/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, July 10, 2013

.

မျိုးစောင့်ဥပဒေကြောင့် နာလည်းနာ နံလည်းနံ အခြေအနေ ဖြစ်သွားမည်ကို စိုးရိမ်ဟု ကိုကိုကြီးဆို



ဗုဒ္ဓဘာသာအား နိုင်ငံတကာအလယ်၌ အကြမ်း ဖက်မှုဘာသာအဖြစ် ပုံရိပ်ထင်ဟပ် နေချိန်တွင် သာသနာနှင့် ပတ်သက်၍ စိုးရိမ်မှု လွန်ကဲပြီး ကြိုတင် ကာကွယ်မှုများ တစ်ချိန် တည်း၌ လုပ်ဆောင်မည် ဆိုလျှင် နာလည်းနာ၊ နံလည်းနံ အခြေအနေ ဖြစ်သွားမည်ကို စိုးရိမ် ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုကိုကြီး က ပြောသည်။


ဇူလိုင်လ ၉ ရက်က အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက် ၌ ပြုလုပ်ခဲ့သော အမျိုးဘာသာ သာသနာနှင့် ဗုဒ္ဓဘာသာ အပါ အဝင် တိုင်းရင်းသားပေါင်းစုံအတွက် လိုအပ် လျက်ရှိသော ကာကွယ်စော င့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းနိုင်ရန် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသော ၄င်းက မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာ၊ သာသနာ ပျောက်ကွယ်သွားမည် စိုးရိမ်စိတ်ဖြင့် မျိုးစောင့် ဥပဒေ ပြ ဋ္ဌာန်းနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေမှုအပေါ် ယခုလိုသုံး သပ် ပြောကြားခဲ့ခြင်းဖြစ်သည်။

''ပထမအဆင့်က စိုးရိမ်ဖွယ်ဖြစ်နေပြီ။ ကိုယ့်ဘာသာသာသနာနဲ့ ပတ်သက်လို့အန္တရာယ် ရှိနေပြီဆိုတာကို အားလုံးက လေး လေးနက်နက် ခံယူပြီလား၊ အဲဒီမှာကို သဘောတူညီမှုတစ်ခု ရအောင် အခြေခံအကျဆုံး အဆင့်ကနေ စပြီး ကိုင်ကွယ်ဖို့ လိုပါတယ်''ဟု ကိုကိုကြီးက ပြော သည်။

လက်ရှိအချိန်၌ ယင်းကိစ္စထက် နိုင်ငံ တကာအလယ်၌ လူမျိုးတုံး သတ်ဖြတ်ခြင်း၊ လူမျိုးစုရှင်းလင်းခြင်း၊ အကြမ်းဖက်ဘာသာအဖြစ် ကျဆင်းနေသော ဗုဒ္ဓဘာသာ၏ ပုံရိပ်ကို ပြန်လည်မြှင့်တင် ရန် လုပ်ဆောင် ရမည်ဖြစ် ကြောင်း၊ ဗုဒ္ဓဘာသာသည် အကြမ်းဖက် သတ် ဖြတ်မှုကို လိုလားသောဘာသာမဟုတ်ကြောင်း ပုံရိပ်ကို ပြန်လည်ပြသနိုင်ရန် လိုအပ် ကြောင်း ၄င်းကဆိုသည်။

အမျိုးဘာသာ သာသနာ ပျောက်ကွယ်မည် စိုးရိမ်၍ ဥပဒေပြဋ္ဌာန်းရန် စီစဉ်လျက်ရှိသော မျိုးစောင့်ဥပဒေ နှင့် ပတ်သက်၍ သဘောထားကွဲလွဲ မှုများ ဖြစ်ပေါ်လျက်ရှိပြီး ယခုကဲ့သို့ မတူညီ သော သဘောထားများ ထွက်ပေါ်လာ ခြင်းအပေါ် ကြိုဆိုကြောင်း၊ ဥပဒေသည် အမျိုးသမီးများ၏ လွတ်လပ်စွာဆုံးဖြတ် ချက်ကို ဟန့်တားခြင်း မဟုတ်ဘဲ၊ အကာအကွယ်မဲ့ အမျိုးသမီးများအတွက် အရေးကြုံလျင် အကာအကွယ်တစ်ခုဖြစ် ရန်သာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း အင်းစိန် ရွာမပရိယတ္တိစာသင်တိုက် ကျောင်းတိုက်ဆရာတော်က မိန့်ကြား သည်။

''အားလုံး ညီညီညွှတ်ညွှတ်နဲ့ ငြိမ်း ချမ်းရေးကို လိုချင်ပါတယ်။ ဘာသာရေး ပဋိပက္ခ စတင်မှုကနေ နောက်ဆုံး ဗုဒ္ဓဘာသာနှစ်ခြမ်းကွဲမယ့် အနေအ ထားဖြစ်လာတာ အရမ်းဝမ်းနည်းဖို့ ကောင်းပါတယ်'' ဟု နာရေးကူညီမှုအ သင်း အလုပ်အမှုဆောင် ဆရာမ သန်း မြင့်အောင် က ပြောသည်။

မျိုးစောင့်ဥပဒေနှင့် ပတ်သက်ပြီး ကန့်ကွက်သူနှင့် ထောက်ခံသူကြား အမျိုးဘာသာသာသနာကို စောင့် ရှောက်သူနှင့် မစောင့်ရှောက်သူအဖြစ် အမြင်သဘောထားများဖြစ်ပေါ်လျက် ရှိပြီး ယင်းသို့မဟုတ်ဘဲ မြန်မာနိုင်ငံအ တွင်းရှိ ဗုဒ္ဓဘာသာဝင်အားလုံးငြိမ်းငြိမ်း ချမ်းချမ်း ညီညီညွတ်ညွတ် ရှိစေချင် ကြောင်း ၄င်းကထပ်လောင်းပြောကြား သည်။

''ပဋိပက္ခအသွင်ဆောင်နေတာကို ကျွန်မ မကြည့်နိုင်ပါဘူး ။ ဆွေးနွေးငြင်း ခုံခြင်းဖြင့် အဖြေမှန်ထွက်သွား စေချင် ပါ တယ်''ဟု ဆရာမသန်းမြင့်အောင်က ဆိုသည်။

အငြင်းပွားဖွယ်ဖြစ်လျက်ရှိသော မျိုးစောင့်ဥပဒေနှင့်ပတ်သက်ပြီး ကျွမ်း ကျင်ဥပဒေပညာရှင်၊ အတတ် ပညာရှင်များ၊ အမျိုးသမီးများ၊ အမျိုးသမီးအခွင့်အရေးကာကွယ်စောင့်ရှောက်သူများ၊ နိုင်ငံရေးအင်အားစု များ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများပါဝင်သည့် အလုပ်ရုံ ဆွေးနွေးပွဲ များ ပြုလုပ်သွားရန်ရှိကြောင်း သိရသည်။

Credit : http://www.yeyintnge.com/2013/07/blog-post_9517.html#.Ud0wVKzhfHY

6 comments:

  1. ဗုဒ္ဓဘာသာနဲ့အစ္စလာမ်ဘာသာဟာ
    ဘယ်လိုပင် ကွဲပြားပစေ တူညီမှုတခုကိုတော့
    အံ့သြစွာ တွေ့ရှိရသည်။
    အဲဒါကတော့ အမျိုးသမီးများ အခွင့်အရေးကို
    ထိန်းချူပ်ခြင်းပင်ဖြစ်တော့သည်။
    အစ္စလာမ်တွင် အမျိုးသမီးများအတွက် နေထိုင်သွားလာ
    ဝတ်စားဆင်ယဉ်မှုမှအစ စည်းကမ်းသတ်မှတ်
    ချူပ်ချယ်ကြသည်။ အဆင့်နှိမ့်၍ ဆက်ဆံကြသည်။
    ဗုဒ္ဓဘာသာတွင်လည်း ထိုနည်း၎င်း သတ်မှတ်ထား
    ကြသည်။ ဘုရားပေါ်တွင် အမျိုးသမီး မတက်ရသော
    နေရာရှိသည်။ မိန်းမ မှ ဘုရားမပွင့်နိုင်။
    မိန်းမဖျက်လျှင် ပြည်ပျက်သည်။
    ထမိန်နှင့်ထိသည်ကိုပင်လျှင် ဘုန်းနိမ့်သည်
    ဟုသတ်မှတ်ကာ ထမိန်ပါသော အထုပ်ဆိုလျှင်
    မဆွဲချင်ကြ။ ထမိန်အောက်မှ မွေးဖွားလာသူများက
    ထမိန်ခေါင်းပေါ် အကျော်မခံကြတော့ပေ။
    ခုလဲကြည့်....အမျိုးဘာသာစောင့်ထိန်းရန်
    မျိုးစောင့်ဥပဒေဆိုလို့ ဘာများလဲလို့
    အမျိုးသမီး လင်ယူမှု ထိန်းချူပ်ရေး ဥပဒေ ဖြစ်နေသည်
    ဆိုလိုသည်က မိန်းမများကြောင့် အမျိုးဘာသာ
    ပျောက်နိုင်သည်ဟု စွပ်စွဲ လိုက်ခြင်းပင်ဖြစ်သည်။
    လူတိုင်းတွင် တာဝန်ရှိသည်ကို အမျိုးသမီးများဖက်
    ပုံချလိုက်ခြင်းပါ။ ယောက်ကျားတွေမှာရော
    ဘာလို့ တာဝန်မရှိတာလဲ။
    ထို့ကြောင့် ဤဘာသာနှစ်ခုတွင် မဟာယောက်ကျား
    ဝါဒ လက်ကိုင်ထားမှုမှာ တူညီနေပေသည်။

    ReplyDelete
  2. မြေမျိုလို့လူမျိုးမပျောက်ဘူး လူ လူချင်းမျိုမှလူမျိုးပျောက်မှာပါ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတယောက်အနေနဲ့ မျိုးစောင့်ဥပဒေကို ထောက်ခံပါတယ်

    ReplyDelete
  3. မြေမျိုလို့လူမျိုးမပျောက်ဘူး လူ လူချင်းမျိုမှလူမျိုးပျောက်မှာပါ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတယောက်အနေနဲ့ မျိုးစောင့်ဥပဒေကို ထောက်ခံပါတယ်

    ReplyDelete
  4. မင်းစွတ်စွဲးသလို ဒို့ဗုဒ္ဓက တစ်ခုမှမပြစ်ညက်ခဲဘူး မင်းပြေားတာတွေကမိရိုးဖလာအယူတွေကွ လူတက်ကြီလုပ်မ နေနဲ ငါစကားနွားရပြေားနေတဲ့ကောင်

    ReplyDelete
    Replies
    1. မူ ကတော့ရှိပြီးသားလေ။
      ခက်တာက ဒီ မူတွေကို ကိုင်စွဲပြီးသွားတဲ့
      သူတွေ။ ဒီလိုသွားနေရင်းနဲ့ သူ့ အာဘော်
      လေးတွေ ဖြည့်ဖြည့်သွားတာကို ကျန်တဲ့
      လူတွေကလဲ လိုက်နာကြတော့
      မူလ မူ ဟာ သူ့ရဲ့ မူ ဖြစ်မှန်းမသိ
      ဖြစ်သွားခဲ့ရပြီ။
      လူတွေဟာ ကြိုးစားပြီး မစဉ်းစားချင်ကြတော့
      ပြောသမျှ ယုံပြီး လုပ်သမျှ မှန်နေကြတော့
      တာပေါ့။

      Delete
    2. အံ့သြစရာ ​ကောင်းပါတယ်​။ငြိမ်းချမ်း​သော ဘာသာ တရား ကို ပူ​လောင်​​အောင်​ လုပ်​​နေ ကြတာ​လေ။

      Delete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။