/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, July 15, 2013

.

ဦးသိန်းစိန်ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့အား တွေ့ဆုံ



ရန်ကုန် ဇူလိုင် ၁၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့မှ နာယက၊ ဥက္ကဋ္ဌနှင့် အမှုဆောင် အဖွဲ့ဝင်များအား ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန် မြို့ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ ၌ တွေ့ဆုံသည်။


ထိုသို့တွေ့ဆုံရာတွင် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးတင်နိုင်သိန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် နိုင်ငံသားများနှင့် မူလအခွင့်အရေး၊ ဒီမိုကရေစီ အရေးနှင့် လူ့အခွင့် အရေးဆိုင်ရာ ကော်မတီဥက္ကဌ ဦးဌေးဦး၊ ဘာသာပေါင်းစုံ ညီညွှတ်ရေး အဖွဲ့မှ နာယက၊ ဥက္ကဌနှင့် အမှုဆောင်အဖွဲ့ဝင်များ တက်ရောက် ကြသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အမှာစကားပြောကြားရာတွင် ယခုအခါ မြန်မာနိုင်ငံအနေဖြင့် State Building, Nation Buildingနှင့် Peace Building တို့ အပြီးတည်ဆောက်နေချိန်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်သည့် လူ့အဖွဲ့ အစည်းဖြစ်ရန် နိုင်ငံသားအားလုံး၊ တိုင်းရင်း သားမျိုးနွယ်စုအားလုံး၊ လူမျိုး ဘာသာ မရွေးအားလုံး လက်ခံကျင့်သုံးသည့် အမျိုးသားကြန်အင်လက္ခဏာ သစ် တစ်ရပ် New National Identity ကို တည်ဆောက်ရန် ကြိုပမ်းနေရချိန်လည်းဖြစ်ပါကြောင်း၊ သို့မှသာ လူမျိုးမရွေး၊ ဘာသာမရွေး တိုင်းရင်းသားအားလုံး၊နိုင်ငံသား အားလုံးအကြား တွင် သွေးစည်းညီညွှတ်မှု၊ ယုံကြည်မှု၊ ချစ်ခင် ရင်းနှီးမှုနှင့် နိုင်ငံချစ်စိတ်များ ရှိလာနိုင်မည် ဖြစ်ပါကြောင်း၊ အချို့သောဘာသာရေး ပဋိပက္ခနှင့် နားလည်မှု လွဲမှားခြင်းများသည် ကိုလိုနီခေတ်ကတည်းက စတင် ရှိခဲ့ခြင်း ဖြစ်ပါကြောင်း၊ သို့သော်လည်း လူမျိုးဘာသာ ဓလေ့စရိုက်မတူဘဲ ပြည်သူများအကြား နားလည် သည်းခံမှုများနှင့် သဟဇာတဖြစ်အောင် သမိုင်းနှင့် ချီပြီး နေလာခဲ့ကြခြင်းဖြစ်ပါကြောင်း။

မကြာခဏဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် မတူညီသည့် လူအုပ်စုနှစ်ခုအကြား အစွန်းရောက်သူများ၏ အကြမ်းဖက်မှုများကို အပြန်အလှန် အကာအကွယ်ပေးမှုများ ရှိခဲ့ပါကြောင်း၊ အကြမ်းဖက်ခံရသည့် မိသားစုများကိုလည်း နားလည်စာနာပြီး အကူအညီပေး မှုများရှိပါကြောင်း၊ ပဋိပက္ခဖြစ်ပွားမှုများ၏ အခြေခံ အကြောင်းအရင်း များထဲတွင် ပညာရေးနိမ့်ပါးမှု၊ စီးပွားရေး အဆင်မပြေမှုများ ပါဝင်ပါကြောင်း၊ ထို့ကြောင့်လည်း ယင်းပြဿနာများကို ဖြေရှင်းနိုင်ရန်လူမှုရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ယနေ့ ကြိုးပမ်းဆောင်ရွက် နေခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီရှင်သန်ရန် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်နှင့် လွတ်လပ် စွာ ပြောဆိုခွင့် များကို အကာအကွယ်ပေးရမည်ဖြစ်ပါကြောင်း။

လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ယုံကြည်ခွင့်ရှိရန် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ယုံကြည် လေးစားမှုများနှင့် နားလည် စာနာသည်းခံမှုများ ထားကြရမည်ဖြစ်ပါကြောင်း၊ သို့မှသာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မှာဖြစ်ပါကြောင်း၊ မိမိတို့၏ မြန်မာ လူ့အဖွဲ့အစည်းသည် ထိုမှသာ လူမျိုးဘာသာ ကိုးကွယ် ယုံကြည်မှု ဓလေ့ပေါင်းစုံနှင့် စုဖွဲ့ထားသည့် လူ့အဖွဲ့အစည်းတစ်ရပ် အဖြစ်ဂုဏ်ယူ နိုင်ကြမှာဖြစ် ပါကြောင်း၊ မိမိအနေဖြင့် နိုင်ငံသားအားလုံး မတူညီသည့် ကိုးကိုယ်ယုံကြည်မှုကို အချင်းချင်းနားလည် စာနာကြရန်နှင့် ဘာသာရေး အစွန်းရောက်သည့် ရန်လို မုန်းတီးမှုများကို ဆန့်ကျင်တိုက်ဖျက်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ ဘာသာရေးကို နိုင်ငံရေးလက်နက်တစ်ခုအဖြစ်အသုံးချပြီး ပဋိပက္ခများကို ပိုကြီးထွားအောင်၊ မတည်မငြိမ်ဖြစ်အောင်၊ ကိုယ်ကျိုး စီးပွားနှင့် ယှဉ်ပြီးအမြတ်ထုတ် လုပ်ဆောင် နေသူများကို အားလုံးက ဝိုင်းဝန်းဆန့်ကျင်ကြရန်နှင့် တရားဥပဒေ အရလည်း ထိရောက်စွာ အရေးယူ သွားရန် လိုအပ်နေပြီ ဖြစ်ပါကြောင်း၊ ပဋိပက္ခများအကြား အကြမ်းဖက်ခံ ရသည့် ဒုက္ခသည်များကို လူမျိုး ဘာသာ မခွဲခြားဘဲ အကူအညီ ပေးမှုများနှင့် နားကြည်းနေသည့် စိတ်ဒဏ်ရာများကို ပြန်လည်ကုစားပေးမှုများ ပြုလုပ်သွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရ အနေဖြင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ကူညီဆောင် ရွက်ပေးနေသည်ကို နားလည်စာနာပြီး ဒေသခံများအနေဖြင့်ဝိုင်းဝန်းကူညီပေးကြရန် တိုက်တွန်းလို ပါကြောင်း။

ယင်း ပြဿနာများသည် မိမိတို့ပြည်တွင်းတွင်သာ ပြီးမသွားဘဲ ယနေ့ ဒေသတွင်း ပြဿနာဖြစ်အောင်၊ နိုင်ငံတကာ ပြဿနာဖြစ်အောင် ပုံဖော်ကြိုးပမ်းနေကြသည့်အတွက် ကုလသမဂ္ဂအဖွဲ့အစည်းသည်ပင်လျှင် မိမိတို့အပေါ် ပြစ်တင်ဝေဖန်မှုများ ရှိလာနေပြီ ဖြစ်ပါကြောင်း၊ လူတစ်စု၏ မဆင်မခြင် လုပ်ရပ်များကြောင့် မိမိတို့တိုင်းပြည်အတွင်း နေထိုင်ကြသည့် ပြည်သူအားလုံးအပေါ် ကျရောက်လာနိုင်သည့် ဘေးအန္တရာယ် များကို ကြိုတင်မျှော်တွေးပြီး အလားတူ ဆူပူအကြမ်းဖက်မှုများ ထပ်မံမဖြစ်ပွားစေရန်၊ တိုင်းပြည်၏ ဂုဏ်သိက္ခာ မကျဆင်းစေရန်နှင့် ပြည်သူများ အပေါ် ဘေးအန္တရာယ် မကျရောက်စေရန် အတွက် ရဟန်း ရှင်လူ ပြည်သူအပေါင်းနှင့် ဖွဲ့စည်းထားပြီးဖြစ်သည့် ဘာသာပေါင်းစုံအဖွဲ့ကြီး အနေဖြင့် တက်တက်ကြွကြွ ဝိုင်းဝန်းကာကွယ် ထိန်းသိမ်းစောင့်ရှောက်ပေးကြရန် မိမိအနေဖြင့် မေတ္တာရပ်ခံ အပ်ပါကြောင်း။

ယနေ့မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အသိအမှတ်ပြုထားသည့် ဘာသာကြီး လေးဘာသာ အနက် မည်သည့် ဘာသာမဆို အနှစ်သာရအားဖြင့် လူသားများကို လိမ္မာအောင်၊ ယဉ်ကျေးအောင်၊ သည်းခံခွင့်လွှတ်တက်အောင်၊ မေတ္တာတရား ထားတတ်အောင်နှင့် အမှန်အမှား ဝေဖန်ပိုင်းခြား တတ်အောင် လေ့ကျင့်သင်ကြား ပေးခြင်းဖြစ်သည့်အတွက် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအနေဖြင့် လွတ်လပ် စွာ ယုံကြည် ကိုးကွယ်ခွင့်ကို နားလည်လက်ခံကြရ မည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ နာယက အစ္စလာမ် ဘာသာဝင် အငြိမ်းစား သံအမတ်ကြီး ဦးလှမောင်၊ ဥက္ကဋ္ဌ ဗုဒ္ဓဘာသာဝင် အငြိမ်းစားသံအမတ်ကြီး ဦးစိန်ဝင်းအောင်၊ ဒုတိယဥက္ကဋ္ဌ အစ္စလာမ်ဘာသာဝင် ဦးညွန့်မောင်သျှိန်၊ အတွင်းရေးမှူး ခရစ်ယာန် ဘာသာဝင် ဦးသာဉာဏ်နှင့် အလုပ်မှုဆောင်အဖွဲ့ဝင်များက ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့၏ လက်ရှိဆောင်ရွက်နေမှုများ၊ ဆက်လက် ဆောင်ရွက် သွားမည့် အစီအစဉ်များ၊ ရှေ့ဆက်လက် ဆောင်ရွက် သွားသင့်သည့် အကြံပြုချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တို့က ဖြည့်စွက် ဆွေးနွေး အကြံပြုကြသည်။

Credit : ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတရုံး

3 comments:

  1. ကဲ...ဦးဝီရသူ
    နိုင်ငံရေးလက်နက်အဖြစ် အသုံးချနေသည်တဲ့။
    are you one of those.?
    ပြီးတော့ အဓိကရုဏ်းတွေ ဖြစ်ကြတော့ ပါဝင်
    ပတ်သက်တဲ့ သူတွေထဲမှာ စားဝတ်နေရေး
    ကျပ်တည်းတဲ့သူတွေ အသိဥဏ် နိမ့်ပါးတဲ့သူတွေ
    ပါတယ်တဲ့။
    ဒီတော့ စားဝတ်နေရေးကျပ်တည်းတာ
    ဆူပူဖျက်စီး လုယက်တဲ့နည်းနဲ့ဖြေရှင်းကြတဲ့
    အချောင်သမားတွေနဲ့ အတွေးအခေါ်နိမ့်ပါးတဲ့
    သူတွေဟာ ဦးဝီရသူရဲ့ လှုပ်ရှားမှုတွေနောက်မှာ
    အဆင်သင့် ရှိနေတာကိုရော ဂုဏ်ယူနေသလား။
    သမ္မတကြီး ပြောသွားတာဟာ
    ဦးဝီရသူ ဘာဆက်လုပ်ရမလဲဆိုတာကို
    ညွှန်ပြနေသလိုဘဲ။
    အဲဒီတော့တဖက်စွန်းအပြောတွေရပ်။ တဖက်နဲ့တဖက်
    အထင်လွဲစေမဲ့ စကားတွေရှောင်။ သူများခိုင်းလို့
    လုပ်တာဆိုလဲ မလုပ်နိုင်တော့ဘူးလို့ငြင်းလိုက်ပေါ့။
    သိက္ခာပြန်ဆည်တဲ့ အနေနဲ့ ဖုံးထားသမျှတွေ
    ဖွင့်ချလိုက်ပေါ့။
    အမေရိကန်က ဒီလိန်ဂျာ ဆိုတဲ့
    (ရထား ဒမြ)လူဆိုးကြီးဟာ အခုချိန်ထိ
    (TIME ထဲမှာမပါပေမဲ့) ကမ္ဘာကျော်တုံးဘဲ။

    ReplyDelete
  2. လက်ခုပ်ဆိုတာတစ်ဖက်ထည်းတီလို့မရဘူးကွ မင်းပြေားတဲ့တစ်ဖက်သက်စကားကိုရပ်ပါ

    ReplyDelete
  3. ဟဲ့မသာကောင်ဘုန်းကြီးကိုလာရန်စမနေနဲ့တို့ဘုန်းကြီးကအမှန်တရားပဲဟောတာ

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။