/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, July 15, 2013

.

ယခင် ပုံစံ (၁၉) ရုံး ယခုအခွန်ကောက်ခံမှု စံနှုန်းစီစစ်ကြပ်မတ်ရေးဘုတ်အဖွဲ့ရုံး အတွက် တရားရင်ဆိုင်နေကြ


0

ယခင်ပြည်ပထွက်ခွာခွင့် စီစစ်ရေးရုံး (ပုံစံ ၁၉) ရုံး ယခု ပြည်တွင်း အခွန်များဦးစီးဌာန တိုင်းအခွန်ဦးစီးဌာနမှူးရုံးနှင့် အခွန် ကောက်ခံမှု စံနှုန်းစီစစ်ကြပ်မတ်ရေးဘုတ်အဖွဲ့ ရုံးအား မူလပိုင်ရှင်ဖြစ်သူက မိမိတို့ပိုင် အဆောက်အဦး ပြန်လည်ရ ရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး တရား လွှတ်တော်ရုံးတွင် အမှုအမှတ်၂၁/၂၀၁၃ ဖြင့် တရားစွဲဆို ထားကြောင်း မူလပိုင်ရှင်မိသားစုဝင်များထံမှသိရှိရသည်။


ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း အလယ်ဘလောက်ရှိ တိုင်း အခွန်ဦးစီးဌာန မှူးရုံးနှင့် အခွန်ကောက်ခံမှု စံနှုန်းစီစစ်ကြပ်မတ်ရေးဘုတ်အဖွဲ့ရုံး နေရာနှင့် အဆောက်အဦးတို့သည် ယခင်က မြန်မာအမျိုးသားပိုင် စိန်ဘရားသားကုန်တိုက်ပိုင်နေရာဖြစ်ပြီး ပြည်သူပိုင်သိမ်းဆည်းခြင်း ခံခဲ့ရပါသည်။

ထို့နောက်ပုံစံ(၃) ဖြင့် ပြန်လည်ရရှိခဲ့ပြီး မြန်မာ့အာမခံ လုပ်ငန်းသို့ ရုံးအဖြစ် ပြန်လည်ဆက်လက် ငှားရန်းခဲ့ပြီး မြန်မာ့အာမခံလုပ်ငန်းမှ စားချုပ်စာတမ်းဖြင့် ပြန်လည်ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။ 

ယခုအခါတွင် ရန်ကုန်တိုင်းဒေသကြီးပြည်တွင်းအခွန်ဦးစီးဌာန ဦးစီးမှူးရုံးအဖြစ်လည်းကောင်း အခွန် ကောက်ခံမှု စံနှုန်းစီစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့ရုံးဖြင့် လည်းကောင်း ဖွင့်လှစ်ထားပြီးမူလပိုင်ရှင်မှ မိမိတို့ အဆောက်အဦးပြန်လည်ရရှိရေးအတွက်တရားဥပဒေအရ ရင်ဆိုင်ဖြေရှင်းလျက်ရှိကြောင်း သိရှိရပါသည်။

Credit : http://www.hotnewsweekly.com/archives/23460

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။