/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, July 10, 2013

.

မန်းမှကုန်သည်အသင်းနှင့် ထိုင်းကုန်သည်ကြီးများအသင်းတို့ ပူးပေါင်းကာ MBA သင်တန်းဖွင့်မည်

မန္တလေးတိုင်း ကုန်သည်/စက်မှုအသင်းနှင့် ထိုင်းနိုင်ငံ ကုန်သည်ကြီးများအသင်းတို့ ပူးပေါင်းကာ စီပွားရေး စီမံခန့်ခွဲမှု မဟာဘွဲ့ (MBA) သင်တန်းဖွင့်လှစ်ရန်အတွက် အပြီးသတ်သဘောတူ လက်မှတ်ရေးထိုး လိုက်ပြီဖြစ် ကြောင်းစုံစမ်းရရှိသည်။


“မန္တလေးမှာ MBA သင်တန်း ဖွင့်လှစ်နိုင်ခြင်းအားဖြင့် အထက်မြန်မာပြည်က စီးပွားရေးပညာကို စိတ်ဝင် စားတဲ့ လူငယ်တွေအတွက် နိုင်ငံတကာစီးပွားရေးပညာရပ်တွေကို အလွယ်တကူသင်ကြားခွင့်ရရှိ သွားမှာပါ” ဟု မန္တလေးတိုင်း ကုန်သည်/ စက်မှုအသင်း ဥက္ကဋ္ဌဦးအောင်ဝင်းခိုင်က မဇ္ဈိမကိုပြောသည်။ ထိုသင် တန်းကို တက်ရောက်လိုသူများသည် ဇူလိုင် ၃၁ ရက် နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ပြီး ၀င်ခွင့်စာမေးပွဲကို သြဂုတ်လ ၃ ရက်တွင် ဖြေဆိုရမည်ဖြစ်သလို လူတွေ့စစ်မေးမှုကို သြဂုတ် ၄ ရက်တွင် ပြုလုပ်မည်ဟုဆိုသည်။ သင်တန်းကာလမှာ နှစ်နှစ်ကြာမြင့်မည်ဟုလည်း စုံစမ်းရရှိသည်။

သင်တန်းသို့ စာရင်းပေးသွင်းကြေးမှာ ငွေကျပ် ၁၈၀၀ သာရှိသော်လည်းသင်တန်း ကာလနှစ်နှစ်စာအတွက် သင်တန်းကြေးမှာမူ အမေရိကန်ဒေါ်လာ ၉၅၀၀ ဖြစ် သည်ဟု ထုတ်ပြန်ထားသည်။ 

ကြိုတင်လေ့လာ သင်ယူသည့် အနေဖြင့် သင်ယူ သူများသည် တစ်ဘာသာလျှင် အမေရိကန်ဒေါ်လာ ၂၅၀ နှင့် လေး ဘာသာသင် ယူရမည်ဖြစ် သည်။ ယခုကိစ္စကို ပူးတွဲဆောင်ရွက်မည့် ထိုင်းကုန်သည် ကြီးများ အသင်း၏ အဖွဲ့ခေါင်းဆောင် ဒေါက်တာ ချက်ကရီစီရီမွန်းက သင်တန်းလုပ်ရခြင်း ရည်ရွယ်ချက်မှာ “မြန်မာနိုင်ငံရဲ့ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက် ပေးလို တာက အဓိကအချက်ဖြစ်ပါတယ်” ဟု ဆိုသည်။

ထို့ပြင် “မြန်မာနိုင်ငံမှာ စီးပွားရေးတွေ ဖွံ့ဖြိုးတိုးတက်လာ တာနဲ့အမျှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုး တက်မှု က လည်း အရေးကြီးလားပါတယ်။ ဒါကြောင့် ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံ ပူးပေါင်းပြီး ပိုမိုဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟုလည်း သူကရှင်း ပြသည်။ မန္တလေးတွင် ဖွင့်မည့် MBA သင်တန်းတွင် ထိုင်းနိုင်ငံမှ ဆရာများသာ မက အမေရိကန်၊ အင်္ဂလန်၊ တရုတ်၊ စင်ကာပူနှင့် တောင်ကိုရီးယားစသည့် နိုင်ငံများမှ ဆရာများလည်းပါဝင်ကြောင်း ဒေါက်တာချက်ကရီစီရီမွန်းက ဆက် ပြောကြား ခဲ့သည်။

Article source: http://www.mizzimaburmese.com/news/breaking-newsbrief/12437----mba-.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။