/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, July 4, 2013

.

အင်းလျားကန်ပေါင်ပေါ်ရှိ အမှိုက်ပုံးများနှင့် အမှိုက်ပုံးတင် စင်များအား ဖျက်ဆီးခဲ့သူ လူငယ်နှစ်ဦးအား လှိုင်မြို့နယ် ရဲစခန်းတွင် အမှုဖွင့်



ဇူလိုင် ၂ ရက် ည ၁၁ နာရီ ၄၅ မိနစ်အချိန် အင်းလျား ကန်ပေါင်(ပြည်လမ်း)ပေါ်ရှိ အမှိုက်ပုံး များနှင့် အမှိုက်ပုံး တင်စင်များအား ဖျက်ဆီးခဲ့သူ လူငယ်နှစ်ဦးအား လှိုင်မြို့နယ် ရဲစခန်းတွင် အမှုဖွင့် ထားကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ သိရသည်။


လှိုင်မြို့နယ် ၇ ရက်ကွက်နှင့် ၈ ရပ်ကွက်တို့တွင် နေထိုင်သူ အသက် ၂၄ နှစ်အရွယ်ရှိ လူငယ် နှစ်ဦးမှာ အင်းလျားကန်ပေါင်ပေါ်ရှိအမှိုက်ပုံးကြီးတစ်ပုံး၊ အမှိုက်ပုံးလတ်ခြောက်ပုံး၊ အမှိုက်ပုံးတင် သံစင်သုံးစင်အား တစ်ခုပြီးတစ်ခု အကြောင်းမဲ့ ဖျက်ဆီးခဲ့ကြောင်း၊ ကန်ပေါင်လုံခြုံရေး၊ ၀န်ထမ်းများနှင့် ကန်ပေါင်ပေါ်ရှိ ဆိုင်အလုပ်သမားများနှင့် အများပြည်သူ အချို့မှ ၀ိုင်းဝန်းဖမ်းဆီး ခဲ့သဖြင့် ၎င်းတို့နှစ်ဦးအား ဖမ်းမိခဲ့ပြီး ညတွင်းချင်း လှိုင်မြို့နယ် ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်းနှင့် ၎င်းတို့နှစ်ဦးအား ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု ပုဒ်မဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာန) မှ အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဖျက်ဆီးခဲ့တဲ့ သူနှစ်ဦးကို ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုပုဒ်မနဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။ အဲဒီပုဒ်မက အာမခံ မပေးပါဘူး။ ဒီလိုအများပြည်သူ အပန်းဖြေတဲ့ နေရာတွေမှာ စိုက်ပျိုးပေးထားတဲ့ အပင်တွေ၊ ပစ္စည်းတွေ၊ အမှိုက်ပုံးတွေကို စည်ပင်သာယာ တစ်ခုတည်းကပဲ ထိန်းသိမ်းလို့ မရပါဘူး။ ဒါတွေက ပြည်သူ့ဘဏ္ဍာငွေနဲ့ ၀ယ်ပေးထားတာ ဖြစ်ပါတယ်။ အများပြည်သူကလည်း အားလုံးဝိုင်းဝန်း ထိန်းသိမ်း ပေးဖို့ လိုပါတယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစား ကွင်းများ ဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အင်းလျားကန်ပေါင်တွင် ယခင်ကလည်း အလားတူ ဖျက်ဆီးမှုမျိုးများ ရှိခဲ့aကြာင်း၊ သို့သော် ဖျက်ဆီးမှုများ အား မသိခဲ့ကြောင်း သိရသည်။

အင်းလျားကန်ဘောင်အား နေ့စဉ်နံနက် ၄ နာရီမှ ည ၉ နာရီအထိသာ တက်ရောက်ခွင့် ပြုထားပြီး ည ၉ နာရီနောက်ပိုင်း ကန်ပေါင်ပေါ်မှ ဆင်းပေးရန် ၀န်ထမ်းများက ပြောသော်လည်း အပန်းဖြေသူများမှ ၀န်ထမ်းများကို ရန်ပြန်လုပ်မှုများပင် ရှိကြောင်း၊ ယခု အင်းလျားကန်ပေါင်ပေါ်တွင် အမှိုက်ပုံးများအား ဖျက်ဆီးခဲ့သည့် အချိန်မှာလည်း တက်ရောက်ခွင့် ပိတ်သည့်အချိန် ဖြစ်နေကြောင်း သိရသည်။

eleven media group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။