/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, September 25, 2013

.

သမ္မတဖြစ်မှ လူထုအကျိုးလုပ်နိုင်မယ့် ဒေါ်စုဟာ သမ္မတမဖြစ်သရွေ့ လူထုအတွက် ဘာမှမလုပ်ပေးနိုင်တဲ့ အသုံးမကျတဲ့ သာမန်လူတစ်ဦးပါပဲ


မနေ့က ကျွန်တော်တို့ စလုံးက မြန်မာတွေနဲ့ ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံပွဲတစ်ခုလုပ်ခဲ့ ပါတယ်။ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းရှည် တစ်ခုပြောခဲ့ပါတယ်။ မိန့်ခွန်းအပြီး မှာ ဒေါ်အောင်ဆန်းစုကြည် ကို မေးခွန်းတွေအများကြီး မေးခဲ့ကြပါတယ်။ ဒီပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရ တာ စိတ်အားတော်တော် ထက်သန်နေတာကို သတိထားမိပါတယ်။


ဒေါ်အောင်ဆန်း စုကြည်က “ကျွန်မ ဟာဝိုင်အီလို နေရာမျိုးမှာနေချင်သလား စဉ်းစားကြည့်တော့ ဟာဝိုင်အီ မှာ မနေချင်ပါဘူး.. မြန်မာနိုင်ငံထဲမှာ ပြည်သူတွေနဲ့အတူ လှုပ်ရှားရုန်းကန်ရတာ.. အတူတူ ဆင်းဆင်းရဲရဲနေ ရတာ ကိုကျေနပ်မှုရှိတယ်” ဆိုပြီး သူမရဲ့သဘောထားကို လူအများကို ထုတ်ပြောခဲ့ပါ တယ်။ လူအများက ဝိုင်းဝန်းသြဘာ လက်ခုပ်တီးပြီး ချီးမြှောက်ခဲ့ကြပါ တယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ပိုမိုလေးစား အထင်ကြီးသွားကြပါတယ်။ 

ဒါပေမယ့် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပြောဆိုမှုကို သံသယတစ်ခုဖြစ်မိပါတယ်။ နိုင်ငံခြားမှာကောင်း စား နေတာကို မနေချင်ပဲ မြန်မာပြည်သူတွေနဲ့အတူ ဆင်းရဲနေရတာ ခံချင်ပါတယ်ဆိုတဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာ မြန်မာနိုင်ငံကို အသက် ၄၀ ကျော်မှ ပြန်လာခဲ့သူဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ မှ မြန်မာနိုင်ငံကို ပြန်လာသူဖြစ်ကြောင်း မိန့်ခွန်းမပြောခင်မှာလည်း Slide ထိုးပြီး ပြသွားပါတယ်။ ဒါတောင် မိခင် ဒေါ်ခင်ကြည် နေမကောင်းလို့ ပြန်လာတာလို့ ဆိုပါတယ်။ အသက် ၄၃ နှစ် မတိုင်ခင် တောက်လျှောက် နိုင်ငံခြားသားကို လက်ထပ်ပေါင်းသင်းပြီး သားနှစ်ယောက်နဲ့အတူ ဥရောပမှာ ပျော်ရွှင် နေသူတစ်ဦးက ပြည်သူတွေနဲ့အတူ လှုပ်ရှားရ တာ.. အတူတူ ဆင်းဆင်း ရဲရဲ နေရတာကို ပိုသဘော ကျတယ် ဆိုတဲ့ စကားလုံးက အပြောနဲ့ အလုပ် ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ ၄၃ နှစ် မတိုင်ခင်ကရော အခုလို စိတ်ဓာတ်မျိုး မရှိခဲ့ဘူးလား? ဒီစကားမပြောခင်မှာ ကိုယ့်သမိုင်း ကိုယ်ပြန်လည်မသုံးသပ်မိဘူးလား? ဆိုတာ မေးခွန်းထုတ်စရာတစ်ခုပါ။                                                                                         

မိန့်ခွန်းအပြီး မေးခွန်းများကိုဖြေကြားရာတွင် ပထမဆုံးမေးခွန်း ကိုဖြေကြားချိန်၌ ဒေါ်အောင်ဆန်း စုကြည်မှ ပြည်ပရောက်နိုင်ငံသားများကို ကာကွယ်ရန်မှာ အစိုးရတစ်ယောက်တည်းမှာသာ တာဝန်ရှိတာ ဖြစ်ကြောင်း ပြောဆို ခဲ့ပါတယ်။ ပြီးမှ ရုတ်တရက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြောင်းဖို့ ပြော ဆိုခဲ့ပါတယ်။ ထို့နောက် စိတ်ဓာတ်မကျဖို့နှင့် ဒီမိုကရေစီရမှ ပြည် ပရောက် မြန်မာ များကိုကာ ကွယ်ပေးမယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယမြောက် လာဘ်ပေးလာဘ်ယူနဲ့ ပတ်သက်သောမေးခွန်းမေးမြန်းချိန်မှာ သူမသမ္မတဖြစ်ဖို့အတွက် မြန်မာနိုင်ငံပြန် လာပြီး ထောက်ခံကြဖို့ ပြောဆိုသွားပါတယ်။

ကျွန်တော်အပါအဝင် စလုံးက မြန်မာအားလုံး အထူးစိတ်ဝင်စားတဲ့မေးခွန်းကတော့“ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရင် စင်္ကာပူက မြန်မာတွေအတွက် ဘာလုပ်ပေးမလဲ”ဆိုတဲ့ မေးခွန်းပါ။ သမ္မတလုပ်မယ် အကြိမ်ကြိမ် ပြောပြီး သမ္မတလုပ်ဖို့ အခြေခံဥပဒေပြင်ဆင်ရေးကို အသည်းအသန်ကြိုးစားနေတဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီမေးခွန်းကိုဖြေဖို့ အဆင့်သင့်မဖြစ်ခဲ့ပါဘူး။ အမှန်တကယ် ဖြစ်သင့်တာက စလုံးကတင်မကဘူး.. နိုင်ငံခြားရောက် မြန်မာအလုပ်သမားတွေအတွက် ဘာတွေလုပ်ပေးမယ်..၊ အိမ်ပြန်လာဖို့ ဘယ်လိုကူညီမယ်.. ၊ ပြန်ရောက်လာရင် အလုပ်အကိုင် ဘယ်လိုရှာပေး မယ်…ဆိုတဲ့ စကားမျိုးတွေကို စလုံးက မြန်မာတွေအားလုံးက ကြားရလိမ့်မယ် မျှော်လင့်ထားတာပါ။ ဒါပေမယ့် ဒေါ်အောင်ဆန်း စုကြည် ဖက်က ပြည်သူတွေရဲ့လိုအပ်ချက်နဲ့ မျှော်လင့်ချက်ကို ဘာမှ မသိထားဘူးဆိုတာ သိသာပါတယ်။ မသိထားတဲ့အတွက် ဘာလုပ်ပေးရမယ်ဆိုတာကိုလည်း မဖြေနိုင်တော့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် မအခဲ့ပါဘူး။ ထုံးစံအတိုင်း အမေးတစ်ခြား အဖြေတစ်ခြား ကွေ့ပတ် ပြီး “သမ္မတ ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ကိုယ့်နိုင်ငံကိုယ် ပြန်ပြီး ထောက်ပံ့ကြပါ” လို့ပဲ ပြောသွားပါတယ်။ 

အကျဉ်းချုံးရရင် စင်ပေါ်မှာစကားပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတသိပ်ဖြစ်ချင်နေပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို သိပ်ပြင်ချင်နေတာကို မြင်ရတွေ့ရပါတယ်။ သမ္မတအသည်းအသန်ဖြစ်ချင်နေတဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာ သူမရဲ့ အတိတ်ဘဝက ပြုမူခဲ့တာတွေကို မသိကျိုးကျွန်ပြုနေတာ စိတ်မကောင်း ဖြစ်မိပါတယ်။ ဒါ့အပြင် သူမအနေနဲ့ လူထုအကျိုးအားလုံးကို သမ္မတဖြစ်မှသာ လုပ်ပေးမယ်လို့ ဆုံးဖြတ်ထားပြီး သမ္မတမဖြစ်ပါက ဘာမှ လုပ်နိုင်တဲ့ အရည်အချင်းမရှိသူ တစ်ဦးဖြစ်ပါတယ်။ သမ္မတဖြစ်မှ လုပ်မယ်ဆိုသည့် အရာအားလုံးအတွက်လည်း မည်သို့မည်ပုံ လုပ်ဆောင်မယ်ဆိုတာကို ကြိုတင်စဉ်းစားထားတာတစ်ခုမှ မရှိသေးတာကြောင့် အဆင်သင့်လည်း မဖြစ်သေးပြန်ပါဘူး။ 

အရင်တုန်းက မြန်မာနိုင်ငံ ဆင်းရဲတယ်.. မကောင်းဘူး… ဆိုးတယ်.. ဆိုတဲ့ စကားတွေ ကြားတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ချထားလို့ဆိုပြီး အတိုက်အခံများကပြောတာ နားထောင်ဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ကသာလွှတ်ပေးပြီး လွတ်လွတ်လပ် လပ်လုပ် ပိုင်ခွင့်ပေးလိုက်ရင် မြန်မာနိုင်ငံ ကြီးချမ်းသာသွားမယ်… အဆိုးတွေ တစ်ခုမှမရှိပဲ ကောင်း သွားမယ်… နတ်ရေကန်ထဲ ပစ်ချသလို ရုတ်ချည်း ပြောင်းလဲ သွားမယ်လို့ ပြောကြပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် လွှတ်လွှတ်လပ်လပ်လုပ်နေတာ ၃ နှစ်ပြည့် တဲ့အထိ ဘာမှမထူးခြားလာတော့ အတိုက်အခံအင်အားစုတွေက ဘာပြောရမှန်းမသိ ဖြစ်ရပါတယ်။ ခက်ခဲနေချိန် မှာပဲ ဒေါ်အောင်ဆန်းစုကြည်က ဆင်ခြေတစ်ခုကို ကိုယ်တိုင်ပေးလိုက်တာပါ။ သူမ သမ္မတ မလုပ်ရလို့ ဆိုတဲ့ အကြောင်းပြချက်ပါ။ သူမ သမ္မတလုပ်ရမှသာ မြန်မာနိုင်ငံ ချမ်းသာလာမယ်… နိုင်ငံရေးတွေ ကောင်းလာ မယ်.. စီးပွားရေးတွေ ကောင်းလာမယ်.. ပညာရေးနဲ့ လူမှုရေးတွေ ကောင်းလာမယ် ဆိုတာပါပဲ။ ဒီတော့ နောက်ဆုံးအဖြေ တစ်ခုကတော့ ဒေါ်အောင်ဆန်း စုကြည်ဆိုတာ သမ္မတရာထူးမရရင် တိုင်းပြည်အတွက် ဘာမှအလုပ်အကျွေး မရတော့ဘူးလား... စဉ်းစားစရာတွေကလည်း များလိုက်တာ.....

Credit : http://www.mmdailystar.com/2013/09/blog-post_5099.html

11 comments:

  1. ပို့စ် ရေးတဲ့အကောင် မင်းကတော်တော်
    ရေးနှိင်တဲ့အကောင် မင်းကြည်ရတာ
    လက်အငြိမ် မနေနှိုင်ဘူးနဲ့တူတယ်
    မနေနိုင်ရင် ငါလီကိုအရေထွက်အောင်
    လာထုပေး ဟုပ်ပီလား။
    သခိုးလိုလို ကျမ်းပိုးလိုလိုနဲ့
    ကိုယ့်အတွက်ရေးတဲ့စာဆိုရင် တခြားနေရာ
    မှာသွားရေး
    အများပြည်သူဖတ်တဲ့ ဒီလိုစာမျက်နှာမှာ
    လာမရေးပါနဲ့။
    တောင်းပန်ပါတယ်ဗျား။

    ReplyDelete
  2. ဟာကွက်ဆိုတာထောက်ပြရမယ်လေ ပိုစ့်ရေးတာလဲဟုတ်နိုင် တာပဲ hero

    ReplyDelete
  3. ပိုစ့်ရေးတဲ့သူကအားနည်းချက်ကိုတစ်ဖက်သတ်အမြင်နဲ့မြင်တတ်ပြီးတစ်ခြားလူကိုအထင်သေးနှိမ့်ချတတ်သူဘဲ။စိတ်ကောင်းရှိသူမဖြစ်နိုင်ပါ။

    ReplyDelete
  4. singapore က မြန်မာတွေကို ဘာလုပ်ပေးမလဲ ဟုတ်လား
    မေးရက်လိုက်တာ။ မြန်မာပြည်ထဲမှာ ထမင်းတောင် ဝဝလင်လင်
    မစားရသူတွေ သန်းနဲ့ချီ ရှိနေတာ အားနာပါဦး။jobless တွေလဲ
    တပုံတပင်။
    သူတို့ ကိစ္စတွေကို အရင်ပေးရှင်းပါစေလား။
    singapore က သူတွေ ဒုက္ခရောက်နေတယ်ဆိုရင်လဲ
    အဟာရ ပြည့်ဖြိုးစွာ စားသောက်နေရပြီး လစာသိန်းချီ
    ရနေရင်းနဲ့ ရောက်နေကြတဲ့ ဒုက္ခတွေပါ။
    ကိုယ့်ထက် ဒုက္ခ ပိုရောက်တဲ့ သူတွေ ကို အရင်ရှင်းပေးပါစေ။
    နောက်တခုက မင်းတို့ မြန်မာပြည် ပြန်လာရင် singapore မှာ
    ရနေတဲ့ လစာအတိုင်း ဒီမှာ ရဖို့ ဒေါ်စုကို အာမခံ ခိုင်းချင်လို့လား။
    နောက်ပြီး မင်းသိအောင်ပြောရဦးမယ်။
    မြန်မာပြည်ကြီး အလျှင်အမြန်တိုးတက်ဖို့ ဆိုရင် လူပြောင်းဖို့
    လိုနေပြီ။ ဗိုလ်ချုပ်လို လူထုချစ်တဲ့ အမျိုးသားခေါင်းဆောင်
    တယောက် အမြန်လိုနေပြီ။ အစိုးရပြောတာကို လူတွေ လိုက်လုပ်
    လိုက်နာ နိုင်မှ စည်းကမ်းရှိပြီး တိုးတက်တဲ့ နိုင်ငံ ဖြစ်မှာ။
    လူတွေ လိုက်နာချင်အောင်လဲ အစိုးရဟာ လူထု အစိုးရ
    ဖြစ်ရမယ်။
    သူရဲကောင်းဆိုတာ တချိန်လုံး ပေါ်မနေဘူး။ အကျိုးအကြောင်း
    တိုက်ဆိုင်မှ ပေါ်လာတာ။
    သူများမပြောနဲ့ ဒေါ်စု မြန်မာပြည်မှာရှိနေချိန် ခု မင်းက
    ဘယ်မှာလဲ။ သူမရဲ့ မိသားစု တကွဲတပြားအဖြစ်ကို
    မင်းကိုယ်ချင်းစာနိုင်ရင် နားလည်ပါလိမ့်မယ်။

    ReplyDelete
  5. မျှမျှတတ စဉ်းစားတတ်ပါစေ။ အမြင် ကျယ်တဲ့ နိုင် ငံရပ်ခြားကို တစ်ကိုယ်ကောင်းဆန်စွာ ထွက်
    သွားပြီး ဒီလောက်ပဲ တွေးတတ်တာ သနားမိပါတယ်။
    ပြန်လာလို့မရလို့ ပြန်မလာနိုင် ပဲ နေတဲ့သူနဲ့ ငတ်တာကြောက်လို့ ပြေးတဲ့ သူနဲ့ ဘယ်သူဟာ ဘယ်လိုစိတ်ဓါတ် ရှိတယ်ဆိုတာ
    ငါးပိစားပြီး ဥာဏ် ရှိတဲ့ မြန်မာနိုင် ငံသား တိုင်းသိ
    တယ်။ IQ မြင့် ရင်ပြန်လာပါ ။ ဘူးသီးမှ ဒေါ်စု မ တော်ပါနဲ့။

    ReplyDelete
  6. ပိုစ့်ရေး တဲ့လူ မင်းရောသူတစ်ပါးအကျိုး ဘယ်လောက်ပြုဘူးလို့လဲ ကိုယ်ကိုယ်တိုင်လဲ ပြန်ပြီး ဝေဖန်ကြည့်ပါအုံး မင်းရောလုထုအတွက်ထောင်ထဲဘယ်နှစ် ရက်နေဖူးလို့ လဲ။ ဒေါ် ဆုပါတီရပ်တည်လာတာ၂၅နှစ် ရှိပြီ မနက်ဖြန်ပဲငွေရတုကျင်းပ တော့မယ် ပြည်သူအတွက်အကျိုးပြုနေတဲ့လူကို မင်းလိုအ ချေအမြစ်မရှိတဲ့လူက ဝေဖန် ရ သေးတယ် ကိုယ့်အဆင့်အတန်းကိုယ်ပြန်ကြည့်ကွာ၊။

    ReplyDelete
  7. ဘယ်​သူ ​တွေ ဘာပဲ​ပြော​ပြော တကယ်​မတိုးတက်​​သေးတာ ပြည်​သူ​တွေပဲ ဘယ်​သူ့ကို ​မျှော်​​နေရမှာလဲ

    ReplyDelete
  8. လူအကျိုးပြုတယ်သမ္မတဖြစ်မှလုပ်ရလျင်ကျော်သူ စီပညာသင် လိုက်အုးံပါလား အာဏာရှူး

    ReplyDelete
  9. အောင်ဆန်စုကြည်နေရာမှာ နောက်တစ်ယောက်သာဆို ဒီလိုတော့သမ္မတဖြစ်ချင်တယ်လို့ပြောမှာမဟုတ်ဘူးနဲ့တူတယ် ဒါကရဲရဲဝံ၀ံပြောရဲတာမဟုတ်ဘူး အတ္တတွေများပြီးတော့ အရှက်မရှိတော့တာ

    ReplyDelete
  10. စိတ်မကောင်းဘူးဗျာ မြန်မာတွေအချင်းပဲ၊ဒီလောက်မပြောကြပါနဲ့။ညီညွတ်တဲ့မြန်မာပြည်ဆီသွားကြဖို့ လူတိုင်းမှာတာဝန်ရှိတာပါ။ ဟုတ်တယ်ခင်ဗျားရောကျွန်တော်ရော ၊ဒေါ်စုရော အားလုံးရောတာဝန်ကိုယ်စီရှိတယ် လေ။အားလုံးညီညွတ်ပြီးတိုင်းပြည်ကောင်းအောင်လုပ်ဖို့ ဒေါ်စုက အားလုံးစုချည်လို့ရတဲ့ ချည်တိုင်လေးလို့ သဘောထားပါ။

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။