/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, August 14, 2013

.

အင်္ဂလိပ်အက္ခရာ နံပါတ်ကားများ အာဆီယံနိုင်ငံတွင်း မောင်းနှင်နိုင်မည်



အင်္ဂလိပ်အက္ခရာ နံပါတ်ကားများ အာဆီယံနိုင်ငံတွင်း မောင်းနှင်နိုင်မယ်လို့ ကုန်းလမ်းပို့ဆောင် ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။ ‘အင်္ဂလိပ် အက္ခရာကားတွေ အာဆီယံ နိုင်ငံအတွင်း မောင်း နှင်နိုင်ဖို့ အာဆီယံ နိုင်ငံတွေနဲ့ သဘောတူညီချက် ယူထားတယ်၊


အာဆီယံ နိုင်ငံအတွင်း လမ်းတွေဖောက်နေတယ်၊ မောင်းနှင်နိုင်ဖို့ စာချုပ် ချုပ်ထားတယ်’ လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းလွင်က ပြောပါတယ်။ အင်္ဂလိပ်အက္ခရာ နံပါတ်ကားတွေကို ၂-၇-၂၀၁၃ က စတင်ပြီး နံပါတ်ထုတ်ပေး ခဲ့တယ်လို့ သိရပါတယ်။ အင်္ဂလိပ်အက္ခရာ နံပါတ်ထုတ်ပေးစဉ်က 4F-8000 နဲ့စပြီးယနေ့ 6F-4592 အထိ ရောက်နေပြီလို့ သိရပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ ဒေသအလိုက် အင်္ဂလိပ်အက္ခရာ ပြောင်းလဲ တပ်ဆင်ထားတဲ့ ယာဉ်စီးရေ ၅၀,၀၀၀ ကျော်ခန့် ရှိတယ်လို့ သိရပါတယ်။ ကိုယ်ပိုင်ယာဉ်နဲ့ အငှားယာဉ်တွေကို ယခင်အရောင်အတိုင်း အင်္ဂလိပ်အက္ခရာ ဒေသကုတ်နဲ့ ပြောင်းလဲ တပ်ဆင်ထားတယ်လို့ သိရပါတယ်။ 

အဲသည်လို ပြောင်းလဲတဲ့အခါ နိဗ္ဗာန်ယာဉ်ဆိုရင် အနက်ရောင် အောက်ခံ HSE, သုံးဘီးယာဉ် နံပါတ်ပြားက 5U, ခရီးသွားလုပ်ငန်းသုံး ကားဆိုရင် အပြာရောင် အောက်ခံမှာ NPW နဲ့ ထော်လာဂျီတွေကိုတော့ 9V အဖြစ် ပြောင်းလဲ သတ်မှတ်ထားတယ်လို့ သိရကြောင်း သိရှိရသည်။

ကုမုဒြာ

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။