/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, July 10, 2013

.

ရှမ်းနီ သတင်းဌာန ဗုဒ္ဓဂါယာ ဗုံးပေါက်ကွဲမူအတွက် ရှမ်းနီ သတင်းဌာန၏ သဘောထား



ဗုဒ္ဓဘာသာသည် ငြိမ်းချမ်းရေးကို ရှေးရူသော ဘာသာတရား တစ်ရပ်ဖြစ်ပြီး အကြမ်းဖက်မူမှန်သမျှကို အားပေးခြင်းမရှိသော ဘာသာ တစ်ရပ်ဖြစ်ကြောင်း ရှမ်းနီသတင်းဌာနက ယုံကြည်သည်။


ယနေ့ ဇူလိုင်လ ၇ ရက်နေ့ ဗုဒ္ဓဘုရားပွင့်တော်မူရာ ဗောဓိညောင်ပင် ရင်း၌ ဗုံးပေါက်ကွဲမူဖြစ်ပွားကြောင်း ခိုင်လုံသော သတင်း အချက် အလက် များအရသိရသည်။

အဆိုပါနေရာဌာနသည် တစ်ကမ္ဘာလုံးရှိ ဗုဒ္ဓ ဘာသာဝင်များ၏ အထွဋ် မြတ်ထားရာ သမိုင်းဝင် နေရာထူးတစ်ခုလည်းဖြစ်သည်။

အဆိုပါလုပ်ရပ်သည် ဗုဒ္ဓဘာသာအပေါ် နားလည်မူလွဲမှားသော ဘာသာရေးအစွန်းရောက် ပုဂ္ဂိုလ်များ၏ ယဉ်ကျေးမူမရှိသော လုပ်ရပ်ဖြစ်သည်ဟုလည်း ယုံကြည်သည်။

အဆိုပါဖြစ်ရပ်သည် ကမ္ဘာ့ဘာသာကြီးများဖြစ်ကြသော အစ္စလမ်ဘာသာဝင်များ၏ မက္ကာဒေသ၊ ခရစ်ယာန်ဘာသာများ၏ ဘာတီကန် ဒေသ အစရှိသော ဒေသများကဲ့သို့ အရေးပါသော နေရာတစ်ခု ဟုလည်း ယူဆသည်။

ယခုဖြစ်ပွားသော ဗုဒ္ဓဂါရာဗုံးပေါက်ကွဲမူသည် ဇူလိုင်လထုတ် Time Magazine၏ ဇူလိုင်လ Issue၏ မျက်နှာဖုံးနှင့် ဆောင်းပါးပါ ဖော်ပြချက်များနှင့် ဆက်စပ်မူရှိမည်ဟုလည်း ယူဆသည်။

ရှမ်းနီလူမျိုးများသည် ဗုဒ္ဓဘာသာကို ရှေးအစဉ်အဆက် ကိုးကွယ်ခဲ့ကြသူများဖြစ်ပြီးအခြားဘာသာများ၏ ဖြစ်သည်မူကိုလေးစားလျှက် ရှိသည်။

ယခုဖြစ်ရပ်သည် ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်သူများအားလုံးအား ရိုင်းပြစော်ကား မလေးမစား ပြုလုပ်သော လုပ်ရပ်တစ်ခုဖြစ်ကြောင်း ရှမ်းနီသတင်းဌာနက ယုံကြည်ယူဆလျှက် ထိုလုပ်ရပ်အား ပြုလုပ်ခဲ့သော လူပုဂ္ဂိုလ်နှင့် ထောက်ခံမူ ပေးသော အဖွဲ့အစည်းအားလုံး အားလည်း ရှမ်းနီသတင်းဌာနက ရူံ့ချသည်။

အဆိုပါဖြစ်ရပ်တွင် ထိခိုက် ခံစားခဲ့ရသော ရဟန်းရှင်လူပုဂ္ဂိုလ်များအားလုံးအားလည်း ဒဏ်ရာများမှ အမြန်ဆုံးပြန်လည်သက်သာပါစေကြောင်း ရှမ်းနီသတင်းဌာနကဆုမွန်ကောင်းပါးအပ်ပါသည်။

သက်ဆိုင်ရာ အစိုးရအနေဖြင့်လည်း လက်သည်တရားခံ နှင့် ဆက်သွယ်ဆောင်ရွက်ရန်စေခိုင်းခဲ့သော အဖွဲ့အစည်းများအား ရှာဖွေဖော်ထုတ်ကာ ဥပဒေအရ အမြန်ဆုံးအရေးယူသင့်ကြောင်း ရှမ်းနီ သတင်း ဌာနက တိုက်တွန်းသည်။

From: ရှမ်းနီသတင်းဌာန

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။