/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, September 25, 2013

.

ထားဝယ်အထူး စီးပွားရေးဇုန် အကောင်အထည်ဖော်ရေး အရှိန်မြှင့် ဆောင်ရွက်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ထိုင်းဝန်ကြီးချုပ် ယင်လတ်ခ်တို့ သဘောတူ

ထားဝယ်အထူး စီးပွားရေးဇုန် အကောင်အထည်ဖော်မှုကို အရှိန်မြှင့် ဆောင်ရွက်ရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ထိုင်းဝန်ကြီးချုပ် ယင်လတ်ခ်ရှင်နာဝပ်ထရာနှင့် ဘန်ကောက်မြို့ အစိုးရအိမ်တော် ၌ စက်တင်ဘာ ၂၃ ရက်က တွေ့ဆုံစဉ် သဘောတူညီခဲ့ကြောင်း ဘန်ကောက်ပို့စ် ၀က်ဘ်ဆိုက်တွင် ဖော်ပြ ထားချက်အရ သိရသည်။


ထိုင်းနိုင်ငံသို့ ငါးရက်ကြာ ခရီးရောက်ရှိနေသည့် သူရဦးရွှေမန်းအား ၀န်ကြီးချုပ် ယင်လတ်ခ်က မိမိတို့ အစိုး ရ ဌာနများမှ အရာရှိများ အနေဖြင့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်ဓာတ်အားနှင့် ရေသုံးစွဲရေးများ ကဲ့သို့သော အခြေခံ အဆောက်အအုံဆိုင်ရာ လေ့လာမှုများကို လုပ်ဆောင်ခဲ့ကြောင်း ပြောကြားသည်။

"ထိုင်းနဲ့ မြန်မာနိုင်ငံတို့ အနေနဲ့ ဒီစီမံကိန်းကို ဆက်လက်ပူးပေါင်း လုပ်ဆောင်ဖို့နဲ့ ထားဝယ်ရေနက်ဆိပ် ကမ်း စီမံကိန်းကနေ ရရှိမယ့် အကျိုးအမြတ်တွေနဲ့ ပတ်သက်ပြီး ပြည်သူတွေကို အသိပေးဖို့ လိုအပ်ပါတယ်" ဟု ယင်လတ်ခ်က ပြောကြားသည်။

၁၀ နှစ်ကြာမည့် ရေနက်ဆိပ်ကမ်း တည်ဆောက်မှုတွင် သင်္ဘောကျင်းများနှင့် ပြုပြင်ထိန်းသိမ်းရေး အလုပ် ရုံများ၊ သံမဏိစက်ရုံ၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံ၊ ကားလမ်းနှင့် ထားဝယ်မှ ဘန်ကောက်သို့ တိုက်ရိုက် ချိတ်ဆက်မည့် ရထားလမ်း ဖောက်လုပ်မှုတို့ ပါဝင်မည် ဖြစ်သည်။

ထားဝယ်ရေနက်ဆိပ်ကမ်း အကောင်အထည်ဖော်ရေး စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံရေး အစီအစဉ်ကို ထိုင်း အစိုးရ အဖွဲ့က ယခုနှစ် မေလအတွင်း အတည်ပြုခဲ့ပြီး အဆိုပါ အစီအစဉ်အရ ထိုင်းဘဏ္ဍာရေးဝန်ကြီး ဌာန အနေဖြင့် ထိုင်းအိမ်နီးချင်း နိုင်ငံများ စီးပွားရေး ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Thailand's Neighbouring Countries Economic Development -NEDA) ကို ထားဝယ်အထူး စီးပွားရေးဇုန် ဖွံ့ဖြိုး ရေး ကုမ္ပဏီတွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုထားကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် စက်တင်ဘာ ၂၆ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက် ရှိမည်ဖြစ်ကြောင်း သိရသည်။ 

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။