/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, July 10, 2013

.

မိတ္ထီလာ အကြမ်းဖက်မှုတွင် ပြစ်မှုကျူးလွန်ခဲ့သူ ဗုဒ္ဓဘာသာဝင် လေးဦးအား ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ကျန်အမှုများကို ဆက်လက်စစ်ဆေး အရေးယူလျက်ရှိ

မိတ္ထီလာမြို့တွင် မတ် ၂၀ ရက်က စတင်ဖြစ်ပွားသော သုံးရက်ကြာ အကြမ်းဖက်မှုများအတွင်း လုယက်မှု၊ လူသတ်မှု၊ သူတစ်ပါး အကျိုးဖျက်ဆီးမှု၊ ဘာသာရေး အဆောက်အအုံ ဖျက်ဆီးမှု၊ သာသနာ ညှိုးနွမ်းစေမှု၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု၊ မီးရှို့မှု စသည့်ပြစ်မှုများ ကျူးလွန်ခဲ့သည်ဟု ယူဆရသူ ၁၂၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေပြီး တရားစွဲဆို တင်ပို့လျက်ရှိရာ ဇူလိုင်လဆန်းပိုင်း အထိ ပြစ်မှု ကျူးလွန်သူ ဗုဒ္ဓဘာသာဝင် လေးဦးအား ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ကြောင်း သိရသည်။


မတ် ၂၂ ရက်က နန်းတော်ကုန်းရပ်ကွက် ချမ်းအေးသာယာ နယ်မြေအတွင်းရှိ အစ္စလာမ်ဘာသာရေး အဆောက်အအုံ တစ်ခုအား ဖျက်ဆီးခဲ့သူ အေးမင်းစိုး (ဗုဒ္ဓဘာသာဝင်) အသက်(၃၄ နှစ်)အား ပြစ်မှုပုဒ်မ ၂၉၅ အရ ထောင်ဒဏ်နှစ်နှစ် ကျခံစေရန် ဇူလိုင် ၈ ရက်က အမိန့်ချမှတ်ခဲ့ပြီး ပါဝင်ပတ်သက်သူ ရန်နိုင် (ဗုဒ္ဓဘာသာဝင်) အသက်(၂၇နှစ်)အား တရားခံပြေးအဖြစ် ကြေညာထားပြီး ဖမ်းဆီးရမိရန် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

မတ် ၂၁ ရက်က အုတ်ကျင်းကျေးရွာအနီးတွင် ဦးတင်အောင်အား သတ်ဖြတ်မှုဖြင့် အောင်အောင် (ခ)အောင်ဆန်းဦး (ဗုဒ္ဓဘာသာဝင်) တစ်ဦးအား ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂(၂)/၃၄ အရ ထောင်ဒဏ် ခုနစ်နှစ် ကျခံစေရန် ဇူလိုင် ၅ ရက်တွင် အမိန့် ချမှတ်ခဲ့ပြီး ပါဝင်ပတ်သက်သူ ဘဂျမ်း (ဗုဒ္ဓဘာသာဝင်)(ဘ)ဦးဝင်းဦး၊ သော်သော် (ဘ) အေးလွင် (ဗုဒ္ဓဘာသာဝင်)၊ ဆန်းဝင်း (ဗုဒ္ဓဘာသာဝင်)(ဘ) ဦးသန်းမောင်တို့အား တရားခံပြေး အဖြစ် ကြေညာ ထားကာ ဖမ်းဆီးရမိရန် စုံစမ်းဆောင်ရွက် လျက် ရှိကြောင်း သိရသည်။ 

မတ် ၂၃ ရက်က နန်းတော်ကုန်း ရပ်ကွက် သံလမ်းကူးအနီးတွင် လူလေးဦး မီးလောင်ကျွမ်း ဒဏ်ရာဖြင့် သေဆုံးမှုအတွက် တာတာစိုး (ဗုဒ္ဓဘာသာဝင်) အသက် (၂၄ နှစ်)၊ (ဘ)ဦးမြင့်စိုးအား ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၂ (၂)/၁၁၄ အရ ထောင်ဒဏ်ခုနစ်နှစ် ကျခံစေရန် ဇွန် ၂၈ ရက်က အမိန့်ချမှတ်ခဲ့ပြီး ပါဝင်ပတ်သက်သူ အငယ်ကောင် (ခ)စိုးမင်းသူ (ဗုဒ္ဓဘာသာဝင်) အား တရားခံပြေးအဖြစ် ကြေညာခဲ့သည်။

အစ္စလာမ်ဘာသာဝင်နှင့် ဗုဒ္ဓဘာသာဝင်တို့ကြား စိတ်ဝမ်းကွဲအောင် ပြောဆိုမှုဖြင့် ဧပြီလကုန်က တရားစွဲဆိုခဲ့သူ ကျော်ကျော် (ဗုဒ္ဓဘာသာဝင်) အသက် (၄၇ နှစ်) (ဘ) ဦးလှသောင်းအား ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၉၅ (က) အရ အလုပ်နှင့် ထောင်ဒဏ်နှစ်နှစ် ကျခံစေရန် ဇွန် ၂၄ ရက်က အမိန့်ချမှတ်ခဲ့ပြီး ယင်းမှာ သတင်းထောက်တစ်ဦး မဟုတ်ကြောင်းလည်း သိရသည်။

From...EMG

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။