/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, August 14, 2013

.

ကရင်ပြည်နယ် ကော့ကရိတ် ရဲစခန်းအား DKBA တပ်ဖွဲ့က လက်နက်ဖြင့် ၀ိုင်းသည့်ပုံစံမျိုး ဖြစ်ပေါ်ခဲ့

ကရင်ပြည်နယ်ရှိ ကော့ကရိတ် ရဲစခန်းအား သြဂုတ် ၁၂ ရက် နေ့လယ်တွင် DKBA (တိုးတက်သော ဒီမိုက ရေစီ ကရင်အကျိုးပြု တပ်မတော်)က လက်နက်ဖြင့် ၀ိုင်းခဲ့သည့်ပုံစံမျိုး ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


ကော့ကရိတ် ဒေသခံများ၏ ပြောကြားချက်အရ သြဂုတ် ၁၂ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် DKBA တပ် ဖွဲ့ ၀င် ၄၀ ဦးခန့်က ကော့ကရိတ် ရဲစခန်းအား လက်နက်ဖြင့် ၀ိုင်းခဲ့သည့်ပုံစံ ဖြစ်ပေါ်ခဲ့ပြီး နေ့လည် ၁၂ နာရီ မိနစ် ၄၀ ခန့်တွင် ပြန်လည်ဆုတ်ခွာ သွားခဲ့ကြောင်း သိရသည်။

ထိုသို့ ၀ိုင်းခဲ့သည့် ဖြစ်ရပ်သည် မည်သည့်ကိစ္စကြောင့် ဖြစ်သည်ကို တိတိကျကျ မသိရှိရဘဲ သြဂုတ် ၁၀ ရက်က ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ဆက်စပ်မှုရှိနေပြီး DKBA နှင့် ဆက်နွှယ်သော ဂိမ်းဆိုင်များအား ကော့ကရိတ် ရဲစခန်းမှ ၀င်ရောက်ရှာဖွေခြင်းများ ပြုလုပ်ခဲ့ကာ ဖမ်းဆီးခြင်းများ မရှိခဲ့သော်လည်း ဆိုင်မှ ပစ္စည်းအချို့ကို သိမ်းယူသွားခြင်းများ ရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

"ခရိုင်ရဲတပ်ဖွဲ့ ဝင်တွေက စီမံချက်နဲ့ လောင်းကစားဝိုင်း (ဂိမ်းဆိုင်)တွေကို ၀င်ဖမ်းတယ်။ ပစ္စည်းတွေကို သော့ပိတ်ပြီး ထားခဲ့တယ်။ နောက်နေ့တော့ ရဲစခန်းကို သယ်သွားတယ်။ ဒါကြောင့် DKBA တပ်ဖွဲ့ ဝင် ၄၀ လောက်က ရဲစခန်းကိုလာပြီး ပစ္စည်းပြန်ရဖို့ ပြန်တောင်းတယ်။ ရဲစခန်းကလည်း တံခါးပိတ်ပြီး အသင့်အ နေအထား ယူခဲ့တယ်။ အဲဒီနေ့ ၁၂ နာရီ မိနစ် ၂၀ လောက်မှာ တစ်ခါ ခရိုင်ရဲတပ်ဖွဲ့ရုံးကို သွားတယ်။ နေပြည်တော်ကို ဆက်သွယ်ပြီး ဖြေရှင်းတယ် ထင်တယ်။ ခဏကြာတော့ ပြန်သွားကြတယ်။ ညကျတော့ စစ်တပ်က ရဲစခန်းထဲဝင်ပြီး နေရာယူတယ်။ မနေ့က တစ်မြို့လုံး စိုးရိမ်နေတယ်။ ဒီနေတော့ ဘာသံမှ မ ကြားသေးဘူး" ဟု ကော့ကရိတ် မြို့ခံတစ်ဦးက သြဂုတ် ၁၃ ရက်တွင် ပြောကြားခဲ့သည်။

"၀ိုင်းတာမဟုတ်ပါဘူး။ လူကြီးချင်း တွေ့ကြတာပါ။ မနေ့က အဲဒီသတင်းနဲ့ ပတ်သက်ပြီး ကော့ကရိတ် ဆက် ဆံရေးရုံးကို လှမ်းမေးကြည့်ပါတယ်။ သူတို့က ၀ိုင်းတာမဟုတ်ဘူးလို့ ပြန်ပြောပါတယ်။ လူကြီးချင်းတွေ့တော့ DKBA ဘက်က ဗိုလ်ကြီးနှစ်ယောက် ပါပါတယ်။ သူတို့သွားတဲ့အခါ သူတို့မှာ လုံခြုံရေး ရဲဘော်တွေ ပါသွား ပါတယ်။ အဲဒါကြောင့် လူများသွားတာပါ။ လူ ၄၀ လောက် ၀ိုင်းတယ်ဆိုတာ မဟုတ်ပါဘူး" ဟု မြ၀တီမြို့မှ DKBA အရာရှိ တစ်ဦးက ပြောကြားသည်။ ကော့ကရိတ် ရဲစခန်းသို့ မည်သည့်ကိစ္စဖြင့် သွားရောက်သည် ဆိုသာ ကိစ္စနှင့် သြဂုတ် ၁၀ ရက်က ဖြစ်ခဲ့သော ကိစ္စရပ်များကို ၎င်းအနေဖြင့် တိတိကျကျ မသိရှိကြောင်း DKBA အရာရှိက ပြောကြားသည်။

"DKBA တွေက ကော့ကရိတ်ရဲစခန်းကို လာဝိုင်းတယ်ဆိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရဲတပ်ဖွဲ့ဝင်တွေကအိမ် နှစ်အိမ်မှာ တရားမ၀င် ဖွင့်လှစ်ထားတဲ့ ဂိမ်းဆိုင်နှစ်ဆိုင်ကို ဖမ်းဆီးချိတ်ပိတ်ခဲ့တယ်။ ဒါ့ကြောင့် DKBA တွေ က သူတို့ဂိမ်းစက်တွေပါ ဆိုပြီးတော့ ကော့ကရိတ် ရဲစခန်းမှာ လာပြန်တောင်းတဲ့ ဖြစ်စဉ်တစ်ခုပါ။ ဒါပေမဲ့ ဥပဒေကြောင်းအရ တရားမ၀င် ဂိမ်းဆိုင်ဖွင့်ထားတဲ့ သူတွေကို အရေးယူထားတဲ့အပြင် သူတို့လာပြီးတောင်း တဲ့ ဂိမ်းစက်တွေကိုလည်း ဥပဒေအရပဲ ဆက်လက်ဆောင်ရွက် ထားပါတယ်" ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာန ချုပ် လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်က သြဂုတ် ၁၃ ရက်တွင် The Daily Eleven သို့ ပြောကြားခဲ့သည်။

သြဂုတ် ၁၂ ရက်က ဖြစ်ပွားခဲ့သော ကိစ္စရပ်နှင့် ဆက်စပ်ပြီး ထိုနေ့ညပိုင်းနှင့် သြဂုတ် ၁၃ ရက် နံနက်ပိုင်း များတွင် မြ၀တီမြို့ပေါ်၌ ကရင်တိုင်းရင်းသား လက်နက်ကိုင်များအကြား လှုပ်ရှားမှု အနည်းငယ် ရှိခဲ့သော် လည်း သြဂုတ် ၁၃ ရက် မွန်းလွဲပိုင်းတွင်မူ တည်ငြိမ်သွားကြောင်း မြ၀တီမြို့ ဒေသခံတစ်ဦးက ပြောကြား သည်။

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။