/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, July 15, 2013

.

ပေါက်ကွဲစေတတ်သည့်ဆက်စပ်ပစ္စည်းများ မီးရထားတွဲပေါ်တင်ဆောင်လာစဉ် ကောလင်းဘူတာ၌ ဖမ်းဆီးရမိ


0

မန္တလေး-မြစ်ကြီးနားရထား တွဲများတွင် မီးရထားခရီးသည် များ အသက်ဘေးအန္တရာယ် ဖြစ်စေသောပေါက်ကွဲစေ တတ်သည့် ဆက်စပ်ပစ္စည်းများကို ၀န်းသိုဘူတာ၊ နမ်းခမ်း ဘူတာ မှတစ်ဆင့်ဝန်းသို၊ ဗန်းမောက်၊ပင် လည်ဘူး ရွှေလုပ် ကွက်များသို့ သယ်ဆောင် အသုံးပြုနေကြောင်း သတင်းများ ထွက်ပေါ်နေသည့် အတွက်၊ ပေါက်ကွဲစေတတ်သည့် ပစ္စည်း များ ရထားအလုံပိတ်ပါဆယ်တွဲ၊ ဂါတ်တွဲမတင်မိစေရန် သက်ဆိုင်ရာ ဌာနအသီးသီးက နေ့စဉ်နှင့်အမျှ စစ်ဆေး ကြပ်မတ်ရန် လိုအပ်သည်ဟု သိရသည်။


ထိုသို့ သတင်းများအရ အမှတ်(၂)တပ်ခွဲ၊ မီးရထားရဲစ ခန်း (ကောလင်း)မှ နယ်ထိန်း အဖွဲ့ဝင်များဖြစ်သော ရဲဒုတပ် ကြပ် စိုးနိုင်၊ ရဲတပ်သား သန်း ထိုက်ထွေး၊ ရဲတပ်သား သဲကိုကို အောင်၊ ရဲတပ်သားခင်မောင်နိုင်၊ ရဲတပ်သား စိုးနိုင်တို့သည်သတင်း အရ မန္တလေးဘူတာမှ အမှတ် (၄၇)အဆန်၊ မန္တလေး-ဘူတာ ရထားဂါတ်တွဲကို ဇူလိုင်(၇)ရက် နေ့ မွန်းလွဲ(၁)နာရီခန့်က အသိ သက်သေများနှင့်အတူ စစ်ဆေး ခဲ့ကြ သည်ဟု သတင်းရရှိသည်။

အဆိုပါနယ်ထိန်းအဖွဲ့သည် သတင်းအရ မီးရထားဂါတ်တွဲ တွင် ရှာဖွေပုံစံဖြင့် စစ်ဆေးတွေ့ရှိ ချက်အရ(Coconut Shell Charconal) စာတန်းပါ 25K လေးချိန်ရှိ အိတ်အတွင်း ဓာတု ပစ္စည်းဟုယူဆရသောကာဗွန်အမည်း ရောင်အတုံးကလေးများ ထည့် ထားသည့် အိတ်(၂၅)လုံးEDIT EKAHIDRATစာတန်းနှင့်ဓာတု ဗေဒအမည်(NaB4O210H2O) စာတန်း ပါ ၂၅ုအလေးချိန်ရှိ အိတ်အတွင်း ဓာတုပစ္စည်းဟုယူဆရသောအဖြူရောင်အမှုန်နှင့်အခဲ များထည့်ထားသည့် အိတ်(၂) အိတ်၊ လက်ဆွဲကိုင်းပါ ပလတ်စ တစ်ပုံး၊အမည်းရောင်(၅)ဂါလံခန့်ဝင် အတွင်း အက်စစ်ဟုယူဆရသော ဓာတုဗေဒပစ္စည်းများ ထည့်ထား သည့် ပုံး(၅)ပုံးတို့ကိုစစ်ဆေးတွေ့ ရှိရပြီး မီးရထား အမှတ်(၂)ရဲစ ခန်း၌ သိမ်းဆည်းခဲ့သည်။

အဆိုပါအဖွဲ့၏ စုံစမ်းစစ် ဆေးချက်အရ အမှတ်(၄၇) အဆန်ရထားတွဲတွင် တင်ဆောင် လာသော ပစ္စည်းများကို ရွှေကြက်ယက်ဘူတာရုံပိုင်ကြီး ဦးစံဌေးက တန်ဆာပြုလုပ်ပြီး ရထားထိန်း ဦးသိန်းလွင်က သယ်ဆောင်လာကြောင်း သိရှိရပြီး အဆိုပါပစ္စည်းများကို နယ်ထိန်းအဖွဲ့က အချိန်ယူစစ်ဆေးကြပြီး အမှတ် (၂)တပ် ခွဲ မီးရထားရဲစခန်း(ပ)၁/၂၀၁၃၊ မီးရထားအက်ဥပဒေပုဒ်မ ၁၀၇/ ၁၂၉အရ အမှုဖွင့်ပြီး သက်သေခံ နမူနာပစ္စည်းများကို မန္တလေးမြို့၊ ဓာတုဗေဒစစ်ဆေးရေးဌာနခွဲသို့ အမှတ်(၂)တပ်ခွဲ၊ မီးရထားရဲစ ခန်း၊ ကောလင်းမှ ရဲအုပ် သန့်ဇော် ကပေးပို့ပြီး စုံစမ်းစစ်ဆေးလျှက်ရှိ ကြောင်း သတင်းရရှိသည်။

Credit : http://www.hotnewsweekly.com/archives/23437

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။