အချင်းဆိုတာ ဘာနဲ့ တိုင်းတာသလဲ ဆိုတာ ကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။


လူများတာကိုအရည်အချင်းလို့ဆိုချင်တာလား ဘာကိုဆိုလိုချင်တာလဲသဲသဲကွဲကွဲမရှိ။ လူများတာကို အရည်အချင်းရှိတာကို ပြောတာဆိုရင်တော့ စောဒကတက်စရာမရှိပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲကာလ တုန်းကတော့မ၀င်ဘူး၊ မဲမပေးကြဖို့ တဂျီဂျီတောင်းဆိုခဲ့ပေမယ့် နောက်တော့လည်း အစိုးရရဲ့ ဖောက်ခဲ့တဲ့ လမ်းကို အသာလေးမှေး လိုက်ခဲ့ရတာပဲမဟုတ်ပါလား။

နိုင်ငံရေးအရ သူများတွေဖောက်ခဲ့တဲ့လမ်းကို လိုက်လာခဲ့တဲ့၂၀၁၂ NLD ဆိုရင်တော့ ပြောစရာတွေက အများကြီးရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း အသက်ကြီးလာလို့လားမသိဘူး တခါတခါ နဲနဲ ချော်လာတာတွေ့ရတယ်။ လွှတ်တော်ထဲမှာ ကြားဖြတ်၄၄ယောက်က တိုင်းပြည်အတွက် ဘာအရေးပါတဲ့ အဆိုတွေ မေးခွန်းတွေ လုပ်နိုင်ခဲ့ပြီလဲ အောက်ခြေလူထုရဲ့ အခက်အခဲတွေကို ဘယ်လောက် အကျိုးပြုနိုင် ခဲ့သလဲမိမိတို့ရဲ့မဲဆန္ဒနယ်လူထုနဲ့ ဘယ်လောက်ထိတွေ့ပြီးပြီလဲ နိုင်ငံတော်ရဲ့ ရှေ့ရေးအတွက် မိမိတို့ ဒီမိုကရေစီအင်အားစုတွေကို စုစည်းညီညွတ်မှုရအောင် ဘယ်လောက်လုပ်ပြီးပြီလဲ သင်တန်းတွေ နိုင်ငံခြား ခရီးစဉ်တွေပွဲလမ်းသဘင်တွေနဲ့ပဲအချိန်တွေကုန်ခဲ့တာမဟုတ်ဘူးလား။

လက်ရှိပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေမှာ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ဘာတွေ ဘယ်လို ဆောင်ရွက်နေသလဲ ၊ ဆောင်ရွက်ပြီးပြီလဲ။ ပြီးတော့ တရားဥပဒေ စိုးမိုးရေး ဥက္ကဌလည်း ဖြစ်တဲ့  ဒေါ်အောင်ဆန်းစုကြည်ဟာ လတ်တလော ဖြစ်နေတဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စတွေမှာ ဘယ် အတိုင်းအတာထိ ဆောင်ရွက်ပြီးပြီလဲ။ မိတ္ထီလာအရေး၊ မောင်တောအရေးတွေမှာရော ဘာတစ်ခုမှ ၀င်ရောက်ပြောဆို ဆောင်ရွက်ပေးခြင်းမရှိခဲ့တာတွေရော ပြည်သူတွေ မေ့ သွားပြီလို့များ ထင်လို့ပါလား။

လူမများပေမယ့် လူထုကိုအကျိုးပြုနေတဲ့ ပါတီတွေရှိတယ် လွှတ်တော်ထဲမှာ ဒီမိုကရေစီဘောင်ကို ရသလောက်ချဲ့ဖို့ ကြိုးစားနေတဲ့ လူထုအသံကိုထင်ဟပ်အောင် လုပ်ဆောင်နေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရှိတယ် နိုင်ငံရေးမှာသေချာနေပြီလို့ ထင်ထားရင် ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်ထဲ ပါနေပြီဖြစ်လို့ တိုင်းပြည်ရဲ့အနာဂါတ်အတွက် ရင်လေးတယ်လို့ပြောပါရစေ ဒေါ်အောင်ဆန်းစုကြည်။

ဒေါက်တာဆိတ်ဘွား
photo:irrawaddy

4 comments:

  1. မင်းကတာလီဘန်လား
    ဖောက်ခွဲရေးသမားလား
    မင်းလဲအမေစုလိုကြုံဝါး
    နှိင်ရင်ကြုံးဝါးနှိင်ပါတယ်
    ခေါင်မူးခြုံပီးလက်သီပြမနေနဲ့
    မင်းတိုလိုပြိင်ဘက်တွေများလေ
    ငါတို့ကဝေဖန်လို့ကောင်လေလေပဲ

    ReplyDelete
  2. လွတ်လပ်ရေး တဝက်ရပြီး နှစ်၆၀ ကျော်အတွင်း မှာတော့ ဦးသိန်း စိန် ထက်ကောင်း တဲ့သူမတွေ့ဖူး သေးဘူး ဒါပဲ

    ReplyDelete
  3. အမျိုးသားခေါင်းဆောင်ကြီးရဲ့ သမီးကအမ်ျိုးအနွယ်ကို မစောင့် ထိန်းလို့  အမေ တပ် ခေါ်တာလား

    ReplyDelete
  4. ဒေါက်တာဆိတ်ဖွားဆိုတာ မင်းသိင်္ခစာအုပ်ထဲက ပညာရှိလိုလို သူတောင်းစားလိုလို သုဘရာဇာတစ်ကောင်ပဲ ရိုးသားဖြောင့်မတ်မှုရှိရင် ကျုပ်လို အမည်ရင်းနဲ့ ခင်ဗျားဓါတ်ပုံကို Facebook မှာ တင်ရဲလား။ ဒေါ်စုဘာတွေလုပ်နိုင်တယ် တိတိကျကျသိချင်ရင် ဒေါ်စုကို လုပ်ပိုင်ခွင့်တွေပေးလိုက်ကြည့်ပါလား။ ခုဒေါ်စုက ဘာမှကို လုပ်ပိုင်ခွင့်တွေရသေးတာမဟုတ်ပဲနဲ့ ခင်ဗျားတို့က ဟိုဟာတွေမလုပ်ဖူး ဒီဟာတွေမလုပ်ဖူးဆိုပြီး အပြစ်ရှာနေကြတယ်။ ကျုပ်မှတ်မိသေးတယ်၊ ခင်ဗျားတို့လေသံတွေက ဟိုန၀တခေတ်က အစိုးရသတင်းစာထဲမှာ ဆောင်းပါးရေးခဲ့တဲ့ ပေါက်စတို့ လေသံမျိုးပဲ။ တကယ်တမ်းလူမျိုးရေး၊ ဘာသာရေး ပြသနာက လည်း လက်ရှိအစိုးရအပေါ်မှာ သံသယရှိစရာတွေရှိတယ်။ မြန်မာပြည်အာဏာရှင်အစိုးရရဲ့သမိုင်းမှာ ဘေးကျပ်နံကျပ်ဖြစ်လာရင် ပြည်သူတွေကို အာရုံလွဲ၊ လမ်းလွဲပေးတတ်တဲ့ အစဉ်အလာရှိတယ်။

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။