/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, July 15, 2013

.

ပခုက္ကူမြို့ပေါ်တွင် ပုံပြော ကဗျာရွတ် ကျပန်းစကားပြော စကားရည်လုပြိုင်ပွဲများ ကျင်းပ


0

ကျောင်းသား၊ ကျောင်းသူ များ၏ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်ကာ ပခုက္ကူမြို့နယ် ပညာရေး ဌာနက ကြီးမှူးကျင်းပသော မြို့နယ်အဆင့် (စကားရည်လု ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ် ဆို ပြိုင်ပွဲ) များကို ပခုက္ကူမြို့ပေါ် ကျောင်းများ၌ ဇူလိုင် ၁၃ ရက် နံနက် (၈)နာရီမှ (၁၂)နာရီအထိ ယှဉ်ပြိုင်ကျင်းပခဲ့ကြသည်။

စကားရည်လုပြိုင်ပွဲကို ပခုက္ကူမြို့၊ အထက (၂) ကျောင်း ခန်းမ၌ အထက်တန်းအဆင့်ပြိုင် ပွဲဝင် (၁၇) ဦးဖြင့်လည်းကောင်း၊ ကျပန်းစကားပြောပြိုင်ပွဲကိုပခုက္ကူ မြို့၊ အထက (၂) ကျောင်းခန်းမ၌ အလယ်တန်းအဆင့်ပြိုင်ပွဲဝင် (၃၁) ဦးဖြင့်လည်းကောင်း၊ ကဗျာ ရွတ်ဆိုပြိုင်ပွဲကို ပခုက္ကူမြို့၊ အလက (၃) ကျောင်းခန်းမ၌ မူလတန်းအဆင့်ပြိုင်ပွဲဝင် (၄၁) ဦးဖြင့် လည်းကောင်း အသီးသီး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အဆိုပါပြိုင်ပွဲများသို့ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ၀င်များ၊ အမှတ်ပေး အကဲဖြတ်ဒိုင်အဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင်ကျောင်း သားကျောင်းသူများ၊ မိဘပြည်သူ များတက်ရောက်အားပေးကြောင်း သိရသည်။

Credit : http://www.hotnewsweekly.com/archives/23423

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။