/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, August 14, 2013

.

အစိုးရနှင့် အားကစား အဖွဲ့ချုပ်များအကြား အမြဲရှင်သန် အားကောင်းနေသည့် ဆက်ဆံရေး ထူထောင်ရန် လိုအပ်ကြောင်း ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ပြောကြား

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး၊ မြန်မာအားကစားအဖွဲ့ အောင်နိုင် Aရးတို့အတွက် ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် အားကစားနည်းအလိုက် အဖွဲ့ချုပ် ဥက္ကဋ္ဌများနှင့် ညှိနှိုင်း အစည်းအဝေးကို သြဂုတ် ၁၃ ရက်၌ နေပြည်တော်ရှိ အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ရာ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးဥာဏ်ထွန်း တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။


ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက "အစိုးရနှင့် အားကစားအဖွဲ့ချုပ်များ အကြားတွင် အမြဲရှင်သန်အားကောင်း နေသည့် ဆက်ဆံရေး ထူထောင်ရန် လိုအပ်ကြောင်း၊ အဆိုပါကဲ့သို့ ဆက်ဆံရေး ထူထောင်ရန်အတွက် မကြာခဏ ထိတွေ့ဆက်ဆံရန်၊ ပူးပေါင်းဆောင်ရွက်ရန်၊ အပြန်အလှန် လေးစားမှုရှိရန် လိုအပ်ပြီး အားက စားဖွံ့ဖြိုး တိုးတက်ရန် သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှာ ပါဝင်ဆောင်ရွက်နေသည့် တာဝန်ရှိသူများ အနေ နှင့် ဘဏ္ဍာရေးနှင့် နည်းစနစ်ပိုင်းမှာ တာဝန်ရှိမှုနှင့် တာဝန်ခံမှုရှိရန် လိုအပ်ကြောင်း" ပြောကြားသည်။

ထို့အပြင် အစိုးရနှင့် အားကစား အဖွဲ့ချုပ်များအကြား နှစ်ဦးနှစ်ဖက် လိုအပ်ချက်များကို အပြန်အလှန် လေး စား မှုဖြင့် ဖြေရှင်းပေးရန် လိုအပ်ကြောင်း၊ သို့ဖြစ်၍ မိမိအနေဖြင့် အဖွဲ့ချုပ် အသီးသီးမှ တာဝန်ရှိသူများနှင့် ထိတွေ့ခဲ့ကြောင်း၊ ယင်းကဲ့သို့ ထိတွေ့ဆက်ဆံမှုများကြောင့် အဖွဲ့ချုပ် အသီးသီး၏ အောင်နိုင်စိတ် ပြင်းပြ စွာဖြင့် တက်ကုန်ရွက်ကုန်ဖွင့် ကြိုးပမ်းအားထုတ်နေသည်ကို အားတက်ဖွယ် တွေ့မြင်နေရကြောင်း ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းက ဆက်လက်ပြောကြားသည်။

ယခုကာလသည် နိုင်ငံတော်၏ စီးပွားရေး အခွင့်အလမ်း ကောင်းများကို ဂုဏ်ယူပြသနိုင်ရန်အတွက်စိန်ခေါ် မှုများကို တွေ့ကြုံနေရသည့် ကာလလည်းဖြစ်ကာ ယင်းစိန်ခေါ်မှုများကို နိုင်ငံတော် အစိုးရနှင့်အတူ အား ကစားအဖွဲ့ချုပ် အသီးသီး၏ ကြိုးပမ်းအားထုတ်မှုများဖြင့် နိုင်ငံတော်အတွက် ခမ်းနားကြီးကျယ်သောသမိုင်း ၀င် ဖြစ်ရပ်ကြီးအဖြစ် ပြောင်းလဲနိုင်မည့် အခွင့်အလမ်း ကောင်းကြီးအဖြစ် ယုံကြည်ထားကြောင်းကိုလည်း ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ထည့်သွင်းပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။