/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, July 10, 2013

.

နေပြည်တော် ပျဉ်းမနားခုတင်(၂၀၀)ပြည်သူ့ဆေးရုံ ၀န်ထမ်းနေအခန်းများ မီးလောင်မှုဖြစ်ပွား



နေပြည်တော်ကောင်စီနယ် မြေ ပျဉ်မနားခုတင်(၂၀၀)ပြည် သူ့ဆေးရုံ အတွင်းရှိဝန်ထမ်းအိမ် ခန်းများတွင် ဇူလိုင်(၅)ရက်နေ့ နံနက်၃နာရီ၂၀မိနစ်ခန့်တွင် မီး လောင်ကျွမ်းမှုဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။အဆိုပါမီးလောင်မှု ဖြစ်စဉ်တွင် ၀န်ထမ်းများနေထိုင်သော အခန်း(၃)ခန်းမီးလောင် ကျွမ်းခဲ့ ကြောင်းနှင့် မီးလောင် ကျွမ်းမှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ် တစ်သိန်း ခန့်ရှိကြောင်း သက် ဆိုင်ရာက သတ်မှတ်ထားပြီး ဟောင်းနွမ်းနေသော ၀ိုင်ယာကြိုး ရှော့(ခ်)ဖြစ်ပြီးလောင်ကျွမ်း ခြင်းဖြစ်ကြောင်း၊ မီးလောင်စဉ် ပျဉ်းမနားခုတင်(၂၀၀)ဆေးရုံမှ ဓာတ်ခွဲကျွမ်းကျင်ဝန်ထမ်းများ ဖြစ်သော ဒေါ်ရီလေးခိုင်နှင့် ဒေါ် ဝေေ၀သွင်တို့မှာ တာဝန်နှင့်ခရီး သွားနေကြောင်း၊ ဆေးရုံ အလုပ်သမား ၀န်ထမ်းဒေါ်ဌေးအခန်း သာလျှင်လူရှိကြောင်း သိရ သည်။ တာဝန်ရှိသူများအချိန်မီ ရောက်ရှိ လာပြီး မြို့နယ် မီးသတ်ဦးစီး ဌာန၏ ကြိုးပမ်းဆောင်ရွက်မှု ကြောင့် ၃နာရီ ၃၅မိနစ်ခန့်တွင် မီး ငြိမ်းသတ်နိုင် သော်လည်း ၀န်ထမ်း (၃)ဦး၏အခန်းများ မီးလောင် ပျက်စီးဆုံးရှုံးသွားသောကြောင့် မီးလောင်မှုဖြစ်စဉ်ကို သက်ဆိုင်ရာက စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Credit : http://www.hotnewsweekly.com/archives/23192

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။